ဗီယက်နမ် စီးပွားရေးအဖွဲ့အစည်းများသည် လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် တတိယအကျော့ တရားဝင် ဆွေးနွေးညှိနှိုင်းမှုများမတိုင်မီ အမေရိကန် ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိ အမေရိကန် လယ်ယာထွက်ကုန်များကို တင်သွင်းမည့် သဘောတူညီချက် ၂၀ ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဇွန်လ ၂ ရက် နေ့မှ ၆ ရက် နေ့အထိ အိုင်အိုဝါ၊ အိုဟိုင်းယိုး၊ မေရီလန်းနှင့် ဝါရှင်တန်တို့တွင် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး Do Duc Duy ပါဝင်တက်ရောက်ခဲ့သည့် ဆွေးနွးမှုများတွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဗီယက်နမ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။
“ဒီသဘောတူညီချက်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးညီမျှမှုကို မြှင့်တင်ဖို့ရာအတွက် ဗီယက်နမ် စီးပွားရေးအသိုက်အဝန်းနဲ့ အစိုးရတို့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်နဲ့ စိတ်စေတနာကောင်းကို မီးမောင်ထိုးပြပြီး ဗီယက်နမ်ကုန်စည်တွေအပေါ် မြင့်မားတဲ့ အပြန်အလှန်အခွန်စည်းကြပ်မှုတွေကို ပြန်စဉ်စားပေးဖို့ရာ ထရမ့်ပ်အစိုးရအဖွဲ့ကို တိုက်တွန်းပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ကုန်သွယ်မှုကို အားကိုးအားထားပြုရသည့် ဗီယက်နမ်သည် ၎င်း၏ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သော အမေရိကနှင့် အခွန်စည်းကြပ်မှုဆိုင်ရာတွင် သံတမန်ရေးဖြင့် အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းလုပ်နေသည်မှာ ရက်သတ္တပတ်နှင့်ချီ၍ ကြာနေပြီဖြစ်သည်။ ဗီယက်နမ်အနေဖြင့် အမေရိက၏ အခွန်စည်းကြပ်မှု ၄၆ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ရှောင်လွှဲနိုင်ရေး ကိုကြိုးပမ်းနေပြီး လက်ရှိတွင် ညှိနှိုင်းမှုများလုပ်ရန် အချိန်ပေးသည့်အနေဖြင့် အခွန်ကောက်ခံမှု ၁၀ ရာခိုင်နှုန်းဖြင့် ရက် ၉၀ ဖြေလျှော့ဆိုင်းငံ့ပေးထားသည်။
Ref: ဘန်ကောက်ပို့စ်