Wednesday, July 9, 2025

မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်အမြင့် (၃)...

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း ရေလှောင်တမံမှာ ဇူလိုင် (၈) ရက်၊ ညနေ (၆) နာရီအချိန်၌ ရေပိုလွှဲမှရေကျော်အမြင့် (၃.၄၀) ပေအထိ...

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ...

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ...

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း...

MRF မှ ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ...

ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ အစီအစဥ်ကို စီးပွားရေးလုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြောသည်။ စီးပွားရေးနှင့်...
HomeNewsLocal Newsအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန်...

အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

မြန်မာနိုင်ငံ၏ဆိပ်ကမ်းလုပ်ငန်းများ၊ ရထားပို့ဆောင်ရေးလုပ်ငန်းများအပါအဝင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖိတ်ခေါ်ထားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဇွန် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် (28th St. Petersburg International Economic Forum – SPIEF-2025) သို့ တက်ရောက်စဉ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၏ မျှော်တွေးချက်သည် လက်ရှိကမ္ဘာ့ရေးရာအခြေအနေများနှင့် ညီညွတ်မှုရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဒေသတွင်းဆိပ်ကမ်းများသို့ ရေယာဉ်လွှဲပြောင်းပို့ဆောင်ခြင်း (Transshipment) ဖြင့် ရုရှားကုန်စည်များကို ဆက်လက်သယ်ယူပို့ဆောင်နိုင်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့မော်တော်ကား၊ မီးရထားများဖြင့်လည်း ပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်သွယ်မှုတိုးချဲ့ရန် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်တိုးချဲ့ဖော်ဆောင်မှုသည် ရင်းနှီးမြှုပ်နှံမှု၊ ခေတ်မီ နည်းပညာနှင့် ဆန်းသစ်သောထောက်ပံ့ပို့ဆောင်ရေးစနစ်များလိုအပ်သဖြင့် မြန်မာနိုင်ငံ၏ဆိပ်ကမ်းလုပ်ငန်းများ၊ ရထားပို့ဆောင်ရေးလုပ်ငန်းများအပါအဝင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဆွေးနွေးခဲ့သည်။

၎င်းတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maksim Reshetnikov ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ရုရှားနိုင်ငံသမ္မတ၏အကြံပေး၊ ရုရှားရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဥက္ကဋ္ဌ Mr. Anton Kobyakov ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍ ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်အမြင့် (၃) ပေ‌ကျော်အထိ ရှိနေ

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း ရေလှောင်တမံမှာ ဇူလိုင် (၈) ရက်၊ ညနေ (၆) နာရီအချိန်၌ ရေပိုလွှဲမှရေကျော်အမြင့် (၃.၄၀) ပေအထိ ရောက်ရှိနေကြောင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီဌာန၏ အသိပေးချက်အရ သိရသည်။ မန်းချောင်းရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅ ) ပေရှိကာ လက်ရှိရောက်ရှိနေသည့် ရေမှတ်မှာ (၆၂၈ .၄၀) ပေသို့ ရောက်ရှိနေပြီး (၃) ပေကျော် မြင့်တက်လာခြင်းဖြစ်သည်။ ယမန်နေ့ နံနက် (၆) နာရီအချိန်တွင် ရေပိုလွှဲမှ ရေကျော်အမြင့် (၂.၂)...

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ အလှူငွေကျပ်(၉၀၆ ဒသမ ၂၅၀)သန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအချိန်ထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လူဦးရေ (၁) သန်းကို အကူအညီများ ပေးထားပြီးဖြစ်သော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး ရေရှည်အထောက်အပံ့ ပေးနိုင်ရန်အရေးကြီးကြောင်း UNOCHA Myanmar က ဆိုသည်။ ငလျင်လှုပ်ခတ်ခဲ့ပြီး သုံးလပြည့်ပြီးချိန်အထိ ရန်ပုံငွေ မလုံလောက်မှုကြောင့် တုံ့ပြန်ကူညီရေး ကြိုးပမ်းချက်များကို အကန့်အသတ်ဖြင့် ဆောင်ရွက်နေရဆဲဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071