(Unicode)
အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်းလက်မှတ်များ ဖေဖော်ဝါရီလကုန်နောက်ဆုံးထားပေးဖို့ ညွှန်ကြား
(၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် Grade-11 ကျောင်းသားများအား “အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်းလက်မှတ်များကို၂၈- ၂-၂၀၂၂ နောက်ဆုံးထားပြီး ကျောင်းသားများလက်ဝယ်သို့ ဖြန့်ဝေပေးကြဖို့ အခြေခံပညာကျောင်းအသီးသီးကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ညွှန်ကြားစာထုတ်လိုက်သည်။
အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် ဖြန့်ဝေပေးရာတွင် ကိုဗစ်စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် မှတ်တမ်းများ ပေးပို့ရန်လည်း လမ်းညွှန်ချက်ထဲ ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။
အခြေခံပညာဦးစီးဌာနအနေဖြင့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် Grade-11 ကျောင်းသားများအား “အခြေခံပညာ အထက်တန်းဆင့်ပြီးမြောက်ကြောင်းလက်မှတ် များကို (၁-၇-၂၀၂၁) ရက်နေ့မှ (၁-၉-၂၀၂၁) ရက်နေ့အတွင်း ပေးအပ်ရန် အကြောင်းကြားထားပြီးဖြစ်သော်လည်း ကိုဗစ်တတိယလှိုင်းကြောင့် ကျောင်းများယာယီပိတ်ထားရသဖြင့် ကျောင်းသားများထံ ဖြန့်ဝေခြင်းလုပ်ငန်းများကို ခေတ္တရပ်နားခဲ့ရသည်။
ယခု နိုဝင်ဘာ၁ရက်နေ့တွင် ကျောင်းများပြန်ဖွင့်ပြီဖြစ်၍ ဖြန့်ဝေပေးရန် လုပ်ဆောင်ခြင်းဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် ဖြန့်ဝေခြင်းမပြုလုပ်နိုင်သည့်ကတ်ပြားများအား ပြန်လည်အပ်နှံမှုမှတ်တမ်း ပြည့်စုံစွာဖြည့်စွတ်ပြီး စီမံကိန်းများကြီးကြပ်အကဲဖြတ်ဌာနသို့ ၂၁-၃-၂၀၂၂ နေ့အရောက် မြို့နယ်များမှစုစည်းပေးပို့ကြရန်ပါ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ကျောင်းများကို အကြောင်းကြားထားသည်။
(Zawgyi)
အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္းလက္မွတ္မ်ား ေဖေဖာ္ဝါရီလကုန္ေနာက္ဆုံးထားေပးဖို႔ ၫႊန္ၾကား
(၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္အတြက္ စံသတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီသည့္ Grade-11 ေက်ာင္းသားမ်ားအား “အေျခခံပညာအထက္တန္းဆင့္ၿပီးေျမာက္ေၾကာင္းလက္မွတ္မ်ားကို၂၈- ၂-၂၀၂၂ ေနာက္ဆုံးထားၿပီး ေက်ာင္းသားမ်ားလက္ဝယ္သို႔ ျဖန႔္ေဝေပးၾကဖို႔ အေျခခံပညာေက်ာင္းအသီးသီးကို ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနက ၫႊန္ၾကားစာထုတ္လိုက္သည္။
အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္ ျဖန႔္ေဝေပးရာတြင္ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း လိုက္နာေဆာင္႐ြက္ရန္ႏွင့္ မွတ္တမ္းမ်ား ေပးပို႔ရန္လည္း လမ္းၫႊန္ခ်က္ထဲ ထည့္သြင္းေဖာ္ျပထားသည္ကိုေတြ႕ရသည္။
အေျခခံပညာဦးစီးဌာနအေနျဖင့္ (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္အတြက္ စံသတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီသည့္ Grade-11 ေက်ာင္းသားမ်ားအား “အေျခခံပညာ အထက္တန္းဆင့္ၿပီးေျမာက္ေၾကာင္းလက္မွတ္ မ်ားကို (၁-၇-၂၀၂၁) ရက္ေန႔မွ (၁-၉-၂၀၂၁) ရက္ေန႔အတြင္း ေပးအပ္ရန္ အေၾကာင္းၾကားထားၿပီးျဖစ္ေသာ္လည္း ကိုဗစ္တတိယလႈိင္းေၾကာင့္ ေက်ာင္းမ်ားယာယီပိတ္ထားရသျဖင့္ ေက်ာင္းသားမ်ားထံ ျဖန႔္ေဝျခင္းလုပ္ငန္းမ်ားကို ေခတၱရပ္နားခဲ့ရသည္။
ယခု ႏိုဝင္ဘာ၁ရက္ေန႔တြင္ ေက်ာင္းမ်ားျပန္ဖြင့္ၿပီျဖစ္၍ ျဖန႔္ေဝေပးရန္ လုပ္ေဆာင္ျခင္းျဖစ္သည္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖန႔္ေဝျခင္းမျပဳလုပ္ႏိုင္သည့္ကတ္ျပားမ်ားအား ျပန္လည္အပ္ႏွံမႈမွတ္တမ္း ျပည့္စုံစြာျဖည့္စြတ္ၿပီး စီမံကိန္းမ်ားႀကီးၾကပ္အကဲျဖတ္ဌာနသို႔ ၂၁-၃-၂၀၂၂ ေန႔အေရာက္ ၿမိဳ႕နယ္မ်ားမွစုစည္းေပးပို႔ၾကရန္ပါ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနက ေက်ာင္းမ်ားကို အေၾကာင္းၾကားထားသည္။