ဒီဇင်ဘာလ ၁ရက်နေ့က နန်း သူဇာရဲ့မွေးနေ့ပါ။ မွေးနေ့မှာ ချစ်သူ ဆီကနေ လက်ဆောင်လည်း ရ သလို ပရိသတ်တွေဆီကလည်း လက်ဆောင်တွေရ တဲ့အ တွက် သူမက ပျော်ရွှင် နေပါတယ်။ နန်း သူဇာရဲ့မွေးနေ့ ဖြတ်သန်းမှုက
“ဒီနှစ် မွေးနေ့က အေးအေးချမ်း ချမ်းလေးနဲ့ ဖြတ်သန်းခဲ့ရ တယ်။ လက်ဆောင် တွေလည်းရတော့ပျော် ပါတယ်။ တစ်နှစ်ကြီး သွား ပြီပေါ့။ မွေးနေ့မှာ ဘုရားသွား တယ်။ ငါးစာ ကျွေးတယ်။ အလှူ ဒါနတွေအများကြီး လုပ်ဖြစ်တယ်။ ဘုရားမသွားခင် ညဘက်တော့ အိမ် မှာကိတ်မုန့်ခွဲဖြစ်တယ်။ ကိတ် မုန့်ကဒီနှစ်မွေးနေ့မှာ ၃လုံး လောက် ခွဲဖြစ်တယ်။ နောက်နေ့ကျမှ အွန် လိုင်းက ပရိသတ်တချို့ကို လိုက် ကျွေးဖြစ်တယ်” လို့ သူမက ပြောပါ တယ်။ အသက်အရွယ်တစ်ခု ရောက် လာတဲ့အခါ လက်ထပ်ဖို့စိတ်ကူးတွေ ရှိပြီလားလို့ မေးပြန်တော့
“ဒီခတ်ကြီးထဲမှာ ဒီအသက် အရွယ်ကငယ်ပါသေးတယ်။အဲဒီ တော့ ဖြည်းဖြည်းပေါ့” လို့ ရယ်ရယ် မောမောပြောပါတယ်။
နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေတို့က အခုဆိုရည်းစား သက်တမ်း ၅နှစ်ကျော်ရှိပါပြီ။ ချစ်သူ သက်တမ်းကာလကြာရှည်စွာ လက် တွဲထားနိုင်ပြီး
လိုက်ဖက်ညီတဲ့ စုံတွဲ တွေအဖြစ် ပရိသတ်ကမြင်ကြ တယ် နော်လို့ ဆိုတဲ့အခါ..
“ချစ်သူစုံတွဲဆိုတာ ရန်ဖြစ်တာ ကတော့ အမြဲတမ်းရှိတာပေါ့။ တစ်ယောက် နဲ့ တစ်ယောက် က နားလည်ရ တယ်။ ခွင့်လွှတ်ရ တယ်။ သူနဲ့ က သူ ငယ်ချင်းလို၊ မိသားစုလို ဖြစ်နေတယ်။ အချိန်ကြာ လာတာနဲ့အမျှ သံယောဇဉ်တွေ ပိုခိုင်မာလာတယ်။ အဓိက ကသံယောဇဉ် ပါ” လို့ နန်းသူဇာ က ပြောပါတယ်။
၂ဝ၁၇ခုနှစ်မှာတော့ ပရိ သတ်ကို သီချင်းအသစ်တွေနဲ့ Surprise လုပ်သွားဖို့ရှိတယ် လို့လည်း သူမရဲ့အနုပညာလှုပ် ရှားမှုနဲ့ ပတ်သက်ပြီးပြောပြခဲ့ ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း