Thursday, December 12, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဒီဇင် ဘာ ၃ ရက်ညနေ ၅ နာရီက ရွာငံမြို့နယ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ...

တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချခွင့်မပြုတော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် လမ်းဘေးစျေးသည်များအား စျေးရောင်းချခွင့်မပြုတော့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်...

ရုရှား နျူကလီးယားလက်နက် ဒါဇင်နှင့်ချီ၍ ဘီလာရုစ်...

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ...

တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် အီကေဘားနား နိုင်ငံတကာပြပွဲနှင့်...

အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်းမှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်ရောင်းချခဲ့ပြီး ရရှိသည့် အမြတ်ငွေများအား ဂျပန်နိုင်ငံတွင် သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း...
HomeCelebrities' Newsအချိန်တန်ရင်တော့ ကျွန်တော့် ချစ်သူက...

အချိန်တန်ရင်တော့ ကျွန်တော့် ချစ်သူက ဘ ယ် သူ ဆို တာ ကို ထု တ်ေ ပြာ သွား မှာ ပါ ဇေရဲထက်

zay-ye-htet-1

ဇေရဲထက်က အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားထွက်ရှိမှုတွေ စာရင်းထဲမှာ ထိပ်တန်းဖြစ်လာခဲ့တာကို တွေ့နေရပြီး သူ့အနေနဲ့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုရိုက်ကူးမှု နှစ်ဖက်လုံးကိုမျှလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဇေရဲထက်ပြောပြတာကတော့ ” ကျွန်တော့် အနေနဲ့ရုပ်ရှင်ဇာတ်ကားတွေကို တစ်လနှစ်ကားလောက် ရိုက်သွားလို့ရပါတယ်။ ဒါပေမဲ့ ဗီဒီယိုလောက ပျောက်သွားမှာကိုလည်း ကျွန်တော် စိုးရိမ်စိတ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဗီဒီယိုလောကနဲ့ ပတ်သက်ဆက်နွှယ်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေရတဲ့ သူတွေရှိတယ်။ ဒီအသိုင်းအဝန်းမှာ ကျင်လည် နေတဲ့သူတွေအတွက်ကလည်း ဒီအလုပ်လေးတွေ ပုံမှန်ရှိနေမှ အဘက်ဘက် ကအဆင်ပြေတာ ဖြစ်ပါတယ်။ ကျွန်တော်လည်း ခုနောက်ပိုင်းမှာ တစ်လမှ နှစ်ကားလောက်ပဲ ဗီဒီယိုထွက်ရှိတော့တယ်လေ။ အခုနောက်ပိုင်း ကျွန်တော်ကလည်း ရုပ်ရှင်ရိုက်ကူးမှုတွေက ပိုများလာပါတယ်။ ကျွန်တော်လည်း ရုပ်ရှင်ပိုင်းကို ပိုအားသန်လာနေပါပြီ’ လို့ ဆိုပါတယ်။

ဇေရဲထက်က ၄ ကိုယ်ခွဲ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုလည်း အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရိုက်ကူးဖို့ရှိနေပါတယ်။ အရင်နှစ်တွေက ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်ခဲ့တာမို့ အခု နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေကို အများအပြားလက်ခံထားတယ်လို့ ဆိုပါတယ်။ ဇာတ်ကားတွေသရုပ်ဆောင်နေရမှု အပိုင်းနဲ့ပတ်သက်ပြီး ဇေရဲထက်က… ” ရုပ်ရှင်ဇာတ်ကားတွေကို ကျွန်တော်တစ်ကားနဲ့ တစ်ကားမတူအောင်ကြိုးစားထားပါတယ်။ သရုပ်ဆောင်ပိုင်းအပါအဝင် အသံနေ အသံထားကအစ အားလုံးကို ဂရုတစိုက်နဲ့ သေသေသပ်သပ် သရုပ်ဆောင်ထားပါတယ်။ ကိုယ့်ရရှိလာတဲ့ အခွင့်အရေးအပေါ် အကောင်းဆုံးဖြစ်အောင် တော့ အသုံးချပါတယ်။ ကိုယ့်ဇာတ်ကားလေးကို ကြည့်လိုက်ရတဲ့ ပရိသတ်ရင်ထဲမှာ တစ်ခုခုမက်ဆေ့ခ်ျလေး ကျန်ခဲ့တာမျိုးကိုပဲ ဖြစ်စေချင်တယ်။ အဲ့ဒါကြောင့် ဟာသဆိုရင် တောင်မှ တကယ်ရယ်ရတဲ့ ဟာသတွေ ကို လုပ်ပါတယ်။ ဒါပေမဲ့ ပရိသတ်ရဲ့ အမြင်ကတော့ အရေးကြီးတယ်။ ပရိသတ်လက်ခံမှလည်း ကျွန်တော်တို့က ရပ်တည်နိုင်မှာဖြစ်ပါတယ်” လို့ ပြောပြ ပေးပါတယ်။

ဇေရဲထက်ကတော့ လက်ရှိမှာ အချစ်ရေးကို အေးဆေးစွာနဲ့ ဖြတ်သန်းလျက်ရှိနေပြီး အချိန်ကာလ တစ်ခုရောက်လာရင်တော့ ပရိသတ်တွေကို သူ့ရဲ့ချစ်သူကဘယ် သူဘယ်ဝါ ဖြစ်ကြောင်းကို ထုတ်ဖော် ပြောပြသွားမှာဖြစ်ပါတယ်လို့ဆိုလာပါတယ်။

” အချစ်ရေး ဆိုတဲ့ကိစ္စက ကျွန်တော့်လို အရွယ်ရောက်ပြီးသား လူငယ်တိုင်းမှာ ချစ်သူတွေရှိပြီး သားလူတွေချည်းပါပဲလေ။ ကျွန်တော်ကိုယ်တိုင်မှာလည်း ချစ်သူရှိပါတယ် လို့ ထုတ်ပြောထားပါ တယ်။ အချိန်တန်ရင်တော့ ကျွန်တော့် ချစ်သူ ဘယ်သူဆိုတာကို ထုတ်ပြောသွားမှာပါ။ အခု အချိန်မှာလည်း စိတ်ဆိုး စိတ်ကောက်တာမျိုးလည်း တစ်ယောက်နဲ့တစ်ယောက် မရှိပါဘူး။ အားလုံး အေး အေးချမ်းချမ်းပါပဲ” လို့ ဇေရဲထက်က ပြောပြပေးခဲ့ပါတယ်။

ထက်လူ၊ ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071