Saturday, May 24, 2025

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား...

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့်...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...

အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath...

ယ‌မန်နေ့ မေလ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath Tagore ၏ ၁၆၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားအား အိန္ဒိယစင်တာ၌ကျင်းပခဲ့သည်။ အခမ်းအနားတွင်...
HomeArticlesအခ်စ္ဟာ မီးလား

အခ်စ္ဟာ မီးလား

----သြစတြေးလျက ဝမ်းနေးရှင်း ပါတီ ခေါင်းဆောင်ပေါလ် လင်းဟန်ဆန်က သူသာဝန် ကြီးချုပ်ဖြစ်ခဲ့ရင် လုပ်မယ်ဆိုတဲ့ ပေါ်လစီ ၃၊ ၄ ခုထဲမှာ တစ်ခုက လက်ထပ်မယ့်သူ (သို့မဟုတ်) အတူ နေစုံတွဲတွေဟာ မယူခင်ကတည်းက Prenuptial agreements လုပ်ထားရမယ် ဆိုတဲ့ ပေါ်လစီတစ်ခု ကိုလည်း ထည့်ပြော သွားပါတယ်။ Prenuptial agreements ဆိုတာက လပ်ထပ်ပြီးတဲ့ လင်မယား တွေ ကွဲကြတဲ့အခါ ပိုင်ဆိုင်မှုတွေ ဘယ်လို ခွဲဝေကြမလဲ ဆိုတာကို မယူ ခင်ကတည်းက သဘောတူညီမှု ရယူထားတဲ့ စာချုပ်ဖြစ်ပါတယ်။ သာ မန် လင်မယားတွေကတော့ မယူခင် တုန်းလည်း ပိုက်ဆံ သိပ်မရှိကြဘဲ စိတ်သဘောထား မတိုက်ဆိုင်လို့ ကွဲကြတဲ့အခါ ညားပြီးမှ အတူရှာဖွေ ဝယ်ထားရှိတဲ့ အိမ်၊ကား၊ အိုစာမင်း စာပင်စင် အစ ရှိသဖြင့် အညီအမျှ ခွဲဝေကြတာများ ပါတယ်။ ဒါပေမဲ့ မယူကြခင်၊ အတူမနေခင်မှာ တစ် ယောက်ယောက်က စုဆောင်းထားတဲ့ ပိုက်ဆံ၊ ပိုင်ဆိုင်မှု အိမ်ယာ၊ အမွေရ ထားတဲ့ အခြားပစ္စည်း ပိုင်ဆိုင်မှုတွေ ရှိနေခဲ့ပြီ ဆိုရင် တစ်နေ့အဆင်မသင့် လို့လမ်းခွဲကြတဲ့ အခါ ပိုင်ဆိုင်မှုခွဲဝေ ကြတဲ့အခါ မိသားစု တရားရုံးမှာ ကြာ မြင့်စွာ အမှု ရင်ဆိုင်ကြရပါတယ်။ ဒီကသူတွေက တွေးခေါ်ပညာရှင် ပ လေတိုရဲ့ အဆိုမိန့် တစ်ခုဖြစ်တဲ့ ဘဝ မှာ သေချာတာ တစ်ခုကတော့ မသေ ချာမှုပဲဆိုတာကို အမြဲနှလုံးသွင်းတဲ့ လူတွေလို့ ပြောရမှာဖြစ်ပါတယ်။ တစ်နေ့ ကွဲကြမယ်လို့ ကြိုတင်မျှော် မှန်းထားကြတဲ့ သဘော မဟုတ်ဘဲ မရေရာတဲ့ အနာဂတ်ကို ကြိုတင်ကာ ကွယ်တဲ့ အနေနဲ့ ဒီသဘော တူညီမှု ကိုရယူထားကြတာ များပါတယ်။ နှလုံးသားက အချစ်ကို စောင့်ရှောက် ပြီးတော့ တူနှစ်ကိုယ် ဆက်ဆံရေးကို ရေရှည်တည်တံ့ အောင် လုပ်ပေးမယ့် အရာဖြစ်ပြီး ဦးနှောက်ကသာ လက် တွေ့ဘဝအတွက် အသုံးဝင်တယ် လို့ ယုံကြည်ကြတဲ့ လူမှုအသိုင်းဝန်းဖြစ် ပါတယ်။

မွေးဖွားခြင်းကနေ သေဆုံးခြင်း ထိအောင် ရှောင်လွှဲမရမယ့် လူ့လော က သဘာဝ နယ်ထဲက ဖြစ်စဉ်တစ်ခု ကိုလက်တွေ့နဲ့ ဆုံးဖြတ်ပြီး ကြိုတင် စီမံ ထားတဲ့သူတို့ ဆီက ယဉ်ကျေးမှု တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ်တွေ ငမွဲကတော့ ဘာမှလုပ်ထားစရာ မရှိပေမဲ့ သူဋ္ဌေးတွေနဲ့ အတန်သင့် ပြေလည်တဲ့သူတွေ၊ အထူးသဖြင့် လက်မထပ်ခင် တစ်ယောက်ရဲ့ ပိုင် ဆိုင်မှုက အခြား တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုထက် အရမ်းပိုမို ကွာဟနေကြ တဲ့သူတွေကတော့ အဲဒီစာချုပ် ကိုလုပ်ထားကြပါတယ်။ မလုပ်လို့ လည်း မဖြစ်ဘူးလေ။ သူတို့က ၄/၅ နှစ်လောက် ပေါင်းကြပြီး ရိုးသွား ကြတဲ့အခါ နောက်တစ်ယောက် မျက်စောင်းထိုးကြတဲ့ သာယာမှု နောက်လိုက်ကြတဲ့ လူမှု အသိုင်းဝန်းဖြစ်ပါတယ်။

သန်းပေါင်းမြောက်မြားစွာ ချမ်းသာတဲ့ သူဋ္ဌေး တစ်ယောက် ဒါမျိုးစာချုပ် မလုပ်ထား လို့ကတော့ မိန်းမဝေစု တစ်ဝက် (အချို့ကိစ္စတွေ မှာ တစ်ဝက်ထက် တောင်ပို မယ်) ပေးရတာနဲ့ မွဲဖို့သာပြင်။ ဒီလို မှမပေးချင်လည်း အရမ်းကို ကြာမယ့် မိသားစုတရားရုံးမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါမျိုးသိုက် လိုက်တူး တဲ့(သူတို့အခေါ် Gold digger ဆိုတဲ့) ချောချောလှလှ ရွှေအိုရောင် နတ်မိမယ်လေးတွေကလည်းပေါမှ ပေါတဲ့ အရပ်ဒေသဖြစ်ပါတယ်။

ဒီစာချုပ်နဲ့ ဆက်စပ်ပြီးခုတ လော နာမည်ကြီးနေတဲ့ သတင်းတစ် ပုဒ်က အဆိုတော် မာရိုင်ရာကရေး အကြောင်းဖြစ်ပါတယ်။
ဒီအဆို တော်က သြစတြေးလျက လောင်း ကစား အင်ပါယာကြီးကို ပိုင်ဆိုင် ထားတဲ့ သကောင့်သား ဂျိမ်းစ်ပက် ကာနဲ့ စေ့စပ်ထားတဲ့ အဆိုတော်။ စေ့စပ်တုန်းကဆို ဒေါ်လာ ၁ဝသန်း တန်စိန် လက်စွပ်ကို ပေးခဲ့တဲ့သူပေါ့။ လက်ထပ်ရင်ဝတ်မယ့် ဝတ်စုံတောင် ချုပ်ထား ပြီးကြပြီ။ အဲဒီဝတ်စုံတစ်ခု တည်းတင်ဒေါ်လာ၂သိန်းခွဲ တန်ပါ တယ်။ ဒီနှစ်ယောက်ရဲ့ဆယ်လ အကြာခံခဲ့တဲ့ စေ့စပ်ထားမှုဟာ ပြီးခဲ့ တဲ့ နိုဝင်ဘာလတုန်း က ခွာပြဲကြ ပါတယ်။ ခုတော့ မာရိုင်ရာကရေး က လက်ထပ်ရင် ဝတ်မယ့် မင်္ဂလာဝတ် စုံကြီးကို သူ့ရဲ့နောက်ဆုံး ထွက်ရှိမယ့် အယ်လ်ဘမ် I don’t ထဲမှာ မီးရှို့ ပြလိုက်တဲ့ ပြကွက်ကို ထည့်ပြသွား တာတွ့လိုက်ရပါတယ်။ သူတို့ ၂ ယောက် ခွာပြဲတာ ကလည်း ခုန ပြောတဲ့ Prenuptial agreements ပဲပေါ့၊ ၅နှစ်အတွက် စီမံထားတဲ့၊ မာရီရာကို ၅နှစ်ပဲ သုံးမယ်ဆိုတဲ့ သဘော စီးပွားရေးဆန် ဆန်တွေ ရေးထားတဲ့ စာမျက်နှာ၃၇ မျက်နှာ ပါတဲ့ ဒီစာချုပ်ကို ပေးတော့ ဒီအဆို တော်မလည်း တင်းတာ နေမှာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ စာချုပ်မှာ ကွဲခဲ့ သော် မရိုင်ရာက တစ်နှစ်ကို ဒေါ် လာခြောက်သန်းနဲ့ သူ့ရဲ့ကိုယ်ပိုင် ဂျက်လေယာဉ် အသုံးပြုခွင့်ရမယ့် ကောင်းတဲ့ အခွင့်ရေးတွေ ပါပါတယ်။ ဒီဘဲကလည်း တအားချမ်းသာပေမယ့် ဒီအဆိုတော် ရောက်လေရာ အရပ်ကို
ပန်းစည်းတွေ ပို့ပေးရတဲ့ ငွေကတင် တစ်လတစ်လ ပေါင်၈သောင်း လောက်သုံးရတယ် ဆိုတော့လည်း တင်းမှာပေါ့။ မိနစ်အပိုင်း အတွင်း ဒေါ်လာ ၁သောင်းလောက်ကို အသာ လေးသုံးတယ် ဆိုတဲ့ ဒီငနဲမှကိုလန့် လာတာလည်း ပါမှာဖြစ်ပါတယ်။

၅ဘီလီယံလောက် ချမ်းသာပြီး မာရီယာရှေ့ မှာ၂ယောက်တရားဝင် ယူထားပြီး မိန်းကလေးတွေ အများကြီး တွဲခဲ့ တဲ့သူကလည်း အချဉ် မဟုတ် သလို၊ သူ့ရှေ့မှာလင်၂ယောက် နဲ့ ကွဲထားဖူးတဲ့ မရိုင်ရာကလည်း အချို မှမဟုတ်တာ။ တရားဝင် လက်ထပ် ပြီးသား သူတွေတင် မဟုတ်ဘဲ တရား ဝင် လက်ထပ်ထားခြင်း မရှိဘဲ အတူ နေထိုင်ကြတဲ့ ဆက်ဆံရေးမျိုးနဲ့ နေ ထိုင်ကြတဲ့ အတွဲတွေ de facto က လည်း ဒီလို Prenuptial agreements စာချုပ်သဘောတူ ညီ ချက်မျိုး လုပ်ထားကြတာရှိပါတယ်။

လက်ထပ်ခြင်း ဆိုတာ ချစ်ကြတဲ့ သူနှစ်ယောက် လုံခြုံ စိတ်ချရမယ့် ဘဝတစ်ခုကို အေးတူပူအမျှ တည် ဆောက်ကြမယ်ဆိုတဲ့ ပဋိညာဉ် တစ်ခုဖြစ်ပါတယ်။ ပြောင်းလဲတိုး တက်လာတဲ့ လူမှုရေးပြောင်းလဲမှု နှင့် စီးပွားရေး ပြောင်းလဲမမှုများ အရ အိမ်ထောင်ပြုခြင်း အပေါ်မှာ အမြင် များဟာလည်း တဖြည်းဖြည်း ပြောင်း လဲလာပါတော့တယ်။ ယနေ့ခေတ် ရဲ့(အထူးသဖြင့်) အနောက်တိုင်း မှာစာတတ်မြောက်မှုနှုန်း မြင့်တက် လာမှု၊ စီးပွားရေးအရ အမှီခိုကင်းမဲ့ လာမှုနဲ့ လိင်အရ ခွဲခြားဆက်ဆံမှု တွေလျော့နည်း လာမှုတွေကြောင့် လည်းလက်ထပ်ခြင်း ဆိုတာကို ရှေး အစဉ်လာတွေ ကနေသွေဖယ် လာတဲ့ အမြင်တွေ နဲ့ချဉ်းကပ်လာ ကြပါ တယ်။ ယနေ့ခေတ်ပေါ် စုံတွဲတွေ အနေနဲ့က လက်ထပ်ခြင်း ဆိုတာသာ တူညီမျှ ပူးပေါင်းဆောင်ရွက်ခြင်း အမြင်နဲ့ ချဉ်းကပ်ထားတဲ့ ချစ်သူနှစ် ယောက်ရဲ့ရေရှည်ရည်စူး ဆောင်ရွက် တဲ့အချစ်တစ်ခု ထက်ပိုတဲ့ ဘဝတည် ဆောက်မှု တစ်ခုဖြစ်ပါတယ်။ မတူကွဲပြားမှု ပေါင်းများစွာ ကိုညှိ နှိုင်းဆောင်ရွက်ရတဲ့ ဖြစ်စဉ် တစ် ခုလို့လည်း ဆိုရမယ့် အိမ်ထောင်ပြု ခြင်းဆိုတာကို အချိန်တော်တော် ကြာအောင် စဉ်းစားပြီးမှ ဆုံးဖြတ်ကြ ပါတယ်။ လွပ်လပ်မှုကို အရမ်းမြတ်နိုး တယ် ဆိုသော်ငြား ဒီသြစတြေးလျမှာ တစ်လင် တစ်မယား စနှစ်သာလျှင် တရားဝင်ဖြစ်ပါတယ်။ လက်ထပ်ပြီး မကြာခင်သဘောထား မတိုက်ဆိုင် လို့ ကွဲကြတာထက် စာရင် လက်မထပ် ခင်အရင် အတူနေကြည့်တာက မကောင်းဘူးလား။ မိဘဆွေမျိုးနဲ့ သူငယ်ချင်း အားလုံးကိုလည်း မင်္ဂလာဆောင်အတွက် အကုန်ကျ သက်သာ၊ အလုပ်ရှုပ် သက်သာတယ် လို့ တွေးကြတဲ့သူတွေ ဖြစ်ပါတယ်။ အချို့လည်း ကလေးတွေရတော့မှ လက်ထပ်ခြင်းဆိုတဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့် တက်လှမ်းကြပါ တယ်။

သြစတြေးလျရဲ့ နောက်ဆုံး သန်းခေါင် စာရင်းအရ စုံတွဲအားလုံး ရဲ့ ၆ဝရာခိုင်နှုန်းဟာ de facto လို့ခေါ်တဲ့ တရားဝင် လက်ထပ်ထား ခြင်းမရှိဘဲ အတူနေထိုင်ကြတဲ့ ဆက်ဆံရေးမျိုးနဲ့ နေထိုင်ကြပါတယ်။ အချို့ စုံတွဲတွေ ဆိုရင် ကလေး၂ ယောက် ၃ယောက်လောက် ရမှလက် ထပ်ပွဲ ကျင်းပကြတာ ကိုလည်း မကြာခဏ တွေ့ ကြရပါတယ်။ တရား ဝင် လက်ထပ်ထားခြင်း မရှိသော် လည်း ငွေရေးကြေးရေး အပါအဝင် လူမှုကိစ္စ အတော်များများကို နှစ်ဦး စုပေါင်း ဖြေရှင်းခဲ့ကြတဲ့ အတွက် ကြောင့် ဖြစ်မယ် ထင်ပါတယ်။ သြစ တြေးလျ မိသားစု တရားရုံးကနေ၂ နှစ်ကျော် အတူနေကြတဲ့ စုံတွဲတွေ ကို ဒီဖက်တို ဆက်ဆံရေး အဖြစ် သတ်မှတ်ကြပါတယ်။ ဒီဖက်တို ဆက်ဆံရေး သတ်မှတ်မှုသည် လက် ထပ်ထားတဲ့ စုံတွဲများကဲ့သို့ပဲ နှစ်ဦး သဘောတူ လမ်းခွဲကြတဲ့အခါ (Prenuptial agreements မရှိ ထားခဲ့ဘူးဆိုရင်) ပိုင်ဆိုင်မှု အားလုံး ကို တစ်ယောက် တစ်ဝက် ပိုင်ဆိုင် ရမှာဖြစ်ပါတယ်။ မိန်းကလေး အနေနဲ့ နစ်နာမှုမရှိဘဲ ကလေး ရှိခဲ့ရင် တစ် ဝက်ထက် ပိုတဲ့ ပိုင်ဆိုင်မှုကို ရမှာဖြစ် ပါတယ်။

လက်ထပ် စာချုပ်ရှိမှ တရားဝင် မှုရှိတာ မဟုတ်ဘဲ ဆုံးဖြတ်ပိုင်ခွင့် အာဏာကို အမျိုးသမီးတွေ ပိုရလာတာလည်း ဖြစ်ပါတယ်။ လက်မထပ်ဘဲ အတူနေ၊ လက်မထပ်ဘဲ ကလေးရယူ ခြင်းတွေဟာ လူမှုရေး ဖောက်ပြန်ခြင်း ဆိုတဲ့ အတွေးအခေါ်တွေ သိပ်မရှိ တော့တဲ့ လူမှုပတ်ဝန်းကျင် ဖြစ်ပါ တယ်။

မြန်မာပြည်မှာလည်း ပြောင်းလဲ လာတဲ့ လူမှုဝန်းကျင် အနေအထား အရ လက်မထပ်ဘဲ အတူနေတွေ များပြားစွာ ရှိလာတာကို တွေ့လာရ ပေမယ့် အမျိုးသမီးတွေ ရဲ့ ရပိုင် ခွင့်တွေကို အကာကွယ်ပေးမယ့် ခံစား ပိုင်ခွင့်ရှိမယ့် ဒီဖက်တို ဥပဒေ မျိုးမရှိတဲ့ အရပ်မှာတော့ မိန်းကလေး တွေပဲ နစ်နာတာ အမှန်ပဲဖြစ်ပါတယ်။ အရှိန်နဲ့ ပြောင်းလဲလာနေတဲ့ ယဉ် ကျေးမှုတွေကို တားဆီးဖို့ မလွယ်တဲ့ အခြေအနေမှာ အမျိုးသမီးတွေအ ပေါ် ပိုမို ကာကွယ်ပေးနိုင်မယ့် တရားဥပဒေ ရှိသင့်ပါတယ်။ အချစ် တစ်ခုတည်းနဲ့ မပြီးတဲ့ဘဝနှစ်ခု တည်ဆောက်တဲ့ အခါ ရှုပ်ထွေးတဲ့ နောက်ဆက်တွဲ တွေကို ကြိုတင် စဉ်း စားကာကွယ် ထားကြမှသာလျှင် အချစ်ဆိုတာ မီးမဟုတ်ဘဲ ဘဝကို ငြိမ်းချမ်းစွာ ဆက်လက်လျှောက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ချစ်ကို (မဲလ်ဘုန်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071