Sunday, May 18, 2025

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ်...
HomeCelebrities' Newsအခုခေတ်လူငယ်တွေက ဝင်းဦးကို...

အခုခေတ်လူငယ်တွေက ဝင်းဦးကို နောက်စရာ လူအဖြစ် သတ်မှတ်တာ စိတ်မကောင်းဘူး ရန်အောင်

တစ်ခေတ်တစ်ခါက အောင်မြင် ကျော်ကြားတဲ့အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဝင်းဦးလို စွယ်စုံရအနုပ ညာရှင်နဲ့ တူတဲ့အနုပညာရှင်အဖြစ် ယနေ့ခေတ်မှာ နှိုင်းယှဉ်ခံရသူ ကတော့ အကယ်ဒမီများရှင် ရန် အောင်ပါ။ ဝင်းဦးလို သရုပ်ဆောင် ပိုင်းရော အဆိုပိုင်းမှာပါ ထူးချွန်တဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရန် အောင်ကတော့ သူ့အနေနဲ့ ဝင်းဦးနဲ့ နှိုင်းယှဉ်ခံရပေမယ့် ဝမ်းသာပေမယ့် ဝင်းဦးကိုတော့ မမှီပါဘူးလို့ ဆိုပါ တယ်။ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်မှာတော့ ဝင်းဦး ကွယ်လွန်တာ နှစ်၃ဝ ပြည့်ခဲ့ပါပြီ။ ဝင်းဦးကွယ်လွန်ခြင်း နှစ် ၃ဝပြည့်အမှတ်တရအနေနဲ့ ဝင်းဦးနဲ့ အမှတ်တရအကြောင်းအရာတွေကို ရန်အောင်က အခုလိုပြောပြခဲ့ပါတယ်။

”ကိုဝင်းဦးနဲ့ ကျွန်တော်နဲ့က ပရိသတ်တွေရဲ့ အမြင်ထဲမှာရော အသံရော၊ ဟန်ရော ပါးပါးလေးတူတယ်ပေါ့။ မြန်မာသံဆိုရင်လည်း ကိုဝင်းဦးလည်း မြန်မာသံကောင်းခဲ့တယ်။ ကျွန်တော်လည်း မြန်မာသံဆိုတာကို ပိုပြီးကြိုက်နှစ် သက်တယ်။ ကိုဝင်းဦးသီချင်းတွေ ပြန်ဆိုတဲ့အခါမှာလည်း ကိုဝင်းဦးလို အသံမျိုးမဟုတ်တောင်မှ သူ့လိုတုန်းမျိုး၊ ဖလိုးမျိုး ကြိုးစားပြီးဆိုသွားတယ်။ အဲဒီတော့ သွားတူတယ်ဆိုတော့ ကျွန်တော်အရမ်းဝမ်းသာတယ်။ သိပ်တော်တဲ့ အနုပညာရှင်ပါ။ ၁၉၈၈ ခုနှစ်က ဆုံးသွားတယ်။ အရေးအခင်းဖြစ်တဲ့ကာလ ကြီးပေါ့။ တကယ်ယူ ကျုံးမရဘူး။ ကိုဝင်းဦးနဲ့ အပြင်မှာလည်း ခင်ခဲ့ပါတယ်။ အမှတ်တရ တအားဖြစ်တယ်။ မှတ်မှတ်ရရအပြင်မှာ ကိုဝင်းဦးနဲ့ နှစ်ခါကောင်း ကောင်းစကားပြောခဲ့ဖူးတယ်။ သူ့ဆီက ပညာတွေလဲ အများကြီးလေ့လာ ချင်တာ။ သူက ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်း၊ လုပ်လိုက်လို့ ရှိရင်လည်း သူရိုက်ပြလိုက်တဲ့ ဇာတ်ကား တွေက အခုအချိန်ပြန်ကြည့် အခုပညာရတယ်။ ချစ်သူ ရွေးမယ် ချစ်ဝဲလယ်ကိုပဲကြည့်ကြည့်၊ ကျောက်မဲအကျဉ်း သားလို ဇာတ်ကားမျိုးပဲ ကြည့်ကြည့်၊ မှုံရွှေရည်ပဲ ကြည့် ကြည့် သူ့ရဲ့ဖန်တီးမှု၊ တင်ပြမှု၊ အနုပညာတွေက သိပ်တော်တာပဲ။ ဒီဇာတ် တစ်ခုကို ကိုင်တွယ်တဲ့အခါမှာ ဒီဇာတ်ထဲမှာ သူ့ရဲ့အသွေးအသားထဲမှာရော၊ သူထွက်တဲ့ စကားလုံးထဲမှာရော ဇာတ်နဲ့ပတ်သက်တာအကုန် ထွက်တယ်။ အကုန်လုံးက သူ့ပါးစပ်ထဲမှာ ဖြစ်နေတာ။ အဲဒါကို အရုပ်အဖြစ်တင်ပြတာလည်း တအားကောင်း တယ်။ လိုက်တင်ထိုးတာ တအားကောင်းတယ်။ ကျွန်တော်တို့က သူ့ကိုမှီကိုမမှီတာ။ သူနဲ့ယှဉ်ရ တာကို ဝမ်းသာတယ်။ အခုနောက်လာတဲ့ မျိုးဆက်သစ်တွေကို ကိုဝင်းဦးကိုမသိတဲ့သူ တွေ ရှိတယ်။ အဲဒါကိုအပြစ်မပြောပါဘူး။ ဒီနိုင်ငံအနေအထားအရ ဇာတ်ကားတွေ ပြန်မပြတာနဲ့ ဇာတ်ကားဟောင်းတွေ ပြန်မကြည့်ရတာကြောင့်ပေါ့။ ကိုဝင်းဦး ကို ဘယ်လို သတ်မှတ်လဲဆိုတော့ နောက်စရာလူလို့ သတ်မှတ်တာကို တော့ စိတ်မကောင်းပါဘူး။ နောက် တယ်ဆိုတာကလည်း စတိုင်ရှိလို့ စတားဖြစ်တာလေ။ သူ့အသံမှာ စတိုင်ရှိတယ်။ သူ့ဟန်မှာစတိုင် ရှိတယ်။ အဲဒါကြောင့် နောက်တာကို အပြစ်မပြောဘူး။ ဒါပေမဲ့ နောက်တာ လဲ နောက်ပါ။ သူ့ရဲ့ပညာတွေကိုလည်း မြင်အောင်ကြည့်ပါ” လို့ ရန်အောင်က ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071