Monday, June 23, 2025

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း...

ယူအက်စ်က အီရန်ကို တို-က်ခို-က်မှု ပါကစ္စတန်ရှုံ့ချ

အစ္စလာမာဘတ်၊ဇွန် ၂၂ အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ...

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို...

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ...

ပြည်မြို့ကိုဗဟိုပြု၍ အင်အား ၃ ဒသမ...

ပဲခူးတိုင်း၊ ပြည်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၆ နာရီ ၃၂...
HomeInternationalအကြီးစား စီးပွားရေးသဘောတူညီချက်များအတွက် ထရမ့်ပ်၏...

အကြီးစား စီးပွားရေးသဘောတူညီချက်များအတွက် ထရမ့်ပ်၏ ပင်လယ်ကွေ့သုံးနိုင်ငံခရီးစဉ် စတင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထားမည့် လေးရက်ကြာ ပင်လယ်ကွေ့ခရီးစဉ် စတင်မှုအဖြစ် အင်္ဂါနေ့နံနက်ပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

ဆော်ဒီ-အမေရိက ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပနေသည့် ရီယာ့ဒ်သို့ ထရမ့်က ပထမဆုံး သွားရောက်မည်ဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင် ကာတာနှင့် ကြာသာပတေးနေ့တွင် ယူအေအီးနိုင်ငံများသို့ ဆက်လက်ခရီးနှင်မည်ဖြစ်သည်။

ရာထူးရယူပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်း ဖရန်စစ်၏ ဈာပနကို သွားရောက်ခဲ့သော ထရမ့်ပ်၏ ယခု ဒုတိယမြောက် ပြည်ပခရီးစဉ်သည် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများရှိနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို ဖိအားပေးနေသည့်အပြင် ထရမ့်ပ်အစိုးရအဖွဲ့သည် ဂါဇာတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိရန်ကိုလည်း ကြိုးပမ်းသွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်လုံခြုံရေးအကြံပေး မာကိုရူဘီယိုနှင့် ကာကွယ်ရေးဝန်ကြီး Pete Hegseth တို့အပြင် ယခုခရီးစဉ်တွင် Tesla စီအီးအိုဖြစ်သော ထရမ့်ပ်၏ အကြံပေး အီလွန်မတ်စ်၊ BlackRock စီအီးအို လယ်ရီဖင့်ခ်နှင့် Citigroup စီအီးအို ဂျန်ဖရေဇာတို့လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်မည်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့၏ အလားအလာရှိသော လူချင်းတွေ့ဆုံ ဆွေးနွေးပွဲအတွက် ကြာသပတေးနေ့တွင် သူ သည် တုကီယေးသို့ သွားရောက်ရနိုင်ကြောင်းလည်း ထရမ့်ပ်က ပြောကြားခဲ့သည်။

Ref: အေအာအင်န်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ကော့သောင်းမြို့တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံသစ်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွား ဆက်သွယ်ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်သန်းမှု စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့်အတွက် နှစ်ပေါင်း (၆၀)...

ယူအက်စ်က အီရန်ကို တို-က်ခို-က်မှု ပါကစ္စတန်ရှုံ့ချ

အစ္စလာမာဘတ်၊ဇွန် ၂၂ အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ တိုးလာဦးမယ်ဆိုရင် ဒေသတွင်းနဲ့အခြားနိုင်ငံတွေအတွက်ပါ ဆိုးဆိုးရွားရွားထိခို-က်နစ်နာစေပါလိမ့်မယ်" ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပိုင်ဆိုင်မှုများကို လေးစားထိန်းသိမ်းရန်လိုအပ်ကြောင်း ပါကစ္စတန်ကအလေးပေးပြောကြားခဲ့ပြီး ပဋိပက္ခများရပ်တန့်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအားလုံးက နိုင်ငံတကာဥပဒေ (အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ) များကို လိုက်နာရမည်ဟုလည်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့်အညီ တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးအရ ညှိနှိုင်းဖြေရှင်းမှုသည်...

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို ရွှေ့ပြောင်းခဲ့ကြောင်း အီရန်ပြောကြား

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ နျူကလီးယားစခန်းတွေဆီက နျူကလီးယားယိုစိမ့်မှုမျိုးမတွေ့ရဘူးလို့လဲ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီ(IAEA) က ဆိုပါတယ်။ Isfahan ဒေသ ဒုတိယလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးအုပ်ချုပ်ရေးမှူးက Isfahan နဲ့ Natanz နျူကလီးယားစခန်းတွေအနီး တိုက်ခိုက်မှုတွေကို အတည်ပြုခဲ့တယ်လို့ IRNA က ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေအပြီး သူတို့နိုင်ငံတွင်းမှာ အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ခြင်း၊ ကျောင်းများပိတ်ခြင်း၊ စုဝေးမှုများ ပိတ်ပင်ခြင်းနဲ့ မရှိမဖြစ်မဟုတ်တဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071