အကြမ်းဖက်အဖွဲ့ဝင်များမှ ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက ရွေးကောက်ပွဲပျ-က်ပြားစေရန်ရည်ရွယ်၍ မန္တလေးတိုင်းအတွင်းသို့ ရှော့တို-က်ဒုံးများဖြင့် ပ-စ်ခတ်တို-က်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၈ ရက်နံနက် ၁ နာရီခွဲခန့်မှ ၂ နာရီခန့်အထိ အကြမ်းဖက်အဖွဲ့ဝင်များက မန္တလေးတိုင်းအတွင်းသို့ ရှော့တို-က်ဒုံး (၄) လုံးဖြင့် ပ-စ်ခတ်တို-က်ခိုက်မှုများပြုလုပ်ခဲ့ရာ ရှော့တို-က်ဒုံးများသည် မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအနီးသို့ (၃) လုံး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်အတွင်းရှိနေ အိမ်တစ်လုံးပေါ်တို့သို့ ကျရောက်ပေါ-က်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ကျရောက်ပေါ-က်ကွဲရာ၌ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်မှ နေအိမ် (၂) လုံး ပျ-က်စီးခဲ့ပြီး ယင်းရပ်ကွက်နေ အသက် (၃၂) နှစ်အရွယ်ရှိ အမျိုးသား (၁) ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် (၃၀) အရွယ် အမျိုးသမီး (၁) ဦးတို့ ထိခိုက်ဒ-ဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ (၂) ဦးအား တာဝန်ရှိသူများက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်မှလည်း တွေ့ဆုံအားပေးစကားပြောကြားပြီးနောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
