ရန်ကုန်မြို့၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အကျင့်ပျ_က်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဖြစ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောသည်။
ယနေ့ (ဇွန် ၃ )ရက်နေ့၌ ပြုလုပ်သည့် ဆေးရုံအာဏာပိုင်များနှင့် လူမှုကူညီရေးအသင်းများအကြား တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံဝန်ထမ်းအချို့၏ ငွေညှစ်နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။
ထိုဖြစ်စဉ်သည် မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံတွင် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလေ_ာင်းအား ထုတ်ယူရန် ကြိုးပမ်းစဉ် ဝန်ထမ်းအချို့က ငွေကြေးတောင်းခံကာ လူမှုကွန်ယက်တွင် ဝေဖန်ခံရသည့် ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။
ယင်း ပြဿနာကို အပြုသဘောဖြင့် အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန်အတွက် ဆေးရုံတာဝန်ရှိသူများကလည်း ဆောင်ရွက်နေပြီး နောင်တွင် ပြည်သူများအပေါ် ယင်းကဲ့သို့ ခါးသီးသော ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်သွားကြရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
ထို့အတူ အလားတူပြဿနာမျိုး ထပ်မံရှိလာပါကလည်း အမြန်ဆုံး ချိတ်ဆက်ညှိနှိုင်း အရေးယူနိုင်မည့် စနစ်တစ်ရပ်ကို တိုင်ပင်နိုင်ခဲ့ကြောင်းလည်း ဝန်းရံမှူးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြတ်ညွှန့်က လူမှုကွန်ရက်ကတစ်ဆင့် ရေးသားထားသည်။
ထို့ပြင် ယခုယာဉ်တိုက်မှုကြောင့် ေသဆုံးခဲ့ရသည့် ပလုံကောက်အမျိုးသမီးအတွက် အစိုးရထံမှ ရပိုင်ခွင့်ရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၃၀ ခန့်အား မိသားစုဝင်များ ရရှိနိုင်စေရေးအတွက်ပါ ဆေးရုံကြီးနှင့် ပရဟိတကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုင်ပင်ခဲ့ကြကြောင်းလည်း သိရသည်။
ဓာတ်ပုံ -Tun Myat Nyunt FB
