ဒါရိုက်တာ ညွှန့်မြန်မာညီညီ အောင်က “အုတ်ကြား မြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ သူ့ဘဝရဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိခဲ့ပြီး အကယ်ဒမီ အောင်ပွဲ အထိမ်းအမှတ် အနေနဲ့ မေလ ၇ ရက်နေ့က အရှေ့ တောရ ငါးထပ်ကြီး စာသင်တိုက်မှာ သိက္ခာထပ်၊ ရှင်ပြု၊ ရဟန်းခံ အလှူပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။ ရဟန်း ကိုးပါးနဲ့ ရှင်တစ်ပါး တို့ကို ရှင်ပြု ရဟန်းခံအလှူ ပြုလုပ် ပေးဖြစ်ခဲ့ပုံ အကြောင်းကို ဒါရိုက်တာ ညွှန့်မြန်မာညီညီ အောင်က…
“ကျွန်တော်တို့ အကယ်ဒမီရပြီးတဲ့ အချိန် အောင်ဇမ္ဗူ ဆရာတော်ကြီးက ဂုဏ်ပြုဆု ချီးမြှင့် တယ်ဆိုပြီး ငွေကျပ်၁ဝသိန်းဆု ချီးမြှင့်တော့ ဆရာ တော်ကြီးပေးတာကို အလှူပဲပြန် လုပ်ဖို့ စိတ်ကူးတယ်။ အဲဒီပိုက်ဆံရယ်၊ ကျွန်တော့်ရဲ့ ချွေးနှဲစာပိုက် ဆံလေးတွေရယ် ပေါင်းပြီး အလှူလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ဆီမှာ သားယောက်ျားလေး မရှိဘူး။ ရဟန်းခံရှင်ပြု လေး လုပ်ချင် တာ့ အမျိုးထဲကရော၊ အပြင်က ရဟန်း မခံရသေးလို့။ ဝတ်ချင်တဲ့ သူတွေရော ပေါင်းပြီး အကယ်ဒမီရတဲ့ အထိမ်း အမှတ်ရ ဟန်းခံရှင်ပြု လုပ်လိုက်တာပါ။ ရဟန်းကိုးပါး၊ ရှင်တစ်ပါး ဝတ်ကြတယ်။ ပြီးတော့ ကျွန်တော်တို့ ကိုးကွယ် ဆည်းကပ်တဲ့ဆရာ တော်ကြီး ကိုလည်း သိက္ခာထပ် မင်္ဂလာ လုပ်ပါတယ်။ ၆ရက်နေ့က ရွှေတိဂုံဘုရားမှာ လှည့်လည်ပြီး ၇ရက်နေ့မှာ သိမ် ဆင်းလောင်း ကြပါတယ်” လို့ ပြောပါတယ်။
ပထမဆုံး ရရှိတဲ့ အကယ်ဒမီ အမှတ်တရ အလှူပြုလုပ်ဖြစ်တဲ့ အပေါ် ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရဲ့ ရင်ထဲမှ ဝမ်းသာ ပီတိစကား သံက..
“ဒီလိုလှူရတဲ့ အတွက်လည်း ပီတိတအား ဖြစ်ရတယ်။ ကျွန်တော့် အတွက်လည်း ဒီလိုရဟန်းခံ ရှင်ပြု ကြီးကြီးကျယ်ကျယ် လုပ်ရ လိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်တော့်ဘဝ အတွက်လည်း ဒီလိုအကယ်ဒမီ အလှူလေး လုပ်ဖြစ်တဲ့ အတွက် လင်မယား နှစ်ယောက် စလုံး တအား ပျော်ကြရပါတယ်။ အလှူလေး မလုပ် ခင်ကလည်း စက်အဖွဲ့က ကလေးတွေ အတွက် ရွှေသောင်ယံမှာ ဧည့်ခံ ကျွေးမွေးခဲ့ပါသေး တယ်”လို့ ပြောပြပါတယ်။
ဒါရိုက်တာ ညွှန့်မြန်မာ ညီညီ အောင်က လတ်တလောမှာ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်သီချင်း အတွက် Music Video ကို ရိုက်ကူးနေတယ် လို့ သိရပါတယ်။
မြတ်မိုးပွင့်