Looking for something?

Explore the website

Looking for something?

Wednesday, May 21, 2025

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအားနိုင်ငံတော်တာဝန်များကိုပြန်လည်အပ်နှင်းပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

ယခုနှစ် ဒီဇင်ဘာလအတွင်း၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ယနေ့ မေ ၂၀ ရက်ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် နစက...
HomeEntertainmentEntertainment Eventအကယ်ဒမီ အောင်ပွဲ အထိမ်းအမှတ်...

အကယ်ဒမီ အောင်ပွဲ အထိမ်းအမှတ် အနေနဲ့ ရဟန်းခံရှင်ပြု အလှူပြုလုပ်ခဲ့တဲ့ ဒါရိုက်တာ ညွှန့် မြန်မာညီညီအောင်

NyuntMyanmarဒါရိုက်တာ ညွှန့်မြန်မာညီညီ အောင်က “အုတ်ကြား မြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ သူ့ဘဝရဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိခဲ့ပြီး အကယ်ဒမီ အောင်ပွဲ အထိမ်းအမှတ် အနေနဲ့ မေလ ၇ ရက်နေ့က အရှေ့ တောရ ငါးထပ်ကြီး စာသင်တိုက်မှာ သိက္ခာထပ်၊ ရှင်ပြု၊ ရဟန်းခံ အလှူပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။ ရဟန်း ကိုးပါးနဲ့ ရှင်တစ်ပါး တို့ကို ရှင်ပြု ရဟန်းခံအလှူ ပြုလုပ် ပေးဖြစ်ခဲ့ပုံ အကြောင်းကို ဒါရိုက်တာ ညွှန့်မြန်မာညီညီ အောင်က…

“ကျွန်တော်တို့ အကယ်ဒမီရပြီးတဲ့ အချိန် အောင်ဇမ္ဗူ ဆရာတော်ကြီးက ဂုဏ်ပြုဆု ချီးမြှင့် တယ်ဆိုပြီး ငွေကျပ်၁ဝသိန်းဆု ချီးမြှင့်တော့ ဆရာ တော်ကြီးပေးတာကို အလှူပဲပြန် လုပ်ဖို့ စိတ်ကူးတယ်။ အဲဒီပိုက်ဆံရယ်၊ ကျွန်တော့်ရဲ့ ချွေးနှဲစာပိုက် ဆံလေးတွေရယ် ပေါင်းပြီး အလှူလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ဆီမှာ သားယောက်ျားလေး မရှိဘူး။ ရဟန်းခံရှင်ပြု လေး လုပ်ချင် တာ့ အမျိုးထဲကရော၊ အပြင်က ရဟန်း မခံရသေးလို့။ ဝတ်ချင်တဲ့ သူတွေရော ပေါင်းပြီး အကယ်ဒမီရတဲ့ အထိမ်း  အမှတ်ရ ဟန်းခံရှင်ပြု လုပ်လိုက်တာပါ။ ရဟန်းကိုးပါး၊ ရှင်တစ်ပါး ဝတ်ကြတယ်။ ပြီးတော့ ကျွန်တော်တို့ ကိုးကွယ် ဆည်းကပ်တဲ့ဆရာ တော်ကြီး ကိုလည်း သိက္ခာထပ် မင်္ဂလာ လုပ်ပါတယ်။ ၆ရက်နေ့က ရွှေတိဂုံဘုရားမှာ လှည့်လည်ပြီး ၇ရက်နေ့မှာ သိမ် ဆင်းလောင်း ကြပါတယ်” လို့ ပြောပါတယ်။

ပထမဆုံး ရရှိတဲ့ အကယ်ဒမီ အမှတ်တရ အလှူပြုလုပ်ဖြစ်တဲ့ အပေါ် ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရဲ့ ရင်ထဲမှ ဝမ်းသာ ပီတိစကား သံက..

“ဒီလိုလှူရတဲ့ အတွက်လည်း ပီတိတအား ဖြစ်ရတယ်။ ကျွန်တော့် အတွက်လည်း ဒီလိုရဟန်းခံ ရှင်ပြု ကြီးကြီးကျယ်ကျယ် လုပ်ရ လိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်တော့်ဘဝ အတွက်လည်း ဒီလိုအကယ်ဒမီ အလှူလေး လုပ်ဖြစ်တဲ့ အတွက် လင်မယား နှစ်ယောက် စလုံး တအား ပျော်ကြရပါတယ်။ အလှူလေး မလုပ် ခင်ကလည်း စက်အဖွဲ့က ကလေးတွေ အတွက် ရွှေသောင်ယံမှာ ဧည့်ခံ ကျွေးမွေးခဲ့ပါသေး တယ်”လို့ ပြောပြပါတယ်။

ဒါရိုက်တာ ညွှန့်မြန်မာ ညီညီ အောင်က လတ်တလောမှာ ဇာတ်ကားထဲမှာ ပါဝင်တဲ့  ဇာတ်ဝင်သီချင်း အတွက် Music Video ကို ရိုက်ကူးနေတယ် လို့ သိရပါတယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071