Monday, June 23, 2025

ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ ၃၆ ဦးထပ်မံတွေ့ရှိပြီး...

ဒါကာ၊ဇွန် ၂၂ ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပေါ်နေပြီး ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့တွင် အများဆုံး စံချိန်တင်ကာ တစ်ရက်တာအတွင်း ၅ ဦး‌ေ-သဆုံး၍ ကပ်ရောဂါစတင်ချိန်မှစ၍...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။ မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း...

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော...

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏...

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း...
HomePopular Academy2017 Academyအကယ်ဒမီ ဆန်ခါတင်(၁၁) ကား...

အကယ်ဒမီ ဆန်ခါတင်(၁၁) ကား အထူးဆု (၁၁)ဆုနှင့် ပရိသတ်ပေးသည့် အကယ်ဒမီဆု

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးနီးလာသည် နှင့်အမျှ ရင်ခုန်မှုတွေလည်း ပြင်း ထန်လာပါပြီ။ ပရိသတ်ကြီး၏ ဆန္ဒ များလည်း ပေါ်ထွက်လာပါပြီ။

ယခုနှစ်အကယ်ဒမီစာရင်းဝင် ဇာတ်ကားပေါင်း ၅၃ ကားရှိပါသည်။ တစ်နေ့နှစ်ကားနှုန်းကြည့်ရှုစိစစ်လာ ရာမှ တစ်လဝန်းကျင်တွင် ပြီးဆုံးသွားခဲ့ သည်။ ထိုဇာတ်ကားများထဲမှ ဇာတ်ကား ၁၁ ကားကို အကဲဖြတ်အမှတ်ပေးရွေး ချယ်ခဲ့ကြသည်။ တချို့က ဇာတ်ကား သုံးကားမျှ ပြန်လည်ကြည့်ရှုကြသည်။

ဒုတိယအကြိမ် ဇာတ်ကား ၁၁ ကားကို ကြည့်ရှုကြသည်။ အမှတ်ပေး စရာတွေ တွေ့ရှိလာသည်။ တတိယ အကြိမ်၊ စတုတ္တအကြိမ်ထိ ကြည့်ပါ သည်။ ဇာတ်ကားအကြိမ် ၉ဝ လောက် ကို ကြည့်ရှုပြီးမှ အမှတ်ပေးကြပါ သည်။ အကြိမ်များစွာကြည့်ကြရှုပြီး အားစိုက်ကြည့်ရလွန်းသဖြင့် အကဲ ဖြတ်အဖွဲ့ဝင် အတော်များများ မျက် လုံးထိခိုက်ခဲ့ရပါသည်။ Air con ကြောင့် အဆုတ်အအေးပတ်သူ ပတ်ကြပါသည်။ သို့သော် တာဝန် ကျေအောင် ထမ်းဆောင်ရပါမည်။ တာဝန်ကျေကြပါသည်။ ရုပ်ရှင် အစည်းအရုံးကလည်း အကဲဖြတ်များ အပေါ် အချိန်ပေးမှုအတွက်၊ တာ ဝန်ယူမှုများ ကျေပွန်ခဲ့ပါသည်။

၂ဝ၁၆ ခုနှစ် ဆုချီးမြှင့်ခဲ့စဉ်က ဆု ၂ ဆု ချန်လှပ်ခဲ့ပါသည်။ မနှစ် က ဆုချန်လှပ်ခဲ့မှုတွင် ဝမ်းနည်းစရာ ကောင်းပါသည်။ ရသင့်၍ မရပါ။ ဇာတ်ညွှန်းဆုနှင့် အမျိုးသမီးဇာတ်ပို့ ဆုတို့ကို ၅ဝ ရာခိုင်နှုန်းမကျော်၍ဟု ဆိုကာ ချန်လှပ်ထားခဲ့သည်။ သို့သော် တခြားသော ၅ဝရာခိုင်နှုန်းမကျော် သည့် ဆုအမျိုး အစား ၂ ဆုကိုတော့ မချန်လှပ်ဘဲ ပေးခဲ့ပါသည်။ ယခုနှစ် မှာတော့ ၅ဝရာခိုင်နှုန်းကို ပြင်လိုက် ကြပါသည်။ အမှတ်အများဆုံးရရှိသူ ကို ဆုချီးမြှင့်မှာဖြစ်လို ဆု ၁၁ ဆုလုံး (ချန်လှပ်ခြင်းမရှိတော့ဘဲ)ဆု အား လုံးကို ချီးမြှင့်ပါမည်။

ယခုနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပါပြီ။ယှဉ်ပြိုင်မှုပြင်းထန်သလို၊အားပြိုင်မှုကလည်းလျော့မသွားပါ။အကဲဖြတ်တို့လည်းအလွန်ခေါင်းစားခဲ့ပါသည်။ ၂ လ တာမျှ အချိန်ပေးအကဲဖြတ်ခဲ့ရသည်။

မတ်လ၂၃ရက်နေ့တွင်၂ဝ၁၇ခုနှစ်အတွက်အကယ်ဒမီဆုပေးပွဲကြီး ကျင်းပပါတော့မည်။ အကဲဖြတ်တို့ တစ်ဦးချင်းလျှို့ဝှက်အမှတ်ပေးခြင်း များကို ချိတ်ပိတ်၍ ရုပ်ရှင်အစည်းအ ရုံးသို့ အပ်နှံခဲ့ပြီးပါပြီ။ ထိုအိတ်များကို ဖွင့်ဖောက်ပြီး အမှတ်ပေါင်းရန် ပညာ ရှင် ၃ ဦးကို ရွေးချယ်ထားပြီးဖြစ်ပါ သည်။ ထိုအနုပညာရှင်ကြီး ၃ ဦးက အိတ်ဖောက်၍ ရမှတ်ပေါင်းကာ ဆုရှင်များကို ထုတ်နုတ်ပေးပါမည်။ ယခင်နှစ်က ပညာရှင် ၅ ဦးက အိတ် ဖောက်ခဲ့ပါသည်။

ယခင်နှစ်ကဆုချီးမြှင့်ရာတွင် ရွှေသား၂ ကျပ်သားဖြစ်ပြီး၊ ယခုနှစ် မှာတော့ ရွှေ ၅ ကျပ်သားချီးမြှင့်မည် ဟု အတိအလင်းကြေညာခဲ့ပါသည်။ ထူးခြားမှုမှာ တစ်သက်တာဆုချီးမြှင့် မည်ဖြစ်၍ ရွှေစင်ရုပ်ဆု ၅ ကျပ်သား အပြင်၊ သက်ရှိထင်ရှားရှိနေသည်အ ထိ တစ်လလျှင် ကျပ်၅သိန်း ချီးမြှင့် မှာဖြစ်သဖြင့် ဂုဏ်ယူစရာကောင်းနေ သည်။

ယခုရွေးချယ်ထားသည့်ဇာတ်ကားများထဲမှ ဆုများကိုထင်ကြေး မျိုးစုံပေးနေကြသည်။ တချို့က အမျိုးကိုချစ်ကြသည်။ တချို့က ကရု ဏာသက်ကြသည်။တချို့ကအားပေးကြသည်။အနုပညာရှင်တို့၏ကြိုး စားအားထုတ်မှုသည်လည်း ထင်ထင် ရှားရှား တွေ့မြင်နေရသည်။

ယခုနှစ်မှာတော့ ဆုရွေးချယ်မှု အနီးစပ်ဆုံးနှင့် မှန်ကန်မှုအားသာ လာသည်။ အကြိမ်ကြိမ်ကြည့်ရှုစိစစ် ၍ အကြိမ်ကြိမ် အစည်းအဝေးပြုလုပ် ပြီး အမှတ်ပေးစနစ်မှန်ကန်စေရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။
အားသာချက်၊ အားနည်းချက် များရှိနေပါဦးမည်။ အမှားများပြင်၍ မှန်ကန်တိကျလာစေရန် ဆောင်ရွက် ပါမည်။ လာမည့်နှစ်အတွက် ဆုပေး စနစ်အမှားများကို ပြန်လည်ပြင်ဆင် သွားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ယခုနှစ်အတွက် ပရိသတ်၏ ထင် ကြေး၊ ဆန္ဒပြုခံရသည့် အကယ်ဒမီ ရရှိနိုင်မည့် ခန့်မှန်းစာရင်းကို တင်ပြ ပါမည်။People’s award ပရိသတ် က ချီးမြှင့်သည့်ဆုပေါ့။

ဖော်ပြပါ အကယ်ဒမီဆုရခန့်မှန်းစာရင်းသည် ပရိသတ်၊ ပြည်သူ့ထံမှ အသံများ နားထောင်စာရင်းပြု တင်ပြထားခြင်းဖြစ်ပါသည်။ ဆုရရှိ မည့်သူများသည်လည်း ထိုက်တန်စွာ ရရှိနိုင်မည်ဖြစ်သည်။

၂ဝ၁၇ ခုနှစ်အတွက် ၂ဝ၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ကျင်း ပတော့မည့် အကယ်ဒမီဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားမှ ရင်ခုန်သံများ ခြိမ့်ခြိမ့်သဲသဲကြားဆင်ရတော့မည်ဖြစ်ပေသည်။ ဆုရှင်များ အိပ်မက်လှလှ မက်နိုင်ကြပါ စေ’လို့။

ဒါရိုက်တာမောင်ဗေဒါ

Ads Space Available


Continue reading

ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ ၃၆ ဦးထပ်မံတွေ့ရှိပြီး ၅ ဦး‌ေ-သဆုံးခဲ့

ဒါကာ၊ဇွန် ၂၂ ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပေါ်နေပြီး ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့တွင် အများဆုံး စံချိန်တင်ကာ တစ်ရက်တာအတွင်း ၅ ဦး‌ေ-သဆုံး၍ ကပ်ရောဂါစတင်ချိန်မှစ၍ ကူးစက်မှု ၂၉,၅၁၅ ခုအထိရှိလာကြောင်းသိရသည်။ တနင်္ဂနွေတစ်ရက်တည်း၌ပင် ကိုဗစ်ကူးစက်လူနာ ၃၆ ဦးအထိရှိခဲ့ပြီး ယခုနှစ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၄၃၃ ဦးနှင့် ‌ေ-သဆုံးသူ ၁၆ ဦးရှိကြောင်းလည်းပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံအများအပြား၌ ကိုဗစ်ကူးစက်မှုအသစ်များ မြင့်တက်လာနေချိန်တွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ပြည်သူများကို မလိုအပ်ဘဲ အဆိုပါနေရာများသို့ ခရီးသွားခြင်းမှရှောင်ကြဉ်ရန် တို-က်တွန်းထားသည်။ ဒါကာကျန်းမာရေးညွှန်ကြားမှုဦးစီးဌာနကမူ ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက် နိုင်ငံအဝင်အထွက်နေရာများအားလုံးတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်းအစီအမံများကို...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။ မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း ဖြစ်သည်။ “ကားအစီးရေ ၁၅၀ ကျော်မှာ ၇၀ လောက်နဲ့ နှစ်ဖွဲ့စီခွဲပြီး အလှည့်ကျ ပြေးဆွဲပေးနေပါတယ်” ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်လုပ်ငန်းရှင် များထံမှ သိရသည်။ ထိုတောင်တက်ယာဉ်တစ်စီးလျှင် ခရီးသည်စုစုပေါင်း ၄၀ ကျော်တင်ဆောင်ခွင့်ပြုထားသော်လည်း မိုးတွင်းကာလတွင် ခရီးသည် ၁၀ ဦးလောက် ပြည့်ရန်ပင် အချိန်ကြာအောင်စောင့်ရခြင်းကြောင့် ဘုရားဖူးခရီးသည် အချို့ မှာ ယာဉ်စီးခငွေကို စုပေါင်းကျခံ၍...

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Grand Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် Aou-Boom...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071