Saturday, January 31, 2026

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...
HomePopular Academy2018 Academyအကယ်ဒမီအမှတ်ပေးစည်းမျဉ်းနဲ့ပတ်သက်ပြီး အကယ်ဒမီများရှင် ရန်အောင်ရဲ...

အကယ်ဒမီအမှတ်ပေးစည်းမျဉ်းနဲ့ပတ်သက်ပြီး အကယ်ဒမီများရှင် ရန်အောင်ရဲ့  အကြံပြုစကား

သရုပ်ဆောင်ရန်အောင်က အကယ်ဒမီဘုတ်အဖွဲ့ထဲမှာ ပါဝင်ဖို့ကမ်းလှမ်းခံရပေမယ့် အခုအချိန်ထိ မပါဝင်ဖြစ်သေးပါဘူး။ ဒါပေမဲ့ အကယ်ဒမီအမှတ်ပေးစနစ် တစ်နှစ်နဲ့တစ်နှစ်ပြောင်းလဲ နေတာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်နဲ့ မကြာမီကျင်းပတော့မယ့် အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး အကြံပြုစကားတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့ အခု ၂နှစ် ၃နှစ်ရှိပြီ။ အကယ်ဒမီရဲ့ အမှတ်ပေးပုံစနစ်တွေက တနှစ်နဲ့ တနှစ်ပုံစံက မတူဘူး။ စည်းမျဉ်းတွေက ပြောင်းနေတယ်။ အမှန်က အဲဒီလိုပြောင်းလို့မရဘူး။ သူ့စည်းမျဉ်းစည်းကမ်းနဲ့ သံမဏိပေတံ၊ သံမဏိစည်းမျဉ်း ရှိရမယ်။ အဲဒီအခြေခံအောက်မှာ အကုန်သွားရမယ်။ ကျွန်တော်ကတော့ တခါမှ အကဲမဖြတ်ဖူးပါဘူး။ အကဲဖြတ်ဖို့ကမ်းလှမ်းခဲ့ဖူးပေမယ့် ငါသာဆို ငါ့ဇာတ်ကားကို အမှတ်တွေအများကြီးပေးမှာပေါ့လို့။ ဒါရိုးရိုးလေး ပြောပြတာပါ။ အခုတော့လဲ အမှတ်ပေးတဲ့ လူကြီးတွေထဲမှာ လဲ ဥပမာ ဆရာဦးစိုးမိုးတို့ ဆိုရင် သူ့ဇာတ်ကားပါတဲ့နှစ်မှာ သူအကဲဖြတ်မလုပ်ပါဘူး။ အဲဒီလိုမျိုးဆိုရင် ဒါမဆိုးဘူး။ အကဲဖြတ်ရတာက ကျွန်တော်တို့ ကရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အတွက် သရုပ်ဆောင်ဘက်မှာတော့ ဒေါင့်စေ့အောင် ကြည့်တတ်တယ်။ နောက်တစ်ခုက လာမယ့်နှစ်အတွက်ကို အကယ်ဒမီအကဲဖြတ်အဖွဲ့ကို ပြန်ပြီး စည်းမျဉ်းစည်းကမ်းတွေရေးဆွဲတယ်။ အဲဒီနေ့မှာ ကျွန်တော်အစည်းအဝေးသွားတက်ပါတယ်။ ကျွန်တော်လိုချင်တာကတော့ ဒီသရုပ်ဆောင်တစ်ယောက်ကို ဒီအကဲဖြတ်ဘုတ်အဖွဲ့က အကဲဖြတ်မယ်ဆိုရင် ဒီမင်းသားကို ဘာ့ကြောင့် ကြိုက်လို့ပေးတယ်။ ဘာကိုကြိုက်တယ်။ အချက်အလက်ရေးကိုရေးရမယ်။ ဘာ့ကြောင့်မကြိုက်လို့ မပေးတာ။ အဲဒါမှ အငြင်းမပွားတော့မှာ။ ဘယ်သူက ဘာပြောလို့ ဆိုတဲ့ ခေါင်းစဉ်ကြီးကိုတော့ အပြင်ကို ထုတ်မယ်မထင်ပါဘူး။ သို့သော် သူတို့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တာမျိုးတို့ မလိုက်နာတဲ့ဟာမျိုးဆိုရင်တော့ မပေးလို့ရတဲ့အနေအထားပေါ့။ ပြောပိုင်ခွင့်ရှိရမယ်။ အခုကျတော့ ကျွန်တော်ကြားတာ မှတ်ချက်တွေမရေးကြဘူး။” လို့ပြောပါတယ်။

အကယ်ဒမီရွှေစင်ရုပ်ထု ၆ဆု ပိုင်ဆိုင်ထားတဲ့ ရန်အောင်က အကယ်ဒမီ ဆုတွေကို မှန်းပြီး မရိုက်ကူးဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ သူတို့ခေတ်က အကယ်ဒမီကို ရင်ခုန်စွာနဲ့ မျှော်လင့်ခဲ့ရတာဖြစ်ကြောင်းကိုလဲ ရန်အောင်က… “အကယ်ဒမီဆိုတာ နတ်တကယ်ကြီးပါတယ်။ ကျွန်တော်တို့ ဆုရခဲ့တဲ့ နှစ်တွေတုန်းက အရမ်းကို ကြပ်ပြီး ခက်ခဲပါတယ်။ ကျွန်တော်တို့ ရခဲ့တဲ့ နှစ်တွေတုန်းက အကဲဖြတ် ဒိုင်တွေက ဘယ်သူတွေမှန်းကို မသိတာ။ တစ်ယောက်ထဲမဟုတ်ဘူး။ အဖွဲ့လိုက်ဆိုတော့ ကျွန်တော်တို့က အနံ့လိုက်ခံတာပေါ့။ ကျွန်တော်ရမှာလား။ ဟိုလူ့ကိုလဲ  ဘာသဲလွန်စများပေးမလဲဆိုပြီး လိုက်မေးတာ။ တစ်ယောက်မှ မဖြေခဲ့ဖူးဘူး။ လူကြီးတွေ တအားနှုတ်လုံခဲ့တယ်။ ဘယ်လိုလက်ဆောင်ပဏ္ဍာမှ သွားပေးပြီး မေးလို့မရတာ။ အဲဒီတုန်းက တအားတင်းကျပ်တယ်။ ရခဲ့တဲ့ဆုတွေက တန်တယ်လို့ ယူဆတယ်။ အဲဒီခေတ်က ဆိုရင် ဥပမာ ညမင်းသားဆိုတဲ့ ဇာတ်ကားပေါ့။ ရိုက်တာနဲ့ ရုံတင်တာ ၆နှစ်ကြာတယ်။ ၁၉၉၉မှာ အဲဒီဇာတ်ကားက အကယ်ဒမီရတယ်။ အဲဒီတုန်းက လွန်ရောကျွန်ရော ရိုက်ပြီးရုံပေါ်အရောက်ဆိုရင် ၁နှစ်ပဲကြာတယ်။ အဲဒီတစ်နှစ်မှာ ရုံပေါ်တန်းရောက်သွားမယ်ဆိုရင် ကျွန်တော်အကယ်ဒမီရချင်မှရမယ် ထင်တယ်။ ၆နှစ်ကြာသွားမှ အကယ်ဒမီရတယ်။ အဲဒီနှစ်မှာ ပြိုင်ဘက်မရှိတာမျိုးတွေပေါ့။ ကျွန်တော်နဲ့ပြိုင်မယ့်လူမရှိရင် လွတ်လွတ်ကျွတ်ကျွတ်နဲ့ရတာပေါ့။ နတ်ကြီးတယ်ဆိုတာ အဲဒါပြောတာ။ အခုလဲ အကုန်လုံးက အကယ်ဒမီတွေမှန်းပြီး ကျိတ်ရိုက်နေကြတာပဲ။ ရုံပေါ်အလုအယက်တင်ကြတယ်။ ပြီးတော့မှ စာရင်းတွေ ကြည့်ပြီးတော့ ဟိုဇာတ်ကားကလဲ တအားကောင်းတယ်။ ငါ့ဇာတ်ကားကလဲ တအားကြိုးစားထားတယ်။ ဟာ သွားပါပြီကွာ ဆိုပြီး ရှိတာပေါ့။ အဲဒီလိုမျိုးတွေ မှန်းရိုက်ကြတာပေါ့။ ကျွန်တော့်တုန်းက မှန်းကို မမှန်းခဲ့တာ။ အလုပ်ကိုတော့ အလုပ်နဲ့တူအောင်ကြိုးစားခဲ့တယ်။ အဲဒါကြောင့်လဲ ရတာဖြစ်ပါလိမ့်မယ်။” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071