ဇင်ဝိုင်းက ဒါရိုက်တာဇော်မျိုး ရိုက်ကူးပုံဖော်တဲ့ “အမည် ပေါက်နှင့်ကျူး” ရုပ်ရှင်ဇာတ်ကားကြီး မှာ မြင့်မြတ်၊ ဇော်ဦး၊ ဇော်ဝင်းနိုင်၊ ဒိန်း ဒေါင်၊ ငှက်ပျောကြော်၊ အိချောပို၊ မေကဗျာ၊ စိုးမိုးကြည်၊ အခြား အနုပညာရှင်ပေါင်း များစွာနဲ့အတူ ပုံဖော် ရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားမှာ ပါဝင်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ဇင်ဝိုင်းက…
“ကျွန်တော်က ကြွယ်ဝတဲ့ သူဋ္ဌေးကြီး၊ ကျွန်တော်ပိုင်တဲ့ မြေကွက်ပေါ်မှာ သူများတွေက ကျူး ကျော်နေကြတယ်။ အဲဒီမှာ ကျွန် တော်နဲ့ ပဋိပက္ခဖြစ်တယ်။ အဲဒီလို ဇာတ်လမ်းလေးပါ။ ဇာတ်လည်း ကြိုက်ပါတယ်။ ရိုက်ကူးတဲ့ ကိုဖိုးဝက ကျွန်တော့် ဘော်ဒါတွေပါ”လို့ ပြောပါ တယ်။
ဒီနှစ်အကယ်ဒမီပွဲ မှာတော့ ဇင်ဝိုင်း ပါဝင် သရုပ်ဆောင်ထားတဲ့ “ချစ်လှစွာ သောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ လည်း ပရိသတ်တွေ အနေနဲ့ ဇင်ဝိုင်းကို အကယ်ဒမီ မှန်းထားကြတယ်လို့ သိရပါ တယ်။ အကယ်ဒမီ ပေးပွဲလည်း နီးလာပြီ ဖြစ်တဲ့အတွက် အကယ်ဒမီ ရင်ခုန်သံ နဲ့ ပတ်သက်ပြီး ဇင်ဝိုင်းကိုမေး ကြည့်တော့
“ပရိသတ်တွေ ကတော့ ထင်ကြေး ပေးနေတာပေါ့လေ။ သို့သော်လည်း ဒါမျိုးက တကယ်ရမှ သာလျှင် သေချာ တာပါ။ အဲဒီတော့ ကျွန်တော် မျှော်လင့်ပါတယ်။ ထင်ကြေး ပေးတဲ့ အတွက်လည်း ဝမ်းသာ ပါတယ်။ မျှော်လင့်ပေမယ့် လည်း သတိလေးနဲ့ပဲ မျှော် လင့်ပါတယ်။ အကယ်ဒမီ ဆို တာက ကိုယ်ဘယ် လောက် ပဲတော်တော် ကိုယ့်ထက် တော်တဲ့သူရှိရင်သူများ ရသွားနိုင်တယ်ပေါ့”လို့ ပြောပါတယ်။
တွယ်တာ
