Wednesday, May 21, 2025

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ အနောက်တောင်မုတ်...

မြန်မာနိုင်ငံအနှံ ဖြတ်သန်းဝင်ရောက်ကာ နိုင်ငံအနှံ မိုးရွာသွန်းစေသည့် အနောက်တောင်မုတ်သုန်လေသည် ယနေ့ မေလ (၂၁) ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ...

ယူကရိန်းနှင့်ထပ်မံဆက်သွယ်ဆောင်ရွက်ဖို့အဆင်သင့်ရှိ–မော်စကို

မော်စကို၊မေ ၂၀ မော်စကိုအနေဖြင့် ကိဗ်နှင့်ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားရန်အဆင်သင့်ရှိနေပြီး ဖြစ်နိုင်ခြေရှိသည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကိုလည်း အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ ရုရှားအနေဖြင့် နှစ်ဖက်ပဋိပက္ခအကျပ်အတည်းအတွက် မျှတပြီးနောက်ဆုံးဖြစ်မည့် ဖြေရှင်းရေးနည်းလမ်းအား ဖော်ဆောင်လိုသည့် ၎င်း၏ဆန္ဒကိုထပ်‌လေ-ာင်းအတည်ပြုပြောကြားခဲ့ကာ ပဋိပက္ခဖြေရှင်းနိုင်ရန်အတွက်...

ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ သတ်မှတ်

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိသတ်မှတ်ထားကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင်လည်း...

မတူကွဲပြားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းမည့်အိန္ဒိယနှင့်ပါကစ္စတန်ကို တရုတ်ကကြိုဆိုထောက်ခံ

ပေကျင်း၊မေ ၂၀ ပါကစ္စတန်နှင့်အိန္ဒိယတို့သည် ၎င်းတို့အကြားရှိမတူကွဲပြားမှုများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြီးပြည့်စုံသော ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ရရှိရန် ကြိုးပမ်းမည့်အပေါ် ကြိုဆိုထောက်ခံသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့်...
HomeInternationalဟွန်ဒါနှင့်ဂျီအမ်တို့ပေါင်း၍ ဟိုက်ဒရိုဂျင်လောင်စာသုံးစနစ်ကိုစတင်ထုတ်လုပ်မည်

ဟွန်ဒါနှင့်ဂျီအမ်တို့ပေါင်း၍ ဟိုက်ဒရိုဂျင်လောင်စာသုံးစနစ်ကိုစတင်ထုတ်လုပ်မည်

တိုကျို၊ဖေဖော်ဝါရီ ၂

ဂျပန်နိုင်ငံမှဟွန်ဒါ‌မော်တာကုမ္ပဏီသည် ယခုနှစ်အတွင်း အ မေရိက ဂျီအမ်မော်တာကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ထားသည့် ဟိုက်ဒရိုဂျင်လောင်စာသုံးစနစ်သစ်ကို စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါလောင်စာစနစ်အား ဟိုက်ဒရိုဂျင်လုပ်ငန်းကို ချဲ့ထွင်ရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် ယခုဆယ်စုနှစ်အတွင်းရောင်းအားကိုအရှိန်မြှင့်မည်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ဟွန်ဒါသည် ယခုဆယ်စုနှစ်လယ်၌ လောင်စာ ဆဲလ် စနစ်သစ်သုံး မော်တော်ယာဉ်နှစ်စဉ်ရောင်းချမှုအား အစီးရေ ၂,၀၀၀ ခန့်အထိ ရည်ရွယ်ထားပြီး ၂၀၃၀ ပြည့်နှစ်အထိ တစ်နှစ်လျှင်အစီးရေ ၆၀,၀၀၀ အထိ မြှင့်တင်ရန်ရည်မှန်းထားသည်ဟု ကုမ္ပဏီက ဖေဖော်ဝါရီလ ၂ ရက်တွင်ပြောကြားခဲ့သည်။

ဟွန်ဒါသည် ဟိုက်ဒရိုဂျင်သုံးလောင်စာကို ကိုယ်ပိုင်လျှပ်စစ်ယာဉ် (FCEV) များအတွက်သာမကဘဲ အကြီးစားထရပ်ကားများ၊ဓာတ်အားပေးစက်ရုံများနှင့် ဆောက်လုပ်ရေးစက်ပစ္စည်းများတွင်ပါ တိုးချဲ့အသုံးပြုရန်ကြိုးပမ်းနေကြောင်းသိရသည်။

ဟွန်ဒါသည် ဂျီအမ်နှင့်ဖက်စပ်လုပ်ကိုင်ထားသည့် ဟိုက်ဒရိုဂျင်လောင်စာစနစ်ကို ယခုနှစ်အတွင်း စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း ဟွန်ဒါ အကြီးတန်းစီမံခန့်ခွဲမှု အမှုဆောင် ဒါရိုက်တာ ရှင်းဂျိအိုရိုမာက တိုကျို၌ပြုလုပ်သည့် ကုမ္ပဏီပွဲအတွင်း သတင်းထောက်များအားပြောကြားခဲ့ကြောင်းလည်းသိရသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ အနောက်တောင်မုတ် သုံလေ စတင်ဝင်ရောက်

မြန်မာနိုင်ငံအနှံ ဖြတ်သန်းဝင်ရောက်ကာ နိုင်ငံအနှံ မိုးရွာသွန်းစေသည့် အနောက်တောင်မုတ်သုန်လေသည် ယနေ့ မေလ (၂၁) ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ အနောက်တောင်မုတ်သုန်လေသည် ပြီးခဲ့သည့် မေလ (၁၃) ရက်က မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်ခဲ့ပြီး မေလ (၁၇) ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဖြတ်သန်းဝင်ရောက်ခဲ့ပြီးဖြစ်သည်။ အဆိုပါ မုတ်သုန်လေဝင်ရောက်မှုအရှိန်နှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့မွန်းတည့် (၁၂) နာရီမှ မွန်းလွဲ (၁) နာရီအတွင်း မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံး၊ မိုင်းငေါ့၊ လားရှိူး၊...

ယူကရိန်းနှင့်ထပ်မံဆက်သွယ်ဆောင်ရွက်ဖို့အဆင်သင့်ရှိ–မော်စကို

မော်စကို၊မေ ၂၀ မော်စကိုအနေဖြင့် ကိဗ်နှင့်ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားရန်အဆင်သင့်ရှိနေပြီး ဖြစ်နိုင်ခြေရှိသည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကိုလည်း အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ ရုရှားအနေဖြင့် နှစ်ဖက်ပဋိပက္ခအကျပ်အတည်းအတွက် မျှတပြီးနောက်ဆုံးဖြစ်မည့် ဖြေရှင်းရေးနည်းလမ်းအား ဖော်ဆောင်လိုသည့် ၎င်း၏ဆန္ဒကိုထပ်‌လေ-ာင်းအတည်ပြုပြောကြားခဲ့ကာ ပဋိပက္ခဖြေရှင်းနိုင်ရန်အတွက် ပြဿနာဖြစ်ရသည့်အရင်းခံအကြောင်းများကို မဖြေရှင်းဘဲပဲ ပဋိပက္ခကိုမ‌ဖြေရှင်း နိုင်ကြောင်း ၎င်းက ‌ပြောကြားခဲ့သည်။ ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ငြိမ်းချမ်းရေးစာချုပ်နှင့်အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ရန်အတွက် နှစ်ဖက်အဆက်အသွယ်များပြုလုပ်ဖို့ ရုရှားရောကိဗ်ပါအဆင်သင့်ပြင်ဆင်ထားရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်းကြားရှိ ထိတွေ့ဆက်သွယ်မှု အသစ်များကို လက်ခံကြိုဆိုကြောင်း ၎င်းကပြောကြားခဲ့သော်လည်း နားလည်မှုစာချွန်လွှာကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေးအတွက် ရက်သတ်မှတ်ထားခြင်းမျိုးမရှိကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့ကလည်း ရုရှားသမ္မတနှင့်အမေရိကန်သမ္မတတို့သည် မကြာသေးမီကအစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်းတွေ့ဆုံဆွေးနွေးမှုနှင့်နှစ်ဖက်ကြားပဋိပက္ခအရေးများနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြသေးသည်။ Source : ရှင်းဟွာ

ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ သတ်မှတ်

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိသတ်မှတ်ထားကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။ ကျောင်းအုပ်ဆရာ၊ ဆရာမများ အားလုံးအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းကို မပြုလုပ်ရန် အသိပေးထားသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့်ကျောင်း သား၊ ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုလည်းအခမဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071