Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalဟွန်ဆန်နှင့်ဖုန်းပြောအသံဖိုင်ပေါ-က်ကြားခဲ့မှု ပေတုံတန် ကာကွယ်ပြောဆို

ဟွန်ဆန်နှင့်ဖုန်းပြောအသံဖိုင်ပေါ-က်ကြားခဲ့မှု ပေတုံတန် ကာကွယ်ပြောဆို

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ရန် ဒေသဆိုင်ရာ ထိုင်းတပ်မှူးတစ်ဦးကို သူကတို-က်တွန်းထားသည့် ဖုန်းပြောဆိုမှုပေါ-က်ကြားခဲ့ပြီးနောက်တွင် ဟွန်ဆန်နှင့် ပုဂ္ဂိုလ်ရေးဖုန်းပြောဆိုမှုကို ထပ်လုပ်တော့မည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက ပြောဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာသည့် ကိုးမိနစ်စာ အသံဖိုင်သည် သူ၏ အသံဖြစ်ကြောင်း မစ္စပေတုံတန်က ဗုဒ္ဓဟူးနေ့တွင်ပင်ဝန်ခံခဲ့သည်။ သူနှင့် ဟွန်ဆန်သည် စကားပြန်တစ်ဦးအကူအညီဖြင့် တနင်္ဂနွေနေ့က ထိုင်း၊ ခမာ ဘာသာစကားတို့သုံးကာ ဖုန်းဆက်သွယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အသံဖိုင်အစတွင် သာကြောင်းမာကြောင်း၊ တစ်ဦးနှင့်တစ်ဦး နှုတ်ခွန်းဆက် ပြောဆိုခဲ့ကြပြီးနောက်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးယိုယွင်းစေခဲ့သည့် နယ်စပ်အငြင်းပွားမှုအကြောင်း ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံစလုံးတွင် ငြိမ်းချမ်းစေရန် သူနှင့်ဟွန်ဆန်တို့ တူညီသော သဘောထားရှိကြကြောင်း မစ္စပေတုံတန်က ပြောဆိုထားခဲ့သည်။

ဟွန်ဆန်ကို “ဦးလေး” ဟု သူကသုံးနှုန်းပြောဆိုခဲ့ကာ ဟွန်ဆန်အနေဖြင့် မိမိတို့ အတို-က်အခံတစ်ဦးဖြစ်သော ဒုတိယစစ်တိုင်းမှူးကဲ့သို့ မိမိတို့နှင့် သဘောထားကွဲလွဲသူများ၏ စကားကို နားမဝင်စေလိုကြောင်း၊ သူပြောခဲ့သော စကားများကြောင့် ဝမ်းနည်း စိတ်မကောင်းမဖြစ်စေလိုကြောင်းနှင့် ယင်းပြောကြားချက်များသည် မိမိတို့၏ ရည်ရွယ်ချက်မဟုတ်ပါကြောင်း ပေတုံတန်က ပြောဆိုထားခဲ့သည်။

ပေတုံတန်ပြောဆိုသည့် ဒုတိယတိုင်းမှူးဆိုသည်မှာ ထိုင်းအရှေ့မြောက်ပိုင်းဒေသကို တာဝန်ယူရသည့် ဒုတိယစစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Paadklang ဖြစ်သည်။ ထိုင်းနိုင်ငံသည် တို-က်ရန်အသင့်ဖြစ်ပြီဟု ဒုဗိုလ်ချုပ်ကြီး၏ ပြောဆိုခဲ့မှုကြောင့် ဟွန်ဆန်ကို ဒေါသထွက်စေခဲ့သည်။

သူ့အနေဖြင့် ဟွန်ဆန်နှင့် ပုဂ္ဂိုလ်ရေးအရ အလွတ်သဘောပြောဆိုရာတွင် စိတ်တည်ငြိမ်စေရန် ကြိုးစားခဲ့ရသည်ဟု ပေတုံတန်က ပြောဆိုခဲ့သည်။

စကားပြောဆိုခြင်း အတတ်ပညာအရ ထုတ်မပြောသင့်ကြောင်း ကာကွယ်ရေးဝန်ကြီး၊ ဝန်ကြီးချုပ်၏ အတွင်းရေးမှူးချုပ်တို့နှင့်အတူ မိုက်ခရိုဖုန်းရှေ့တွင် ရပ်ရင်းပေတုံတန်က ပြောဆိုခဲ့သည်။

“နိုင်ငံတော်ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ကျမယူဆပြီး ပျော့ပြောင်းတဲ့ စကားလုံးတွေ သုံးခဲ့ပါတယ်” ဟု သူကပြောဆိုပြီး သူသည်ပုံမှန်အားဖြင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုကြရာတွင် ဟွန်ဆန်ကို ဦးလေးဟု ခေါ်ဆိုလေ့ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဟွန်ဆန်ကလည်း ဇွန်လ ၁၅ ရက်က ၁၇ မိနစ်ကြာ ဖုန်းပြောဆိုမှုကို အသံသွင်းထားခဲ့ကြောင်း ဆိုရှယ်မီဒီယာပို့စ်တွင် အတည်ပြုပြောဆိုခဲ့သည်။ သူ့အနေဖြင့် နားလည်မှုလွဲမှားခြင်းများ မဖြစ်လိုသောကြောင့် ထိုင်းအာဏာပိုင်များထံ အသံဖိုင်အပြည့်အစုံကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်ဟု ခမာတိုင်းမ်စ်သတင်းဌာနက ဖော်ပြခဲ့သည်။

အသံဖိုင်ကောက်နှုတ်ချက် ပေါ-က်ကြားခဲ့သည်ဆိုသည်ကိုမူ သူကငြင်းဆိုခဲ့ပြီး သူသည်အသံဖိုင်ကို နိုင်ငံမှ တာဝန်ရှိသူ ၈၀ ခန့်ကို မျှဝေခဲ့ကြောင်း ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071