Monday, February 2, 2026

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော...

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲ

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲအား ဖေဖော်ဝါရီ ၁ ရက်(တပေါင်းလပြည့်နေ့)နံနက်ပိုင်းကကျင်းပရာ လာရောက်ပူဇော်သူများဖြင့် စည်ကားများပြားလျက်ရှိသည့် မြင်ကွင်းပုံရိပ်များအား စုစည်းဖော်ပြလိုက်ရပါသည်။ Photo-ပြည်ရွှေဆံတော်ဂေါပကအဖွဲ့
HomePoemဟိုတစ်နေ့က ညနေ

ဟိုတစ်နေ့က ညနေ

ရေကြည်ရာ ဗွက်ထသွားတဲ့ညနေဟာ
လေးနဲ့ ပစ်ခွင်းခံလိုက်ရတဲ့
သားသမင်များလို
ပြေးပြေးလွှားလွှားနဲ့
တောခြောက်သံအမှားတွေကြား
အနာဂတ်တို့ ကျိုး, မွ,ကြေ
အဲဒီနေရာကို………
ဘယ်အမျိုးမှ ကရုဏာတေးမဖွဲ့
အဲဒီကမ္ဘာကို……
ရက်စက်ခြင်းမိုးရေတို့ ပိုးစိုးပက်စက်
မစာနာခြင်းမိုးသားတို့
အတိုးအားနဲ့မညှာမတာရွာချ
သူခိုး ဓားပြ ခေါင်းစဉ်တပ်လို့
ရွာ့အပြင်ဘက်မှာ
ဖြုတ်, ထုတ်,သတ်,ကွပ်မျက်လိုက် ကြတယ်။
အဲဒီနေ့က အော်သံ……
အဲဒီနေ့က တော်လှန်ခြင်း……
အဲဒီနေ့က မလျှော်ကန်ခြင်း……
ကောင်းကင်နံရံတွေပါ ပဲ့တင်ထပ်
ကြယ်အစင်းစင်း တာရာအလင်းတို့
မျက်ရည်နဲ့ဒူးထောက်
သိမ်မွေ့ခြင်း စကားသံတို့
ကာရန်မဲ့စည်းဖောက်
ဒဏ်ရာတွေစောက်နက်သွားတဲ့ ညနေဟာ
ခေါင်းမော့ ရင်ကော့လို့
ထပ်စိန်ခေါ်လိုက်ပြန်တယ်……
ဘယ်ဘဝက
ဝဋ်နာ ကံနာတွေလဲ
လောကဓံရေ………
ထားရာနေ စေရာသွား
ငါတို့က ဇာတ်တူသားတွေ
ဓား ဓားချင်းမခုတ်လို
တရား တရားချင်ထုတ်ဆို
ငါတို့က မင်းလက်ခုပ်ထဲကရေ
အခုလည်းသေလို့……။
အရိပ်မဲ့ဖို့ အခက်ြွေခ
အနာဂတ်ဆက်ဖို့ သောကအထွေထွေ
ကဲ မျက်ရည်တွေကို ရပ်ကြည့်နေတဲ့
ကောင်းကင်ရေ……
ဒီထက်မြင့်ချင်သေးရင်
ငါတို့ ဇက်ကုပ်ပေါ်တက်ထိုင်
ရေရေရာရာတရားတွေ ကိုင်ထား
ငါ မှန်သောစကား ဆိုပါရစေ………
အို………သမ္မာအာဇီဝနေ့ရက်မြတ်တို့
ငါတို့ကို သနားသောအားဖြင့်
နာမည်လှလှလေးထပ်ပေးပါ
“တော်တော်တရား
ဓားစားသွားတဲ့ ညနေများ”လို့……။ ။
သူ့ထက်ကဲ(မန်း)

Ads Space Available


Continue reading

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မင်းကင်းမြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့်အကွာ၊ အနက် (၃၂) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၃ ဒသမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၁၁ နှစ်တာကာလအတွင် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ် (၂၅၄,၁၀၀) ကျော် ပျ-က်ဆီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နေအိမ်အများအပြား ပျ-က်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ ၈ နှစ်တာကာလအတွင်း နေအိမ်ပေါင်း(၈၆,၀၀၀) ကျော်ကို လေပြင်းဒ-ဏ်ခံနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာရိပ်သာကြီးများ၏ ပဓာနနာယကဆရာ တော်၏ ဝိဇာတနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို ဖေဖော်ဝါရီလ (၁) ရက်၊ တပို့တွဲလပြည့်နေ့က သုဓမ္မစာရီ ကလေးဝဗိမာန်တွင် ကျင်းပခဲ့သည်။ ပူဇော်ပွဲသို့ သက်တော်ရှည်ဆရာတော်ကြီးများအပါအဝင် ဆရာတော်ကြီး (၁၀) ပါးပင့်ဆောင်တော်မူပြီး နမောတဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခန်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကသာမြို့၊ ကျောက်ထုံးကြီး ကျောင်းတိုက်ဆရာတော်ထံမှ ပရိသတ်များက (၅) ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဘုတလင်မြို့နယ် သက်တော်ရှည် တောဝေးဆ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071