Thursday, May 28, 2026

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက်...

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့်...

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့်...
HomeCelebrities' Newsဟာသဇာတ်ကားရိုက်ကူးမှုတွေအပေါ် ဝေဖန်ကြတာနဲ့ပတ်သက်ပြီး ...

ဟာသဇာတ်ကားရိုက်ကူးမှုတွေအပေါ် ဝေဖန်ကြတာနဲ့ပတ်သက်ပြီး ဒါရိုက်တာ ကျော်ဇောလင်း ဘာပြောလဲ

လက်ရှိမြန်မာဇာတ်ကားတွေမှာလည်း ပေါကားဆိုတဲ့ စကားလုံးတွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရ သလို အထူးသဖြင့် ဟာသဇာတ်ကားရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီးလည်း ဖေ့စ်ဘုတ်ခ်စာမျက်နှာများမှာ ဝေဖန်ရေး သားကြပါတယ်။ ဟာသဇာတ်ကားတွေကို စွဲစွဲမြဲမြဲရိုက်ကူးနေတဲ့ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)ကလည်း ဟာသဇာတ်ကားတွေကို သူဘယ်လိုပုံဖော်သလဲဆိုတာကို အခုလိုပြောပြပါတယ်။

”ကျွန်တော်က အရင်ကလည်းမင်းသားကြီး ဦးကျော်ဟိန်းနဲ့ လေးငါးနှစ်လောက် ဗီဒီယိုဇာတ်ကားတွေ ရိုက်ခဲ့ပါ တယ်။ အဲဒီအချိန်တုန်းကတော့ ဦးကျော်ဟိန်းနဲ့ လိုက်ဖက်မှုရှိတဲ့ ဒရာမာဇာတ်ကားတွေ၊ အကျိုး ပြုဇာတ်ကားတွေကိုပဲ နှစ်ရှည်လများရိုက်ခဲ့တာပါ။ ဒီဘက်ခေတ်ကို ပြောင်းသွားတဲ့အခါမှာ လက်ရှိမြန်မာ ရုပ်ရှင်ကြည့် ပရိသတ်အားလုံးက စိတ်ချမ်းသာချင်ကြတဲ့အတွက် ဟာသကို လက်ခံအားပေးကြတဲ့အတွက် ကျွန်တော်တို့ကလည်း ဟာသကို ရိုက်ကူးရတယ်။ ဟာသကို ရသမတူအောင် မြန်မာ ပေါကားဆိုတဲ့ စာရင်းထဲမဝင်အောင် ဝမ်းစာဖြည့်တင်းပြီး နေ့စဉ်ကျွန်တော်တို့ လမ်း ကြောင်းကို ချီတက်နေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ် ရေးနဲ့ဟာသနဲ့ ၅၂၈ ရောထားတဲ့ ဇာတ်လမ်းပုံစံလေးကိုရိုက်မှာပါ။ ရန်အောင်၊ ရဲ အောင်၊ လွင်မိုး၊ လူမင်း၊မို့မို့မြင့်အောင်၊ ပိုင် ဖြိုးသုတို့နဲ့ ‘ဘယ်သူ့ကို အဖေခေါ်ရမှာလဲ’ ဆိုတဲ့ဇာတ်ကားကို အောင်ပန်းမှာ ရိုက်မှာပါ”လို့ ပြောပြပါတယ်။

လက်ရှိဝေဖန်သံတွေအပေါ်မှာတော့ ဒါရိုက်တာကျော်ဇောလင်းက ခံစား မနေတော့ဘူးဆိုတဲ့ စကားသံက …

”ကျွန်တော်တို့ နိုင်ငံ့အရေးတွေ၊ လိုချင်တဲ့ငြိမ်းချမ်းရေးတွေ၊ ပဋိပက္ခတွေ၊ ဖေ့စ်ဘုတ်ခ်ဂယက်တွေ၊ အခြားခြားသော မိသားစုအခက် အခဲတွေနဲ့ မွန်းကျပ်နေတဲ့ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ခဏ လောက် အမောပြေစေဖို့ ဟာသဇာတ်ကားတွေရိုက်တယ်။ အနုပညာ အလုပ်လုပ်တယ်တယ်ဆိုတာ ဘယ်လောက်ခက်ခဲသလဲ၊ ဘယ်လောက် နက်နဲသလဲ၊ ဘယ်လောက်ပင်ပန်းသလဲဆိုတာ လုပ်ဖူးတဲ့ ကာယကံရှင် တွေ သိပါတယ်။ ခံစားနားလည်တတ်တဲ့ ပရိသတ်တွေသိပါတယ်။ ခံစား နားလည်မှုမပေးနိုင်ဘူး။ စိတ်ပါဝင်စားမှု မရှိဘူး။ ဝေဖန်ရရင်ပြီးရော ကိုယ်ပြောခွင့်ရတဲ့အချိန်မှာ ပြောရပြီးရောဆိုတဲ့လူတွေရဲ့ ပြောစကားတွေ ကိုတော့ ကျွန်တော်က လိုက်ပြီးခံစားမနေပါဘူးဗျာ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးမှုရှိနေတဲ့၊ ကျွန်တော်တို့နဲ့ စဉ်ဆက်မပြတ်ထိတွေ့နေ တဲ့ ပရိသတ်အတွက် တာဝန်ကျေဖို့ပဲ နေ့စဉ်နဲ့အမျှ ကျွန်တော်ကြိုးစားနေ ပါတယ်”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်၊ မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071