Monday, December 15, 2025

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...

နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်...

ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် နိုင်ငံသားစိစစ်‌ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မဲဆန္ဒရှင်ပြည်သူများအား နှိုးဆော်အသိပေးနိုင်ရန် နိုင်ငံရေးပါတီများသို့ ပြည်ထောင်စုကော်မရှင်က...
HomeInternationalဟာပင်း၏ ​ရေခဲနန်း​တော် အ​ကြောင်း

ဟာပင်း၏ ​ရေခဲနန်း​တော် အ​ကြောင်း

တရုတ်ပြည်တွင်း၌ ခရီးသွားလျှင်​တောင် ​နေရာမတူလျှင် ခံစားရသည့် အရသာ​တွေ မတူ​ပေ။

တရုတ်ပြည် အရှေ့မြောက်ဘက်သည် ခမ်းနားသော မြောက်ဘက်ရှုခင်း၊ ရေခဲနှင့် နှင်းများ၊မြို့ကြီး ပြကြီး လူအုပ်ကြီးနှင့်ဝေးကွာသော အေးချမ်းသာယာသောမြေ၊ ရောင်စုံတောက်ပသောကမ္ဘာမှသည် ဖြူစင်သောအဖြူရောင်ကမ္ဘာကို​ရောက်သလိုမျိုး၊ နှင်းထုများပြည့်နှက်နေသော ခေတ်သစ်မြို့ကြီး ဟာပင်း သည် ဆောင်းရာသီ ပွဲတော်​ကြောင့်နာမည်​ကျော်​လေသည်။

ဆောင်းရာသီတွင် Harbin Ice and Snow Festival ကျင်းပ​လေ့ရှိပြီး နိုင်ငံတကာ​ရေခဲပန်းပု ပြပွဲ ကအဓိကလည်ပတ်စရာပင်။

စတုရန်းမီတာ ၆​သောင်း ကျယ်သော နတ်သမီးနယ်မြေထဲသို့ လျှောက်သွားကာ မယုံနိုင်စရာ အနုပညာမြောက်သည့် နှင်းပန်းပုများကို အနီးကပ်ကြည့်ရှု ဓါတ်ပုံရိုက်ကြရသည်က မ​မောနိုင်။

အေးမြသောနှင်းကို အသက် သွင်းပေးသော လက်မှုပညာသည်များ၏ စွမ်းရည်ကမအံ့သြဘဲ မ​နေနိုင် ဖြစ်စေမည်ဖြစ်သည်။

အနီးနားတွင်လည်း ဆိုက်​ဘေးရီးယန်း ကျားဥယျာဥ်ရှိကာ မျိုးသုဉ်းလုနီးပါးဖြစ်နေသော ဆိုက်ဘေးရီးယားကျားများမွေးမြူရေးစင်တာရှိသည်။ ဆိုက်ဘေးရီးယား ကျားကောင်ရေ ၁၃၀၀ ကျော်ကို မွေးမြူထားသည်။ မတူညီသောကျားမျိုးစိတ်များ (ဆိုက်ဘေးရီးယားကျား၊ ကျားဖြူ၊ ခြင်္သေ့ဖြူ၊ ကျားသစ်၊ လီဂါစသည်ဖြင့်) ကို​လေ့လာကြည့်ရှုပြီး သဘာဝတရားအ​ကြောင်း ​တွေးမိ​နေ​စေမည်။

Harbin International Ice and Snow Festival ကို ညဖက်လည်း ထပ်ထွက်ကြည့်​လေ့ရှိကြသည်။

ရောင်စုံ LED မီးများဖြင့် အရောင်ခြယ်ထားသော ရေခဲနှင့် နှင်းပန်းပု ​ထောင်​ကျော်ကပွဲ​တော်၏အဓိကအလှဖြစ်သည်။

ပွဲ​တော်​တွေရဲ့လှုပ်ရှားတက်ကြွမှုကိုအာရုံ​နောက်သည်ဆိုပါကလည်းလူသူ​ဝေးသည့်​တောင်​ပေါ်​ဟော်တယ်များရှိသည်။တိတ်ဆိတ်​ခြင်း၏အသံကို ခံစားရင်း လှို့ဝှက်​သေားနှင်းက လူ​တွေကို ဖမ်းစားနိုင်​လေသည်။

ကမ္ဘာ့အရှည်လျားဆုံးနှင်း လျှောစီးခြင်း၊ ရေခဲတောင်တက်ခြင်း၊ စကိတ်စီးခြင်းစသည်ဖြင့် ပျော်ရွှင်မှု​တွေရွေးချယ်စရာ​ပေါလှသည့် ဟာပင်းကို ဒီ​ဆောင်းအမှီ သွားကြည့်နိုင်​စေ​ကြောင်းဆု​တောင်းပါသည်။

Ref:chinadiscovery.com

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာ တော်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့အမှူးပြုသော ဆရာတော်၊ သံ ဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၅၄)ပါးတို့အား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071