ဒီနေ့ခေတ် လူငယ်တွေ ကြားမှာ Run Ygn ဆိုတဲ့ Brand ကို ပေါက်အောင်လုပ် ခဲ့တဲ့ SZ ကို သူ့ရဲ့ ဆိုင်သစ်ဖွင့်ပွဲ မှာတွေ့တုန်း သီချင်းတွေ လုံးဝမဆို တော့ဘူးလား ဆိုတာ မေးမြန်းဖြစ်တဲ့အခါ..
“Underground ဘဝတုန်းက ရှိုးပွဲဆိုဖို့ ဆိုတာ ပွဲစီစဉ်တဲ့သူ တွေက ရှင်းရှင်းပြောရလို့ ရှိရင် ကျွန်တော်တို့ကို ရေတောင် မတိုက်ဘူး။ တခြား ကိစ္စတွေ အများကြီးရှိတယ်။ ကျွန်တော်တို့က ရှိုးပွဲဆိုရမယ် ဆိုရင် အရမ်းပျော်နေရတဲ့ အချိန်။ ဘာမှလည်း ပိုက်ဆံ မရဘူး။ အိတ်စိုက် ချည်းပဲ။ အိမ်ကလည်း သူ့စီးပွားနဲ့သူ ဆိုတော့ ကျွန်တော်တို့က ကိုယ့် ပိုက်ဆံနဲ့ကိုယ် လန်းချင်တယ်။ အဓိကက ဟစ်ဟော့ပ်ကို ကြိုက်တယ် ဆိုတာ သီချင်းဆိုတာ တစ်ခုတည်း မဟုတ်ဘူး။ သူ့ရဲ့ Life Style ကိုကြိုက်တယ်။ Movement ကိုကြိုက်တယ်။ Rapper တွေရဲ့ပုံစံ။ အောက် ဆုံးအထိကနေ ထိပ်ဆုံးအထိကို ရောက်အောင် ကြိုးစားတဲ့ ဟာတွေကို အဓိကကြိုက်တာ။ အဲဒါကြောင့် မို့လို့ ကြိုးစား အလုပ်လုပ် ဖစ်ပြီးတော့ ဒီလမ်းကြောင်းပေါ်ကို ရောက် သွားတဲ့အချိန်မှာ အဲဒီဘက်ကို ပြန်မလှည့်ဖြစ်တော့ဘူး”လို့ SZ ကပြောပါတယ်။ ဗိုလ်အောင်ကျော်လမ်းက SZ ရဲ့ Run Ygn ဆိုင်အဟောင်းကနေ ပန်းဆိုးတန်းလမ်း အပေါ်ကို ဆိုင်အသစ်ပြောင်းလဲ ဖွင့်လှစ်ခြင်းကိုတော့ မတ် လ၁ဝရက်၊ နေ့ခင်းက ကျင်းပခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း