ဟင်းသီးဟင်းရွက်များတင်လာသည့် ကားအ တွင်းပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသားများဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊တာ့က်ခရိုင်၊ဟွေ့ယအုစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟွေ့ယအုစစ်ရေးရေးဂိတ်တွင် တာဝန်ကျနေသည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြတ်သန်းလာသည့် ထိုင်းလူမျိုးတစ်ဦးမောင်နှင်လာသော ဟင်းသီးဟင်း ရွက်များတင်ဆောင်လာသည့် ကအားစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးအား ဟင်းသီးဟင်းရွက်များအလယ်၌ ပုန်းခိုလိုက်ပါလာသည်ကိုတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“အသီးအရွက်တွေကြားထဲမှာလိုက်လာတာ အ သီးအရွက်တွေကိုဘေးမှာကာထားပြီး အပေါ်ကနေလည်း အသီးအရွက်တွေအုပ်လိုက်တာ အဲဒီအသီးအရွက်တွေရဲ့အလယ်မှာပေါ့ ကြပ်သိပ်ပြီးလိုက်လာတာတွေ့တယ် ထိုင်းမှာအလုပ်လုပ်ဖို့လာတယ်လို့တော့ ကနဦးသိထားရတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင် ရွက်ပေးနေသူတစ်ဦးကပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၅ ဦးအား ထိုင်းနိုင်ငံကျန်းမာရေးဝန်ထမ်းများက ကိုဗစ် (၁၉)ရောဂါပိုးရှိ၊မရှိစစ်ဆေးကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့သို့လွှဲ ပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။
Zaw Gyi
ဟင္းသီးဟင္း႐ြက္မ်ားတင္လာသည့္ ကားအ တြင္းပုန္းခိုလိုက္ပါလာသည့္ ျမန္မာႏိုင္ငံသားမ်ားဖမ္းဆီးခံရ
ထိုင္းႏိုင္ငံ၊တာ့က္ခ႐ိုင္၊ေဟြ႕ယအုစစ္ေဆးေရးဂိတ္၌ ပူးေပါင္းအဖြဲ႕ဝင္မ်ားက ေဖေဖာ္ဝါရီ ၂၇ ရက္နံနက္ပိုင္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဟြ႕ယအုစစ္ေရးေရးဂိတ္တြင္ တာဝန္က်ေနသည့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားက ျဖတ္သန္းလာသည့္ ထိုင္းလူမ်ိဳးတစ္ဦးေမာင္ႏွင္လာေသာ ဟင္းသီးဟင္း ႐ြက္မ်ားတင္ေဆာင္လာသည့္ ကအားစစ္ေဆးရာမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
တရားမဝင္ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသား ၁၅ ဦးအား ဟင္းသီးဟင္း႐ြက္မ်ားအလယ္၌ ပုန္းခိုလိုက္ပါလာသည္ကိုေတြ႕ရွိရသျဖင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
“အသီးအ႐ြက္ေတြၾကားထဲမွာလိုက္လာတာ အ သီးအ႐ြက္ေတြကိုေဘးမွာကာထားၿပီး အေပၚကေနလည္း အသီးအ႐ြက္ေတြအုပ္လိုက္တာ အဲဒီအသီးအ႐ြက္ေတြရဲ႕အလယ္မွာေပါ့ ၾကပ္သိပ္ၿပီးလိုက္လာတာေတြ႕တယ္ ထိုင္းမွာအလုပ္လုပ္ဖို႔လာတယ္လို႔ေတာ့ ကနဦးသိထားရတယ္”ဟုထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရးေဆာင္ ႐ြက္ေပးေနသူတစ္ဦးကေျပာသည္။
ဖမ္းဆီးခံခဲ့ရသည့္ ျမန္မာႏိုင္ငံသား ၁၅ ဦးအား ထိုင္းႏိုင္ငံက်န္းမာေရးဝန္ထမ္းမ်ားက ကိုဗစ္ (၁၉)ေရာဂါပိုးရွိ၊မရွိစစ္ေဆးကာ ထိုင္းႏိုင္ငံဥပေဒအရအေရးယူႏိုင္ေရးအတြက္ ရဲတပ္ဖြဲ႕သို႔လႊဲ ေျပာင္းအပ္ႏွံခဲ့သည္ဟု သိရသည္။
