Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeCelebrities' Newsသရုပ်ဆောင်ပိုင်းကို ဆက်လက် ကြိုးစားသွားမယ့်...

သရုပ်ဆောင်ပိုင်းကို ဆက်လက် ကြိုးစားသွားမယ့် အဆိုတော် အမွန်း

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့အဆိုတော် အမွန်းကတော့ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ ဂျပန် – မြန်မာ ချစ်ကြည်ရေးပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ဂျပန်-မြန်မာ ချစ်ကြည်ရေးပွဲတော်မှာ ပါဝင်ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး . . .

”အမွန်း ဂျပန်မြန်မာချစ်ကြည်ရေးပွဲတော်မှာ ဆက်တိုက်ဖျော်ဖြေလာတာ အခုဆိုရင် လေး နှစ်လောက် ရှိပါပြီ။ နှစ်တိုင်းဖျော်ဖြေရတော့ အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။ ဒီနှစ်မှာလည်း ပါဝင် ဖျော်ဖြေရတဲ့အတွက် အမွန်းရင်ခုန်ပါတယ်။ ဒီပွဲအတွက် အမွန်းကိုယ်တိုင်ပါဝင်ရေးစပ်ထားတဲ့ အတူ မျှော်မှန်းတဲ့အနာဂတ် သီချင်းကိုအဝင်း (မိုရီဆာကီဝင်း) နဲ့အတူဖျော်ဖြေခဲ့ပါတယ်။ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံရဲ့ မျှော်မှန်းတဲ့အနာဂတ်နဲ့ ဆိုင်တဲ့ သီချင်းရေးဖို့ပြောလာပါတယ်။ အဲဒီ တော့ အဝင်းနဲ့ အမွန်းနဲ့ ပေါင်းပြီးတော့ သူကလည်း ဂျပန်လိုတွေထည့် ကိုယ်ကလည်း မြန်မာလို ဘာသာ ပြန်ပြီးတော့ ထည့်တာပေါ့။ ပြီးတော့ ကိုယ့်ရဲ့ Idea နဲ့ အနာဂတ်အကြောင်းကို မီးမောင်း ထိုးပြတာတွေ အဝင်းကတော့ သံစဉ်ကို အဓိကရေးလိုက်တယ်။ အဲဒီလို နှစ်ယောက်ပေါင်းပြီး ရေး ခဲ့တာတွေလည်း အမှတ်တရပါဘဲ။ ပရိသတ်ကလည်း အရမ်းအားပေးတဲ့ပွဲ တစ်ပွဲပါ။ ဒီနှစ်မှာလည်း အမှတ်တရဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

သူကတော့ ဒါရိုက်တာ အာကာရိုက်ကူးတဲ့ ‘ဒုဌဝတီ ကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင် သရုပ် ဆောင်ထားပါသေးတယ်။ ဒီနှစ်အကယ်ဒမီပွဲရဲ့ ခံစားမှုကို လည်း ဆက်လက်မေးမြန်းခဲ့ရာ . . .

”ဒီနှစ်မှာ အမွန်းအကယ်ဒမီပွဲတက်မှာပါ။ အမွန်းတွက် ပထမ ဆုံးတက်ဖြစ်တာပါ။ ရင်ခုန်တာကတော့ အမွန်းရင်ခုန်ပါတယ်။ ဇာတ် ကားတိုင်းကိုအားပေးဖို့၊ အနုပညာမောင်နှမတွေ အားလုံးကိုအားပေးဖို့ ရှိနေမှာပါ။ အမွန်းကို ပရိသတ်တွေက အရင်သီချင်းရေးတာ သီချင်းဆို တာနဲ့အားပေးကြတယ်။ အခု ရုပ်ရှင်ကားထွက်လာတော့လည်း ပရိသတ်တွေက ချစ်ဖို့ကောင်းတယ်။ အမွန်းကိုအရမ်းအားပေးကြပါတယ်။ တချို့ပရိသတ် တွေကတော့ သူတို့မျှော်မှန်းထားသလို သရုပ်ဆောင်နိုင်တယ်လို့ပြောကြတယ်။ တချို့ကတော့ ဒီလိုသရုပ်ဆောင်နိုင်မယ်လို့မျှော်မှန်မထားဘူး။ ဒါပေမဲ့ တကယ် ရုပ်ရှင်ကားထွက်လာတဲ့အချိန်မှာ သူတို့ကြိုက်ကြတယ်။ ဆက်ပြီး သရုပ်ဆောင် လုပ်ဖို့ပြောကြတယ်။ အဲဒီလိုမျိုးတွေရှိတဲ့အတွက် ဆက်ရိုက်သွားမယ်။ ရုပ်ရှင်ကား တွေကိုလည်း အကောင်းဆုံးကြိုးစား သွားပါမယ်။ နောက်ထပ်လည်း ရုပ်ရှင်ကားတွေ ဆက်ရိုက်သွားပါမယ်” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071