အကောင်းဆုံး ကြိုးစားပြင်ဆင်ခဲ့မှု၊ အနုပညာနဲ့ ပတ်သက်လို့ ပရိသတ် ကိုအကောင်းဆုံး ပေးဆပ် နိုင်မှုတို့ကြောင့် နီနီခင်ဇော် ရဲ့ REDvolution By Ni Ni Khin Zaw Show ကအောင်မြင်ခဲ့တဲ့ ပွဲတစ်ပွဲ လို့ဆိုရ မှာပါ။ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကိုတော့ ဧပြီလ ၁ရက်နေ့ ညပိုင်းက ပြည်သူ့ဥယျာဉ်မှာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ “ရှိုးပွဲပြီး သွားတဲ့အခါမှာ သူငယ်ချင်းတွေ၊ အက အဖွဲ့တွေ ကိုလည်း အရမ်း ကျေးဇူးတင်ပြီးတော့ ပါဝင်ပြီးတော့ ပူးပေါင်း ဖျော်ဖြေကြတဲ့ Music Band တွေ၊ Oxygen၊ ဂီတကဗျာ၊ အားလုံးကို ကျေးဇူး တင်ပါတယ်။ နောက် ပြီးတော့ Team အားလုံး ပင်ပန်းခဲ့ကြတော့ ပင်ပန်းမှုရဲ့ ရလဒ်ကိုပြန် ခံစားရတယ်လို့ ထင်ပါတယ်။ လာပြီး အားပေးကြတဲ့ ပရိသတ်တွေကို လည်း ကျေးဇူးတင်ပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။ ရှိုးနဲ့ပတ်သက်လို့ ရိုးအီသွားတာမျိုး မရှိဘဲ အတိအကျ ဖြစ်အောင် ဖျော်ဖြေသွားနိုင်ခဲ့တဲ့ အပေါ် ကို လည်း မေးဖြစ်တဲ့အခါ “စတိတ်ပေါ်မှာတော့ ရီဟာဇယ် ၂ရက်လုပ်ခဲ့ပါတယ်။ အဲဒီအတွက် နီနီတို့ စိတ်အနှောင့်အယှက် မရှိဘဲနဲ့ ဖျော်ဖြေခဲ့ရပါတယ်။ တကယ့် အတွေ့ အကြုံကောင်းလည်း အများကြီး ရခဲ့ပါတယ်။ ဒါကလည်း ပြည် တွင်းက ကိုအီကြာကွေး တို့ ဦးစီးတဲ့ ရွှေစင်အန်တာတိန်းမန့်ရယ်၊ ထိုင်းနိုင်ငံက MP3 ရယ်ကုမ္ပဏီ၂ခု ပေါင်းပြီး လုပ်တဲ့အတွက် ပိုပြီး တိကျသွားတာပါ” လို့ နီနီခင် ဇော်က ပြောပါတယ်။ အားပေးတဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် နောက်ထပ်ပွဲတွေ မှာလည်း ဖျော်ဖြေ သွားပါဦးမယ်။ လက်ရှိ အတိုင်းအတာထက် ကို မကျေနပ်သေးပါဘူး။ ထပ်သွားပါဦးမယ်လို့လည်း ပြောပြခဲ့ပါတယ်။ သင်္ကြန် မှာတော့ သူမက ရန်ကုန်မှာ ပဲရှိပါမယ်လို့ သိရပါတယ်။
မျိုးမောင်
ဓာတ်ပုံ- အောင်ဇော်မင်း
