ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက်အပါအဝင် သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သည့်နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိသည်။
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ရောင်းချပေးနေသည့် FX Online Trading Platform တွင် အမေရိကန်တစ်ဒေါ်လာ ၃,၆၁၇ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၃ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၅၅၂ ကျပ် ဖြစ်သည်။
ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၄,၄၉၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် ၁၃၈ ကျပ်၊ တရုတ်တစ်ယွမ် ၆၂၇ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
