တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဟိမဝန္တာဒေသရှိ နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် သြဂုတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်က အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များအကြား အေ-သအပျောက်ရှိခဲ့သည့် တို-က်ခို-က်မှုဖြစ်ပွါးပြီးနောက်ပိုင်း ယင်းနယ်စပ်ပြဿနာနှင့်ပတ်သက်၍ ဒုတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဟိမဝန္တာနယ်စပ်၌ ကင်းလှည့်ရေးနှင့်ပတ်သက်၍ သဘောတူညီချက်ရခဲ့ပြီးနောက်ပိုင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်လေကြောင်းခရီးသွားလာမှုတို့အပေါ် ငါးနှစ်ကြာထိခိုက်မှုဖြစ်စေခဲ့သည့် အာရှအင်အားကြီးနှစ်နိုင်ငံအကြားတင်းမာသောဆက်ဆံရေးသည် ပြေလျော့သွားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က အိန္ဒိယပို့ကုန်များအပေါ် အခွန် ကို ၅၀ ရာခိုင်နှုန်းအထိ သ-တ်မှတ်ခဲ့မှုကြောင့် ဆယ်စုနှစ်များစွာတိုးတက်ခဲ့သော အမေရိက-အိန္ဒိယဆက်ဆံရေးတွင် တင်းမာမှုအသစ်များပေါ်ပေါက်လာကာ အိန္ဒိယ-တရုတ် ဆက်ဆံရေးသည် မကြာခင်ရက်သတ္တပတ်များအတွင်း ပိုမိုတိုးတက်လာခဲ့သည်ဟု လေ့လာသူများက ပြောကြားခဲ့ကြသည်။
ref: သ်စထရိတ်တိုင်းမ်စ်
