ပြီးခဲ့သည့် မေ ၂၂ ရက်နံနက်ပိုင်းက မရမ်းကုန်းမြို့ နယ်နေ သံအမတ်ကြီး(ငြိမ်း)ဦးချိုထွန်းအောင်အား လုပ်ကြံသ-တ်ဖြ-တ်ခဲ့ကြသည့် ရန်ကုန်တိုင်း၌အခြေပြုထားသော Golden Valley Warrior အဖွဲ့ဝင် (၁၆)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များမှ သံအမတ်ကြီး(ငြိမ်း)အားလုပ်ကြံသ-တ်ဖြ-တ်ခဲ့သူ(၂)ဦးကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်ရာတွင်ဆက်စပ်ပါဝင်သူများဖြစ်သော စန်းထက်အောင်(ခ)ပဲခူးသား(၄၀)နှစ်၊ ဝင်းသူ(ခ) ကုလားလေး(၃၉)နှစ်၊ ပြစ်မှုကျူးလွန်သူများဖြစ်သော မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ) လင်းလက်ဇော်(၂၈)နှစ်၊ ပြုံးပြုံး(၂၄)နှစ်၊ လင်းလက်ရွှေ(၆)နှစ်နှင့် ဆက်စပ်ပါဝင်သူများဖြစ်သည့် အောင်ဆန်းဟိန်း(၂၅)နှစ်နှင့် ညီညီလှိုင်(၃၉)နှစ်တို့အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ဆေးချက်များအရ မြင့်မြင့်ထွေး(၃၉) နှစ်၊ အောင်ကိုကိုချစ်(၁၈)နှစ်၊ ဇင်မောင်မောင်(ခ) အာနိုး(၂၇)နှစ်၊ ဖြိုးဝေအောင်(ခ)အရှည်ကြီး(၄၀) နှစ်၊ မင်းစည်သူ(ခ)အငယ်လေး(၂၉)နှစ်၊ ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ)ကျော်ဇင်(၃၃)နှစ် ဟန်လင်းအောင်(၂၈)နှစ်နှင့် လုပ်ကြံမှုဖြစ်စဥ်၌ ပြစ်မှုကျူးလွန်သူ ထိခို-က်ဒဏ်ရာရခဲ့ချိန်တွင် ဆေးကုသပေးခဲ့သည့် သာကေတမြို့နယ်ရှိ “လင်း”အထူးကုဆေးရုံမှ DCS ဆရာဝန်ဇော်ကိုကို(၃၈)နှစ်နှင့် DCS ဆရာဝန်များဖြင့် စုစည်းဖွင့်လှစ်ထားသည့် ဆေးရုံပိုင်ရှင် ဒေါက်တာရဲလင်းစိုး(၃၆)နှစ်တို့ကိုလည်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်၌ Golden Valley Warrior အဖွဲ့ဝင် အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၃)ဦးတို့အား လုပ်ကြံသ-တ်ဖြ-တ်ရာတွင်အသုံးပြုခဲ့သည့် သ-က်ေ-သခံ ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး သန်လျင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့၌ လုပ်ကြံသ-တ်ဖြ-တ်မှု(၄)ကြိမ်ကျူးလွန်ခဲ့ခြင်းတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်ရှိနေသူများအား ထပ်မံဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။