Wednesday, May 6, 2026

တိုင်းဒေသကြီး (၆) ခုတွင် Smart...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...
HomeArticlesသံမဏိသုံးဖော်

သံမဏိသုံးဖော်

၈၈၈၈ အရေးအခင်းပြီးက တည်းက မတွေ့ဖြစ်တော့တဲ့ ဆရာ ကြီး လူထုဦးသစ်လွင်အိမ်ကို ရောက် ခဲ့ပါတယ်။ ဘဘက အရင်အတိုင်းပဲ ဖော်ရွေဆဲ၊ ကျန်းမာဆဲ၊ နူးညံ့သိမ် မွေ့ဆဲပါပဲ။ မျက်ရည်ကြည်တွေ ဝေ့ နေတဲ့ မျက်လုံးအစုံဟာ တောက်ပ တုန်းပါပဲ။ အဲဒီချိုမြတဲ့ မျက်လုံးတစ် စုံရဲ့ အနက်ရှိုင်းဆုံးမှာတော့ မာကျောကျစ်လျစ်တဲ့ နိုင်ငံရေးစိတ်၊ တိုင်းပြည်ချစ်တဲ့စိတ်၊ သတင်း၊ စာပေချစ်တဲ့စိတ်တွေက တလက် လက်တောက်ပနေဆဲပေါ့။

ပွေ့ဖက်နှုတ်ဆက်လိုက်တဲ့ လက်တစ်စုံကြားမှာ ကျွန်မမိဘ ရင်ခွင်ထဲ ပြန်ရောက်သွားသလို ရုတ် တရက် လုံခြုံသွားတယ်။ ဘဘဟာ အမြဲချစ်စရာကောင်းနေခဲ့ပါတယ်။ ဘဘနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ၊ လက်ရှိနိုင်ငံရေး၊ စာပေအကြောင်း တွေ အများကြီး ပြောဖြစ်ခဲ့တယ်။ ဆီးချိုရှိတဲ့ ဘဘအတွက် သီးသန့် ဖျော်ထားတဲ့ ဓာတ်ဘူးလေးထဲက လက်ဖက်ရည်ကို တစ်ငုံပြီးတစ်ငုံ ယူသောက်နေမိတယ်။ ဘဘက သူ သောက်မလို့ ကြည့်လိုက်တော့…

”ဟယ် မရှိတော့ဘူး။ ငါ့သမီး အကျင့်က မပျောက်ပါလားကွယ်။ ကလေးဆန်တုန်းပါလား”ဆိုတဲ့ သဘောကျ ညည်းညူတဲ့အသံလေးကို ကျွန်မ အတော်ချစ်သွားတယ်။ ပျော် လည်းပျော်တယ်။

ကျွန်မခပ်ငယ်ငယ်က သံမဏိ ဆရာကြီးတွေဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်၊ လူထုဦးလှ၊ လူထု ဦးသစ် လွင်၊ လူထုမောင်မဲတို့ရဲ့ ပေါင်ပေါ် တစ်လှည့်စီထိုင်ရင်း သူတို့ပြောနေ တဲ့ နိုင်ငံရေးနဲ့ စာပေတွေအကြောင်း နားလည်သလိုလိုနဲ့ စားပွဲပေါ်က မုန့် တွေ နှိုက်စားခဲ့တာကိုလည်း သတိ တရ ပြောဖြစ်ကြတယ်။ အမေလူထု ဒေါ်အမာက ဂျစ်ကားလေးနဲ့ ကျွန်မ တို့ကို ဓာတ်တော်ချိုင့်ရေတံခွန် လိုက်ပို့ပေးခဲ့တာလည်း အမှတ်တ ရပါပဲ။

လူထု မောင်မဲဆိုတာကတော့ ကျွန်မရဲ့အဘိုး၊ သခင်တင်ဟိန်း (လွတ်လပ်ရေးတိုက်ပွဲဝင်)၊ လူထု သတင်းစာမှာ ဆောင်းပါး၊ သတင်း ပင်တိုင်ရေးသူ၊ မောင်သစ်လွင် (လူထု)က လူထုသတင်းစာမှာ အယ် ဒီတာ၊ ဦးဝင်းတင်က ဟံသာဝတီ သတင်းစာက အယ်ဒီတာချုပ်၊ သတင်းသမား၊ နိုင်ငံရေးသမားတွေရဲ့ သံယောဇဉ်၊ ခင်မင်တွယ်တာမှုက နက်ရှိုင်းလွန်းလှပါတယ်။

၈၈၈၈ မှာ ကျွန်မအဖမ်းခံရ တော့မယ့်အတွက် ပြေးလွှားနေတဲ့အ ချိန်၊ ကျွန်မကို မန္တလေးမြို့ထဲမှာ ရအောင် လိုက်ရှာပြီး ကယ်ဆယ်ခဲ့ ကြတဲ့ လူထုဦးသစ်လွင်၊ ဦးကံချွန်၊ ဗိုလ်မော်၊ ချင်းတွင်းချစ်သွေး၊ ဒေါက် တာကိုကိုကြီး၊ ကားဆရာ ဦးသန်းတို့ ဟာ တကယ့်ကျေးဇူးရှင်တွေပါ။ စိတ် ဒဏ်ရာရနေတဲ့ ကျွန်မကို စိတ်ဓာတ် ခွန်အားတွေ ပေးခဲ့တဲ့ ပျံလွန်တော် မူသွားပြီဖြစ်တဲ့ ဆရာတော် ဦးပညာ၊ မောင်ပညာ (အမရပူရ)ကိုလည်း သတိရမိပါတယ်။

လူသေသွားပေမယ့် နာမည်မ သေတဲ့ ဆရာကြီးတွေပါပဲ။ တားဆီး ပိတ်ပင်မှုတွေ အမျိုးမျိုးကြားထဲက က လောင်ထိပ်မှာ သံမဏိစိတ် ဓာတ်တွေ စွပ်ပြီး တိုင်းပြည်အတွက်၊ လူငယ်တွေအတွက် ဗဟုသုတစာ ပေတွေ ရေးသားခဲ့ကြတယ်။ မတရား မှုကို တော်လှန်ခဲ့ကြတယ်။
စစ်အာဏာရှင်တို့ရဲ့ ပိတ်စေတဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက် က ဟံသာဝတီ နောက်ဆုံးသတင်း စာမှာ ဦးဝင်းတင်က သိသိမှတ်မှတ်၊ အဘိုးမောင်မဲ ရေးသားတဲ့ဆောင်းပါး ကို ထည့်ပေးခဲ့တဲ့အကြောင်း ဦးဝင်း တင်က ဦးသစ်လွင်ဆီ စာရေးပြော ပြသခဲ့တယ်။ အဲဒီစာလေးတွေကို ဘဘက မျက်ရည်ဝဲဝဲနဲ့ ဖတ်ပြရင်း ကျွန်မကို ပေးလိုက်ပါတယ်။

သံမဏိသုံးဖော်ရဲ့ သတင်းသ မားသံယောဇဉ်၊ နိုင်ငံရေးသံယော ဇဉ်ကို ပြနေတဲ့ စာလေးတွေကို အမှတ်တရ တင်ပေးလိုက်ပါတယ်။ ဘဘဦးဝင်းတင်နဲ့ ဘဘ ဦးသစ်လွင် ရဲ့ မူရင်းလက်ရေးတွေပါ။ နိုင်ငံရေး သမား၊ တော်လှန်ရေးသမား၊ စာပေ သမားတွေ သေဆုံးသွားကြတယ်။ နိုင်ငံရေးဆိုတဲ့ ပင်လယ်ကြီးကတော့ ဘယ်လိုသတ်သတ် မသေတဲ့အရာလို ဆက်လက်ရှင်သန်နေတယ်။ နိုင်ငံ ရေးကမ်းခြေက လှပသလိုလိုနဲ့ အတွင်းမှာတော့ လှိုင်းလေတွေ ထန် နေလေရဲ့။ တိုင်းပြည်၊ ပြည်သူ၊ နိုင်ငံ ရေး၊ စာပေတွေဟာ ဘယ်တော့မှ ခွဲထုတ်လို့မရတဲ့ အရာတွေပါ။ သမိုင်းတွင်မယ့် နိုင်ငံကောင်း၊ အစိုး ရကောင်း၊ ခေါင်းဆောင်ကောင်း၊ မျိုး ဆက်ကောင်းတွေကျန်ရစ်ခဲ့ဖို့ လိုအပ် ပါတယ်။

အခု သံမဏိသုံးဖော်ကတော့ နိုင်ငံရေးပင်လယ်ထဲ ကန့်လန့်မျော နေတဲ့ တိုင်းပြည်ကို ရသလောက် ခွန်အားနဲ့ အရွေ့မှန်အောင် ကူညီ ခဲ့ကြသူတွေပါ။ တိုင်းပြည်ကောင်းစား ဖို့ မိသားစု၊ စည်းစိမ်၊ ဘဝ၊ အသက် ခန္ဓာတွေ စွန့်သွားကြတဲ့ သမိုင်းအစဉ် အဆက်က သူရဲကောင်းများ အားလုံး ကို တလေးတစား ဦးညွှတ်လိုက်ပါ တယ်။

နန်းခင်သန္တာဦး (တောင်ကြီး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071