မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ခြင်း စီမံကိန်းနှင့် စပ်လျဉ်း၍ သံမဏိကြိုးဆိုင်းတံတားတည်ဆောက်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းစနစ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သည့်
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကိုရီးယားနိုင်ငံသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ(၂၅)ရက်တွင် စတင်သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ(၃၀)ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ သွားရောက်ခဲ့စဉ် ဒလတံတားကို ဝာာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီနှင့် တံတား၏ အရည်အသွေးစစ်ဆေးတည်ဆောက်မှု အကြံပေးအင်ဂျင်နီယာ ကုမ္ပဏီနှင့်လည်း တွေ့ဆုံပြီး အားနည်းချက်၊ အားသာချက်များ ဆက်လက်ဆောင်ရွက်သွားရမည့် ထိန်းသိမ်းခြင်းနည်းစနစ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းလုပ်ငန်းများအားလုံးကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်အောင် ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။
အဆိုပါ တံတား ပြီးစီးသွားပါက ရန်ကုန်မြိုမှတဆင့် ဒလ၊ တွံတေး၊ ကော့မှုး နှင့် ကွမ်းခြံကုန်းမြိုနယ်များသို့ လွယ်ကူစွာသွားလာနိုင်မည်လည်းဖြစ်သည်။
