Friday, July 24, 2026

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka...

သြဂုတ် ၁၀ ရက်နံနက် ၁၀...

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊...

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည်...

DEMU ရထားပေါ်တွင် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သည့် ခရီးသည်...

နေပြည်တော်၊ ဇူလိုင်-၂၄ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsသံတောင်ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့မှုမှ...

သံတောင်ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိ

နေပြည်တော်၊ ဇူလိုင် ၂၃

ကရင်ပြည်နယ် သံတောင်၊ ဘောဂလိနှင့် လိပ်သိုဒေသများမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွင်း သံတောင်၊ ဘောဂလိနှင့် လိပ်သိုဒေသများမှ ထွက်ရှိသည့် ချဉ်ပေါင်ဖာလာ ပိဿာချိန် (၂,၀၀၀,၀၀၀) ကို တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ နှုန်းဖြင့် မန္တလေးမြို့မှတစ်ဆင့် ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Robusta ကော်ဖီ ပိဿာချိန် (၂၀၀,၀၀၀) ကို တစ်ပိဿာ ကျပ် ၂၅,၀၀၀ နှုန်းဖြင့်လည်းကောင်း၊ နနွင်း ပိဿာချိန် (၂,၀၀၀,၀၀၀) ကို တစ်ပိဿာ ကျပ် ၁၈,၀၀၀ နှုန်းဖြင့်လည်းကောင်း မန္တလေးမြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။ နနွင်းကို ဒေသတွင်းစားသုံးရန်အတွက် ရှမ်းပြည်နယ်မှလည်း ဝယ်ယူမှုများရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ သံတောင်၊ ဘောဂလိ၊ လိပ်သိုနှင့် မုန်းဒေသများမှ ထွက်ရှိသည့် ကွမ်းသီး(နု) ပိဿာချိန် (၃,၀၀၀,၀၀၀) နှင့် C-Grade ကွမ်းသီး(နု) ပိဿာချိန် (၂၀၀,၀၀၀) တို့ကို တစ်ပိဿာ ကျပ် ၆,၀၀၀ နှုန်းဖြင့် ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကြောင်လျှာစေ့ ပိဿာချိန် (၅၀,၀၀၀) ကို တစ်ပိဿာ ကျပ် ၂၀,၀၀၀၊ ဆေးပုလဲ ပိဿာချိန် (၅၀,၀၀၀) ကို တစ်ပိဿာ ကျပ် ၁၆,၀၀၀ နှုန်းဖြင့် မန္တလေးမြို့မှတစ်ဆင့် ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝဥ(အစို) ပိဿာချိန် (၅၀၀,၀၀၀) ကို တစ်ပိဿာ ကျပ် ၃,၀၀၀ နှုန်းဖြင့် မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့များမှတစ်ဆင့် တင်ပို့ခဲ့ပြီး မျှစ် ပိဿာချိန် (၅၀၀,၀၀၀) ကို တစ်ပိဿာ ကျပ် ၂,၅၀၀ နှုန်းဖြင့် ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သည့်အတွက် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ၊ မြေပဲ၊ နနွင်း၊ ကော်ဖီ၊ ဝဥ၊ မျှစ်စသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်တွင်းစားသုံးမှုအပြင် ပိုလျှံသည့်ပမာဏများကို ပြည်ပသို့ တင်ပို့ရောင်းချ၍ နိုင်ငံခြားဝင်ငွေ ရှာဖွေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကွမ်းသီး(နု)၊ ဆေးပုလဲ နှင့် ကြောင်လျှာစေ့ တို့မှာလည်း ပြည်ပဈေးကွက်တွင် ဝယ်လိုအားကောင်းသည့် စိုက်ပျိုးရေးထွက်ကုန်များအဖြစ် ဆက်လက်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်း အဖွင့်ပွဲအဖြစ် တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ရမည်​ရန်ကုန်၊ ဇူလိုင် ၂၄​ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်ဇယား ထွက်ပေါ်လာခဲ့ရာ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ်...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka မြို့ရှိ Nagai Stadium တွင် တောင်ကိုရီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းနောက် ဒုတိယအုပ်စုပွဲစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် Nagai Stadium ၌ပင် ဆက်လက်ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။ ယခုနှစ် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂...

သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည်

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071