Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeArticlesသူ့နေရာနဲ့ သူ

သူ့နေရာနဲ့ သူ

ဝါ အဝင်အထွက်ဆို အနည်း ငယ်တော့ နေရခက်စမြဲ။ ကိုယ်က လူပျိုကြီးကိုး။အဝင်အထွက်ဆို အနည်း ငယ်တော့ နေရခက်စမြဲ။ ကိုယ်က လူပျိုကြီးကိုး။ “ဘယ်တော့စားရမှာလဲ”  “ဘယ်တော့လဲ”  စသည်ဖြင့် ဝယ်မစားနိုင်သူ တွေကျလို့၊ ကိုယ့်ပဲ လာလာမေးနေကြ တာ။ ဒါပြီးရင်လာပြီ။ လော်စပီကာ သံတွေ။ မိုးလင်းက မိုးချုပ်မရိုးနိုင် အောင် ကြားရတော့မှာ။ နေရာအ တော်များများမှာ ဦးဆောင်သွားမှာ ကတော့ လော်စပီကာသံတွေပါပဲ။ အဲဒီနောက်ပိုင်းမှာ သတိထားရမှာ က တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ သူခိုးကြီးပွဲ၊ ဒါမှမဟုတ် ကျီးမနိုးပွဲပါပဲ။  ဒါကလည်း ရိုးရာပွဲလား။

ကမ္ဘာမှာရော ဒီလိုပွဲမျိုးရှိရဲ့လား။ ဘယ်သူကစထွင်ခဲ့မှန်း မသိတဲ့ ‘အပျော်အခိုးပြိုင်တဲ့ပွဲ’ ပေါ့။  ရပ်ကွက်ထဲ စပြောင်းစကဆို သိပ်ခံရတာ။ အဲဒီညမျိုးဆို မအိပ်ရဲ ဘူး။ တစ်ညလုံးထိုင်စောင့်နေရတာ။ တစ်နေရာ ချွတ်ချွတ်အသံကြားရင် ပြေးကိုဖမ်းရတာ။ မိသွားရင်လည်း ရယ်ဖြဲဖြဲနဲ့။ “ဟာ ဦးကလဲ သားတို့က စတာ ကို” လို့ဆိုပြန်တော့ ခွင့်လွှတ်ပေးရ တယ်။ မမိရင်တော့လည်း ပါသွား တော့တာပေါ့။ မှတ်မှတ်ရရဆိုရင် အိမ်က မီးစက်ကြီးတောင် အဲဒီ ညမှာပါသွားဖူးတယ်။ တချို့ကတော့ အဲဒီညကို အပျော်သဘောမျိုးသာ ပြုလုပ်ကြ လေ့ရှိတယ်။ ကျွန်တော်တို့ ငယ်ငယ်က လဲ လုပ်ဖူးပါရဲ့။  အအိပ်ကြီးတဲ့သူတွေ အိမ်ထဲ ဝင် ကုတင်လိုက် ‘မ’ပြီး လမ်းမှာ သွား ချထားတာမျိုး။ နောက်သလို၊ ပြောင် သလိုနဲ့ သူများအိမ်က ကြက်ဝင်ခိုး ချက်စားလိုက်တာမျိုးပေါ့။  များသော အားဖြင့် သူများ အိမ်က ‘မ’ ရလွယ် တဲ့ပစ္စည်းတွေ၊ နေရာပြောင်းပစ်တာ။ အုတ်နံရံနဲ့၊ လမ်းမတွေမှာ ထင်ရာမြင်ရာ လျှောက်ရေးတာ။ အဓိကကတော့ ရှိပြီးသား ဆိုင်းဘုတ် တွေကို စာလုံးဖြုတ်ပြီး အဓိပ္ပာယ် ပြောင်းအောင်လုပ်တာပေါ့။

ရပ်ကွက်ထဲက ဆရာမဆိုရင် နှစ်တိုင်းသူ့ဆိုင်းဘုတ် အဖျက်ခံရ တယ်။ ဆရာဝန်မက လူကမဲမဲပုပု လေး။ နာမည်က ‘အေးပို’ တဲ့။ ဒေါက် တာအေးပိုပေါ့။ နှစ်တိုင်းသူ့ရဲ့ ‘ ဒေါက်တာအေးပို’ ဆိုင်းဘုတ်မှာ အဲဒီနေ့ရောက်တိုင်း ‘ ဒေါက်တို အေးပု’ ဆိုပြီး အပြောင်းခံရတယ်။  အပျိုချောချောလေးရှိတဲ့ အိမ်မှာဆိုလည်း ခွေးမွေးထားတဲ့အခါ အများသိအောင် ‘သတိ ခွေးကိုက် တတ်သည်’ ဆိုင်းဘုတ်ကိုလည်း ကာလသားများက ‘ သတိ၊ ခေးကိုက် တတ်သည်’ ဆိုတော့ ကောင်မလေး ကပဲ လိုက်ကိုက်နေသလိုနဲ့ ချစ်စရာ လေး။ တစ်နှစ်ကလည်း ရပ်ကွက် ထိပ်မှာ ဘာကြောင်းကြောင့်ရယ် မမှတ်မိတော့ဘူး။ ဘောလုံးပွဲကြောင့် ပဲလား။ ဆီးဂိမ်းကြောင့်လားပဲ။

‘ ကမ္ဘာမှာ မြန်မာဟေ့’ ပါတဲ့ ဆိုင်းဘုတ်ကြီးက ချိတ်တယ်။ ဒါကို ရပ်ကွက်တွင်း ပညာရှင်များက ကျီးမ  နိုးပွဲနေ့မှာ အဲဒါကို စာလုံးတွေ ဖြုတ်တပ်ပြီး ပြင်ပေးလိုက်တယ်။ “ကမ်းဘားမှာ မြန်မာဟေ့” တဲ့။ မသိရင် ချက်ခြင်းပဲ ပြုတ်ကျ တော့မလိုပဲ။ အဓိက အရွေ့ပြောင်းခံ အ ဖျက်ဆီး ခံရတာကတော့ တစ်ဦး တစ်ယောက်ပိုင် မဟုတ်တဲ့ အများ ပိုင်ပစ္စည်းတွေပဲ။ ဥပမာ စည်ပင် အမှိုက်ပုံးတို့၊ လမ်းလယ်တုံးတို့၊ ဆိုင်းဘုတ်တို့ပေါ့။ ကိုယ့်အိမ်က ပစ္စည်းမဟုတ် တော့ တော်ရုံဘာလုပ်လုပ်၊ ဘယ် သူမှ ဝင်မပြောကြဘူး။ နောက်နေ့ မနက်လမ်းလယ်ရောက်နေတာ စည်ပင်အမှိုက်ပုံးပဲ။ ဒါပေမဲ့ တစ်ခါတလေ သဘော ကျစရာတော့ ရှိသဗျ။ စည်ပင်က ထောင်ထားတဲ့ သတိပေးစာကလေးကို အများသိ အောင် ရေးပြင်ထားတာဗျ။ အရှေ့ မှာ အမှိုက်ပုံးနဲ့အတူ ရေးထားတဲ့ ဆိုင်းဘုတ်က…

” အမှိုက်များကို အမှိုက်ပုံးထဲ စနစ်တကျ ထည့်ပါ” ရပ်ကွက်လူတွေကလည်း သိပ်စည်းကမ်းရှိလှတယ် မဟုတ်ဘူး။ အမှုက်ပုံးမြင်၊ဆိုင်ဘုတ်မြင်ရင် “ဒီနေရာ အမှိုက်ပုံပဲ” ဆိုပြီး အမှိုက်တွေကို ပစ္စလက္ခ စွန့်ပစ်တတ်ကြတာကိုး။ ဒါကြောင့် အမှိုက်ကို အမှိုက်ပုံးထဲ အသေအချာ ရောက်အောင် စာရေးသတိပေးထား တာပေါ့။  ဒါပေမဲ့ နောက်တစ်နေ့ မနက် ကျ ဘယ်သူက လက်ကမျင်းသွားတယ် မသိဘူး။ “အမှိုက်” ဆိုတဲ့ စကား လုံးကို လုံးကြီးတင်တွေဖြုတ်၊ တုတ် ချောင်းတွေဖြုတ်ပြီး “ကသက်” နေရာမှာ ကကြီးကို လုံးလိုက်တော့ တဝမ်းပူ ဖြစ်သွားတာပေါ့။ အဲဒီတော့ အဓိပ္ပါယ်က ဘာဖြစ်သွားမလဲဆိုရင် “အမတ်များကို အမှိုက်ပုံးထဲ စနစ်တကျထည့်ပါ” အော်…ငါ့နှယ် ” အမှိုက်” ပဲဖြစ်ရမဲ့ဟာ ဘယ့်နှယ် ” အမတ်” ဖြစ်နေလဲပေါ့။

အကြည်တော်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071