Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeInterviewsသူ့ကို အေးချမ်းစွာ နေစေချင်ပါပြီ။...

သူ့ကို အေးချမ်းစွာ နေစေချင်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်းအေးချမ်းချင်တယ်’ အမှန်အတိုင်းဖြစ်အောင် အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုရင်ဆိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ သရုပ်ဆောင် စည်သူမောင်နှင့် တွေ့ဆုံခြင်း (၂)

မေး။ ။အချစ်နဲ့ ပတ်သက်ပြီးတောရော အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ပါ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီ။ ဒီအတွက် စည်သူမောင့်အနေနဲ့ နောင်တရတာရှိလား။ ဒါမှမဟုတ်လည်း အချစ်နဲ့ပတ်သက်ပြီး လူငယ်တစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့အပေါ် တခြားလူငယ်တွေရော ဘယ်လိုအကြံပြုပြောပြချင်တာ ရှိမလဲ။
ဖြေ။ ။ကျွန်တော်ပြောရမယ်ဆိုရင် နောင်တတော့မရပါဘူး။ နောင်တမရဘူးဆိုတာက ကျွန်တော်တို့ သမီးရည်းစားသက်တမ်းကလည်း ၇ နှစ်လောက်ရှိတယ်။ နောက်ပြီး ကျွန်တော်တို့အိမ်ထောင်ပြုတဲ့အချိန်မှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် အကြောင်းအမျိုးမျိုးကြောင့် အလောတကြီး စီစဉ်လိုက်ရတယ်ဆိုပေမယ့် ဒီအနေအထား တစ်ခုကို ပြင်ဆင်ပြီးသားပါ။ မြန်မာအမျိုးသား တစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်တယ်ဆိုလို့ရှိရင် နောက်ဆုံးပန်းတိုင်က ဒီမိန်းကလေးကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းနေထိုင်သွား ဖို့ပါ။ အဲဒီအတွက် ကြောင့်မို့ ကျွန်တော် နောင်တလည်း မရပါဘူး။ အခုဖြစ်လာတဲ့ကိစ္စ အားလုံးကိုလည်း ကျွန်တော့်ဘက်က မှားယွင်းမှုတစ်ခုလို့ မယူဆပါဘူး။ မှားတယ် ဆိုရင်တောင် ကံကြမ္မာအမှားပဲ ဖြစ်မယ်လို့ထင်ပါတယ်။ သူကိုယ်တိုင်ရော ကိုယ်ပါ နှစ်ဖက်စလုံးက အမှားအယွင်းမရှိဘူးလို့ ခံယူထားပါတယ်။

မေး။ ။ အခုလက်ရှိ စည်သူမောင်ရဲ့ဘဝက ဘယ်လိုအနေအထားရှိလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ဆက်လျှောက်သွားမလဲ။ နောက်ထပ် Plan တွေ ကဘာ တွေရှိလဲ။
ဖြေ။ ။ အခုလက်ရှိကတော့ သူနဲ့လမ်းခွဲပြီးကတည်းက ကျွန်တော့်မိဘတွေနဲ့ အတူတူနေပါတယ်။ ရှေ့လျှောက် ဆက်လုပ်သွားဖို့တွေကတော့ အနုပညာသမားတစ်ယောက် ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေပဲ ဆက်လုပ်သွားမယ်။ မိသားစုအတွက် ပရိသတ်အတွက် အကောင်းဆုံး ကြိုး စားနေမယ်။ ကျွန်တော့်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ရှိ ရင်တော့ အခုလက်ရှိ လက်တလောခံစားချက်ကတော့ အချစ်ဆိုတဲ့အရာတစ်ခုကိုတော့ လူငယ်ဆန်ဆန် မတွေး ချင်တော့ဘူး ။ တွေးချင်စိတ်လည်းမရှိတော့ဘူး။ ခုခေတ် ကြီးထဲမှာ သမီးရည်းစားတွေ ၆ လတွေ ၃ လတွေ ၁နှစ်လောက်ဆိုရင်ပဲ တော်တော်ကိုဖြစ်နေကြတာ ဖေ့စ် ဘုတ်ခ်မှာ မြင်နေရတာကို ပြောပြတာပါ။ ကျွန်တော် ကဲ့ရဲ့တာ မဟုတ်ပါဘူး။ အဲဒီလို အနေအထားတစ်ခုမှာ ကျွန်တော်တို့က ၇နှစ် ဆိုတဲ့ Relationship တစ်ခုကို တည်ဆောက်ခဲ့ကြတယ်။ အဲဒီ့အချိန်မှာ ကျွန်တော်က မင်းသားဖြစ်ခါစ အလုပ်တွေအများကြီးလုပ်နေတဲ့ အချိန်မှာ စည်းတစ်ခုကိုစောင့်ထိန်းပြီးတော့ မပွေဘဲ မရှုပ်ဘဲ ကောင်းကောင်း မွန်မွန်နေတယ်။ သူ့ဘက်ကလည်း ကောင်းကောင်းမွန်မွန်နေတယ်။ ကျွန်တော်တို့ တကယ်ကို မေတ္တာမှန်နဲ့ချစ်ပြီးတော့ ဒီ ၇ နှစ်လောက်ထိ ရပ်တည်ခဲ့တဲ့ Relationship တစ်ခုက အခုချိန်မှာ လုံးဝကို အဖတ်ဆယ်လို့ မရအောင် ပျက်ဆီးသွားတယ်။ အဲဒီတော့ နောက်ထပ် အသစ်သစ်သော Relationship တွေကို ယုံကြည်လို့ မရတော့ဘူးပေါ့နော်။ ကိုယ်ယုံကြည်ခဲ့တဲ့ အရာတစ်ခု လုံးဝပျက်ဆီးသွားတဲ့နောက်မှာ ကျွန်တော်ဘယ်အရာကိုမှ မယုံကြည်ရဲတော့ဘူး။ တစ်ဖက်လူကို စော်ကားတာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ခံစားချက်ကို ပြောပြတာပါ။ ကျွန်တော်ကိုယ်တိုင်ကိုယ်က အချစ်ဆိုတာကို လက်မခံနိုင်တော့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်သိတာက မေတ္တာနဲ့ပဲဆက်ဆံမယ်။ အခုလက်ရှိမှာတော့ ၅၂၈ မေတ္တာနဲ့ပဲ အားလုံးကို ဆက်ဆံနေပါတယ်။ နောင်တစ်ချိန်ချိန်မှာတော့ ကျွန်တော်လည်း မပြောပြနိုင်ဘူး။ ကျွန်တော့်အသက်အရွယ်နဲ့ ကျွန်တော်ဖြတ်သန်းလာရတဲ့ အနေအထားနဲ့ကကျတော့ ကိုယ့်အပေါ် တကယ်မေတ္တာစစ်နဲ့ ချစ်တဲ့သူတွေကို တွေ့လာနိုင်သလို ကိုယ်ကလည်း မေတ္တာကို ပြန်ပြီးနားလည် ခံစားတတ်တဲ့ အချိန်ကိုရောက်ကောင်း ရောက်နိုင်ပါတယ်။ ကျွန်တော်စကားကိုတော့ အကုန်မပြောပြထားချင်ပါဘူး။ အခုလက်ရှိ အချိန်မှာ ဖြစ်နေတာက ဗလာပဲပေါ့နော်။

မေး။ ။တကယ့်မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ပေးမယ့် မိန်းကလေး တစ်ယောက်ရှိလာမယ်။ ပေါ်လာမယ်ဆိုရင် နောက်ထပ် အိမ်ထောင်ပြုဖို့ စိတ်ကူးမလား။
ဖြေ။ ။ အဲဒီလို မိန်းကလေးမျိုး ပေါ်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော်ကလည်း တကယ်ကို မေတ္တာစစ် မေတ္တာမှန်နဲ့ ခံစားလို့ရရင်တော့ ကျွန်တော့်မိဘပြီးရင် ကျွန်တော်တန်ဖိုးအထားရဆုံး မိန်းမတစ်ယောက်အနေနဲ့ ကျွန်တော် တန်ဖိုးထားပြီး ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက်ကို ကုန်ဆုံးဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ ကိုယ်တန်ဖိုးထား ချစ်မြတ်နိုးခဲ့တဲ့ ဒီမိန်းကလေးအတွက် ဒီဂျာနယ်ကနေတစ်ဆင့် ဘာများပြောချင်တာရှိမလဲ။
ဖြေ။ ။ သူ အခုချိန်မှာ ကိုယ့်ကို ဘယ်လိုပဲသဘောထားထားပါ။ ကျွန်တော်ကတော့ သူ့ကို အေးချမ်း စေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လည်း အေးချမ်းချင်တယ်။ အဓိက ကျွန်တော် လွတ်မြောက်ချင်ပြီ။ အခုဆိုရင် ၁ဝနှစ်ရှိပြီ။ ဆယ်နှစ်အတွင်းမှာ ၇နှစ်လုံးလုံးက သူ့ကိုချစ်တဲ့အချစ်တွေနဲ့ ကျွန်တော်နေထိုင်ခဲ့တယ်။ ၈နှစ်၊ ၉နှစ် အတွင်းမှာ အမှုတွေဖြစ်ကြတဲ့ အခါမှာ ချစ်တယ် ဆိုတဲ့ အတိုင်းအတာထက် သံယော ဇဉ်ဆိုတာက ပေါ့နော်။ ရင်ဘတ်ထဲမှာ ထည့်ထားတဲ့အသည်းနှလုံးဆိုတာကလည်း ကျောက်ခဲသလဲမှ မဟုတ်တာ ခံစားချက်ကတော့ရှိတာ ပေါ့။ သိပ့်မကြာသေးခင် အချိန်ထိလည်း အိမ်မက်တွေမက်ရင် သတိတွေရနေမိတယ်။ ကောင်းတဲ့ခံစား ချက်ပဲဖြစ်ဖြစ်၊ ဆိုးတဲ့ခံစားချက်ပဲဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်ကလည်း လွတ်မြောက်ချင်သလို သူ့ကိုလည်း လွတ်မြောက်စေချင် ပါတယ်။ ဒါတွေကနေ လွတ်မြောက်ပြီး အေးချမ်းစွာနေစေချင်ပါပြီ။ ကျွန်တော့်အပေါ်မှာ ပူလောင်တာတွေ၊ ဒေါသတွေ၊ အမုန်းတွေမရှိတော့ဘဲ အေးဆေးလေးနေစေချင်ပါတယ်။ သူ့စိတ်ထဲမှာ သူနဲ့ချစ်ခဲ့တဲ့ စည်သူမောင် သေသွားပြီ ဆိုပြီးတော့ သေသူတစ်ယောက်လို သူ့စိတ်ထဲမှာခံယူထားပြီး ခံစားချက်မရှိဘဲ နေမယ်ဆိုရင်လည်း နေစေချင်ပါ တယ်။ ဘာအတွက်နဲ့မှ မပူလောင်စေချင်ပါဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ စည်သူမောင်ရဲ့ ပရိသတ်ကို ဂျာနယ်ကနေ ဘာများပြောချင်သေးလဲ။
ဖြေ။ ။ ကျွန်တော် အနုပညာနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ပေးဆပ်ချင်တဲ့ အတိုင်းအတာတစ်ခုထိလည်း မရောက်လာသေးတဲ့အတွက် ကျွန်တော်ကြိုးစားနေမှာပါ။ အခုလိုမျိုး လူမှုရေးကိစ္စတွေ ဖြစ်သွားတဲ့အပေါ်မှာ ပရိသတ်တွေကလည်း ကျွန်တော်ဘက်ကနေ ခံစားပေးတဲ့သူတွေ ရှိနေတဲ့အတွက် ကျွန်တော် အနူးညွတ်တောင်းပန်ပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071