Wednesday, June 10, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်...

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...
HomeNewsLocal Newsသုံးနိုင်ငံအဝေးပြေးလမ်းမကြီးတည်ဆောက်ရန်မျှော်လင့်ချက်နီးလာပြီဖြစ်

သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတည်ဆောက်ရန်မျှော်လင့်ချက်နီးလာပြီဖြစ်

နူးဒေလီ၊ အောက်တိုဘာ ၁၅

မြန်မာနိုင်ငံတွင် အခက်အခဲများရှိနေသော်လည်း လာမည့် နှစ်နှစ်မှ သုံးနှစ်အတွင်း အိန္ဒိယ-မြန်မာ-ထိုင်း (အိုင်အမ်တီ) သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကိုပြီးစီး‌အောင် ဖေါက်လုပ် နိုင်မည်ဟု အိန္ဒိယက အပြုသ‌‌ဘောအမြင်ရှိကြောင်း အိန္ဒိယအရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (ဒိုနာ)က ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ သတင်းစာဆရာများ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ မကြာသေးမီက လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒိုနာ သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေးစီမဲကိန်းများ၏ ပဏာမခြေလှမ်းများကိုထုတ်ပြခဲ့ပြီး ဒေသတွင်း ပို့ဆောင်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် အိန္ဒိယ၏ ကတိကဝတ်ကို အလေးပေးဖော်ပြခဲ့သည်။

ဒိုနာ အတွင်းရေးမှူး ချန်ချယ် ကူမားရ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုများကြောင့် နှောင့်နှေးမှုများကြုံတွေ့နေရသည့် အိုင်အမ်တီ  အဝေးပြေးလမ်းမကြီးနှင့် ပတ်သက်သည့် မေးခွန်းများကို ဤသို့ဖြေကြားခဲ့သည်။

“အမြန်လမ်းမကြီးကို နှစ်နှစ်ကနေ သုံးနှစ်အတွင်း အပြီးဆောက်လုပ်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ပြောသည်။

အိုင်အမ်တီအဝေးပြေးလမ်းမကြီးသည် မြန်မာနိုင်ငံကိုဖြ-တ်၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နှင့် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ် မိုရေးမြို့ကို ဆက်သွယ်ထားသည့် ကီလိုမီတာ ၁,၃၆၀ ရှည်လျားသော လေးလမ်းသွားလမ်းမကြီးဖြစ်သည်။

စီမံကိန်းသည် အိန္ဒိယ၏ “အရှေ့‌‌မျှော်လင့်ဆောင်ရွက်ရေး” မူဝါဒ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်‌နေ့၊ ၂၀၁၀ ပြည့်နှစ်တွင် စတင်အသက်ဝင်ခဲ့သော အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အရ ကုန်သွယ်မှုနှင့် ပို့ဆောင်ဆက်သွယ်မှုအားကောင်းစေရန် ရည်ရွယ်သည်။

မြန်မာ၏ တမူး-ကလေးမြို့-ကလေးဝဒေသနှင့် မိုရေးမြို့ကို ဆက်သွယ်သည့် ကီလိုမီတာ ၁၆၀ ရှည်လျားသည့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းကို ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ၁၂၀.၇၄ ကီလိုမီတာ ရှည်လျားသော ကလေးဝ-ယာကြီးလမ်းပိုင်းနှင့်   ၁၄၉ ဒသမ ၇၀ ကီလိုမီတည ရှည်လျားသော  တမူး-ကြီးကုန်း-က‌လေးဝလမ်းပိုင်း၌ တံတား ၆၉ စင်းကိုလည်း ဆောက်လုပ်လျက်ရှိသည်။

အရှေ့-အနောက် စီးပွားရေးစင်္ကြံ စီမံကိန်းအရ အိန္ဒိယ-ဗီယက်နမ် အဝေးပြေးလမ်းမကြီးမှတဆင့် ပိုမိုကျယ်ပြန့်သော အရှေ့တောင်အာရှဒေသကို ချိတ်ဆက်နိုင်ရန် အိန္ဒိယက အဆိုပြုခဲ့သည်။

“မလေးရှားနဲ့ စင်ကာပူတို့အပါအဝင် အရှေ့တောင်အာရှရဲ့ တောင်ပိုင်းကိုလက်လှမ်းမီ ရောက်ရှိချင်ပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ မြောက်ဘက်အပိုင်းကို ပြီးအောင်လုပ်ဖို့လိုပါတယ်” ဟု မစ္စတာ ကူမားက ပြောကြားခဲ့သည်။

အချိန်ဇယားနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမှတစ်ဆင့် မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း မစ္စတာကူးမားက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်လာရင် အဝေးပြေးလမ်းက စောစောစီးစီးပြီးသွားနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ သို့သော်လည်း နိုင်ငံရေးမတည်ငြိမ်မှုများ‌ကြောင့်နှောင့်နှေးမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက အသိအမှတ်ပြုခဲ့သည်။

“ဒါက နိုင်ငံခြားအစိုးရတွေ ပါဝင်တဲ့ နိုင်ငံတကာ ပရောဂျက်တစ်ခုပါ၊ ဒါကြောင့် သူတို့ရဲ့ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်ုပ်တို့သည် အပြုသ‌ဘော အမြင်ရှိကြသော်လည်း၊ ကြိုမမြင်နိုင်သော အခြေအနေများသည် အချိန်ဇယားကို အကျိုးသက်ရောက်စေနိုင်သည်ကို ကျွန်ုပ်တို့ နားလည်ပါသည်” ဟုသူက ဆိုသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်က အ လွတ်သဘောတွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကာ အ လွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ ဆုံဆွေးနွေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ် (တိုင်ပေ)နိုင်ငံသား(၁၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၅)ဦးနှင့် ပါကစ္စတန်နိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အ မှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071