ထပ်မံပြီးစီးသွားသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ တိုက် ၄ လုံးကို ထွေအုပ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်ဒဂုံ/မြောက်ဒဂုံမြို့နယ်တို့ရှိ ပြည်သူများအား နေရာချထားပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ထိုကဲ့သို့ နေရာချထားပေးရေးတွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် တိုက် ၁ လုံး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့မှ ပြည်သူများအတွက် တိုက် ၃ လုံးတို့ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါစာရင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်မှ ၂၀ ရက်ထိ သက်ဆိုင်ရာဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ အသိပေးကြေညာသွားမည်ဖြစ်ပြီးအိမ်ခန်းစာချုပ်ပါ နေထိုင်ခွင့်ရရှိသူမှအပ အခြားသူများနေထိုင်ခြင်း၊ အိမ်ခန်းအား ထပ်မံငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံပေးကမ်းခြင်းခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အိမ်ခန်းကို ပြည်လည်သိမ်းယူမည့်အပြင် စည်းကမ်းဖောက်ဖျက်ကျူးလွန်သော မူလအိမ်ငှားဦးစီးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။