Wednesday, July 9, 2025

မိုင်းဖုန်းဆရာတော်ကြီးအား တောနေပျော်မထေရ်ကျော်ဘွဲ့ ဆက်ကပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သံဃာတော်များနှင့် မိုင်းလားအကြီးအကဲများမှ မိုင်းဖုန်းဆရာတော်ကြီးအား အယားဆွမ်တစ်ပါ(တောနေပျော်မထေရ်ကျော်ဘွဲ့)ကို လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ရိုးရာအခမ်းအနားဖြင့် ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းဟေ့မိုင်းခန်အုပ်စုရှိ...

မန္တလေး-လားရှိုးခရီးစဉ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်သော်လည်း...

မန္တလေး-လားရှိုးရီးစဥ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်ကြသော်လည်း မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းအချို့ပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားများအခက်ကြုံလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ အဆိုပါ လမ်းပိုင်းများမှာ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်း၊ ရွာငံ- ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းပိုင်းနှင့်...

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့တွေ့ဆုံ

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် ရုရှားသံအမတ်ကြီး H.E Mr. Evgeny Terekhin တို့ ဇူလိုင် ၇ ရက်ညနေ ၄ နာရီက...

ထိုင်းလေတပ်က အသေခံ ဒရုန်းတပ်ကို ဖွဲ့စည်းနိုင်ခဲ့

ဇူလှိုင် ၆ ထိုင်းတော်ဝင်လေတပ်သည် တိုက်ပွဲအတွင်း၌ အဖိုးတန်‌သောပစ်မှတ်များကို တိကျစွာ ပစ်ခတ်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသောအ ‌ေ-သ ခံ မောင်းသူမဲ့ လေယာဉ်၏ ပြည်တွင်းထုတ် ဗားရှင်းကို...
HomeNewsLocal Newsသီလဝါ အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

သီလဝါ အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရုရှားနိုင်ငံမှ ဆွေးနွေးမှုများပြုလုပ်ခဲ့

ရုရှားနိုင်ငံမှ ရန်ကုန်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဆွေးနွေးမှုများ ပြုလု ပ် ခဲ့ကြောင်းသီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မ တီမှ သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့သ ည် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာ ဝန်ရှိသူများနှင့် မေလ (၂)ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် ရုရှား – မြန်မာသည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသော နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံနယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ သီဘလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းဆိုင်ရာများကိုလည်း ရှင်းလင်းပြသ ဖိတ်ခေါ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံစီးပွားရေး အခွင့်အလမ်းဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးကိုယ်စားလှ ယ်အဖွဲ့မှ SMr.Marat Amirovich က နှစ်နိုင်ငံ G to G ပူး ပေါင်းဆောင်ရွက်မှုများရှိပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ချစ်ကြည်ရင်းနှီးစွာ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စီးပွားရေး လုပ်ငန်းရှင်အဖွဲ့အား သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းဆောင်ရွက်မှုတို့တွင် ဖြစ်ပေါ်တိုး တက်မှု အခြေအနေများနှင့် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုဆိုဘင်ရာ အခွင့်အလမ်းများစွာ ဖော်ဆောင်ထားရှိမှုတို့ကို အ သေးစိတ်ရှင်းလင်းပြသကာ ကိုယ်စားလှယ်အဖွဲ့အား အထူး စီးပွားရေးဇုန်အတွင်း လှည့်လည်ပြသခဲ့ကြောင်း သိရသည် ။

သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း (၂၁) နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၂၄ သန်း ရင်းနှီးမြှုပ်နှံထားကာ မြန်မာနိုင်ငံတွင် အောင်မြင်လျက်ရှိသည့် အထူးစီးပွားရေးဇုန် တစ်ခုဖြစ်သ ည်။ 

ပြည်ပသို့ ပို့ကုန်များတိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊ ပြည်ပမှ သွင်းကုန် အစားထိုးလုပ်ငန်းများကို ဆောင်ရွက်ပြီး နိုင်ငံအတွက်လိုအပ်သောဆေးဝါး၊ လူသုံးကုန်ပစ္စည်း၊ ဆောက် လုပ်ရေးပစ္စည်း၊ လူစီးမော်တော်ယာဉ်များ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့်  ဓာတ်မြေသြဇာများ အပါအဝင်ကုန်ချော ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျ က်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းဖုန်းဆရာတော်ကြီးအား တောနေပျော်မထေရ်ကျော်ဘွဲ့ ဆက်ကပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သံဃာတော်များနှင့် မိုင်းလားအကြီးအကဲများမှ မိုင်းဖုန်းဆရာတော်ကြီးအား အယားဆွမ်တစ်ပါ(တောနေပျော်မထေရ်ကျော်ဘွဲ့)ကို လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ရိုးရာအခမ်းအနားဖြင့် ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းဟေ့မိုင်းခန်အုပ်စုရှိ မိုင်းလားဂူတွင် ဝါတွင်းသုံးလအဓိဌာန်အဖြစ် ၃ လ ၃ ရက်တိုင် တရားဘာဝနာပွားများအားထုတ်တော်မူသွားမည်ဖြစ်ကာဂူအတွင်းသို့ တပည့်သာဝကများက လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းလားဂူသို့ကြွရောက်တော်မူခြင်းမပြုမီ ဇူလိုင် ၂ ရက်က မိုင်းဖုန်းဒေသမှသာသနာပြုခရီးအဖြစ်ထွက်ခွာ၍ ကျိုင်းတုံမြို့နယ်၊ လွယ်ပန်ကွဲတောင် ဗုဒ္ဓဥယျာဥ်သို့ကြွရောက်တော်မူကာ ဝစီပိတ်ဆရာတော်တည်ထားဆဲဖြစ်သော လောကသရဖူစေတီတော် (ရှမ်းပြည်နယ် ဗောရောဗုဒ္ဓော)တွင်မေတ္တာပို့သခဲ့ကြောင်း သိရသည်။ ထို့နောက် သက်တော်ရှည် ကျိုင်းရင်းဆရာတော်ကြီးအား ပူဇော်ကန်တော့ပြီး...

မန္တလေး-လားရှိုးခရီးစဉ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်သော်လည်း လမ်းပိုင်းအချို့ပျက်စီးနေခြင်းများကြောင့် အခက်ကြုံ

မန္တလေး-လားရှိုးရီးစဥ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်ကြသော်လည်း မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းအချို့ပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားများအခက်ကြုံလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ အဆိုပါ လမ်းပိုင်းများမှာ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်း၊ ရွာငံ- ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ်- ကျေးသီး -လဲချား-တောင်ကြီး-မန္တလေးလမ်းပိုင်းတို့ဖြစ်ကြောင်း သိရသည်။ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်းအခြေအနေမှာ လမ်းခရီးတိုပြီး နေ့ချင်းရောက်နိုင်သော်လည်း နောင်ချိုနယ်အတွင်း တိုက်ပွဲများကြောင့် သတိပြသွားလာရန်လိုကြောင်းဆိုသည်။ ထို့အတူ ရွာငံ-ပင်းတယ-ရပ်စောက်- ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှာ ခရီးလမ်းအတိုဆုံးဖြစ်သော်လည်း မိုးရွာသွန်းထားမှုကြောင့် ပျက်စီးနေကာ ယာဉ်ကြီးယာဥ်ငယ်များ သွားလာရခက်ခဲလျှက်ရှိသည်ဟု ဆိုသည်။ လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား- တောင်ကြီး-မန္တလေးလမ်းပိုင်းမှာ ခရီးလမ်းအဝေးဆုံးဖြစ်ကာ တစ်ညခရီးသွားရသော်လည်း တိုက်ပွဲများမရှိခြင်းကြောင့် ဒေသတွင်းခရီးသွားများစိတ်ချစွာ သွားလာနိုင်ကြောင်း သိရသည်။ သို့သော် လမ်းပိုင်း(၃)ပိုင်းလုံး၏ လမ်း...

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့တွေ့ဆုံ

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် ရုရှားသံအမတ်ကြီး H.E Mr. Evgeny Terekhin တို့ ဇူလိုင် ၇ ရက်ညနေ ၄ နာရီက အဒစ်အဘာဘာမြို့ရှိ ရုရှားသံရုံး၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အာဖရိကသမဂ္ဂနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071