Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootballသီရိလင်္ကာအသင်းအကြောင်းကို သေချာလေ့လာထားပြီး ရလဒ်ကောင်းများရရှိမည်ကိုယုံကြည်ဟု...

သီရိလင်္ကာအသင်းအကြောင်းကို သေချာလေ့လာထားပြီး ရလဒ်ကောင်းများရရှိမည်ကိုယုံကြည်ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ပြော

သီရိလင်္ကာအသင်းအကြောင်းကို သေချာလေ့လာထားပြီး ရလဒ်ကောင်းများရရှိမည်ကိုယုံကြည်သည်ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကပြောသည်။

ယနေ့ အောက်တိုဘာ ၉ ရက်နေ့လည်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ သီရိလင်္ကာအသင်းအကြောင်းကို သေချာလေ့လာထားပါတယ်။ သူတို့အသင်းမှာ ဘယ်လိုကစားသမားတွေပါဝင်တယ် ဆိုတာကိုလဲ သေချာသိပါတယ်။ လေ့ကျင့်ရေးကွင်းမှာလဲ နည်းပြတွေနဲ့ကစားသမားတွေအား လုံးက ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးရှိနေကြတာကြောင့် အခုလာမယ့် ခြေစမ်းပွဲနှစ်ပွဲအပါအဝင် နောက်ပွဲစဉ်တွေမှာပါ ရလဒ်ကောင်းတွေရရှိနိုင်မယ်လို့ယုံကြည်ပါတယ်”ဟု မောင်မောင်လွင်ကပြောသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းမှလည်း မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာမည့် ခြေစမ်းပွဲနှစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး သီရိလင်္ကာအသင်းသည် ယခင်လိုမဟုတ်ဘဲ တိုးတက်ပြောင်းလဲလာသည့်အသင်းဖြစ်သည်ဟု ပြောသည်။

” သူတို့ရဲ့ ကစားပုံ၊ နည်းစနစ်တွေကို ကျွန်တော်တို့သေချာလေ့လာသုံးသပ်ထားပါတယ်။ ဒီခြေစမ်းပွဲနှစ်ပွဲမှာ ပြိုင်ဘက်အသင်းကို လေးလေးစားစားနဲ့ယှဉ်ပြိုင်ပြီး ရလဒ်ကောင်းရရှိအောင် ကြိုးစားသွားပါမယ်”ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းက ပြောသည်။

ထို့အတူ သီရိလင်္ကာဘောလုံးအသင်းနည်းပြချုပ်မှ မိမိတို့အသင်းအနေဖြင့် ဘယ်အဆင့်လောက်အထိကစားနိုင်မလဲဆိုခြင်းကိုသိရှိလို၍ လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲနှစ်ပွဲအတွက်ကို အကောင်းဆုံးပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာဘောလုံးအသင်းတို့သည် မနက်ဖြန် အောက်တိုဘာ ၁၀ ရက်နှင့် ၁၃ ရက်တို့၌ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071