Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

IRON CROSS အဖွဲ့၏ ပင်တိုင်...

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “ခွဲစိတ်ခမယူဘဲ...

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅...

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...
HomeInternationalသီရိလင်္ကာသမ္မတ ဇူလိုင် ၁၃...

သီရိလင်္ကာသမ္မတ ဇူလိုင် ၁၃ တွင်နှုတ်ထွက်မည်ဟုကြေငြာ

သီရိလင်္ကာသမ္မတ ဇူလိုင် ၁၃ တွင်နှုတ်ထွက်မည်ဟုကြေငြာ

ကိုလံဘို၊ဇူလိုင် ၉

သီရိလင်္ကာသမ္မတ Gotabaya Rajapaksa သည် လာမည့်သီတင်းပတ်တွင် ရာထူးမှ နုတ်ထွက်ရန် သဘောတူခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Mahinda Abeywardana က ပြောကြားခဲ့သည်။၎င်းသည် ဒေါသထွက်နေသော ဆန္ဒပြလူအုပ်ကြီးလက် မှလွတ်မြောက်ရန် စနေနေ့ (ဇူလိုင် ၉ ရက်) တွင် ၎င်း၏အစိုးရနေအိမ်‌ေတာ် မှ ထွက်ခွာလာကာ လုံခြုံသည့်နေရာတွင်ရှိနေသည်ဟုသိရှိရသည်။

“ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးဖြစ်စေဖို့ သမ္မတက ဇူလိုင် ၁၃ ရက်မှာ ရာထူးက ဆင်းမယ်လို့ပြောခဲ့ပါတယ်” ဟု Abeywardana က ရုပ်မြင်သံကြား ကြေညာချက်တွင်ပြောကြားခဲ့သည်။
“ဒါကြောင့် ပြည်သူတွေအနေနဲ့ တရားဥပဒေကိုလေးစားလိုက်နာပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါလို့လည်း မေတ္တာရပ်ခံပါတယ်” ဟု၎င်းကဆိုသည်။

ဆယ်စုနှစ်ခုနစ်ခုအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကြောင့် ကိုလံဘိုမြို့ရှိ သမ္မတနေအိမ်‌ေတာ် ကို စနေနေ့တွင် ထောင်နှင့်ချီသောဆန္ဒပြသူများက ၀င်ရောက်စီးနင်းခဲ့ကြသည်။

သမ္မတအိမ်တော်တံခါးကို တိုက်ဖွင့်ပြီးနောက် ရာနှင့်ချီသောလူများသည် ၎င်း၏ အခန်းများတစ်လျှောက် လျှောက်သွားနေ သည်ကို လူမှုမီဒီယာတွင်တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်ကို မြင်တွေ့ရပြီး ဆူညံနေသော လူအုပ်ထဲမှအချို့သည် ခြံဝင်းအတွင်းရှိ ရေကန်ထဲသို့ခုန်ဆင်း‌ကာ ဆန္ဒထုတ်‌ဖော်နေကြသည်။

သမ္မတသည် လက်မတင်လေးပင် ထွက်ပြေးသွားခဲ့ပြီး ၎င်းလွတ်မြောက်ရန် တပ်ဖွဲ့ဝင်များက သေနတ်ကိုမိုး‌ပေါ်ထောင်ဖောက်၍ လမ်းရှင်းကာ ကူညီဆောင်ရွက်ပေးခဲ့ရသည်။ဆန္ဒပြသူများသည် Rajapaksa ကို ဆက်ခံမည့် ပထမဆုံးသော ၀န်ကြီးချုပ် Ranil Wickremesinghe ၏ နေအိမ်သို့လည်း ၀င်ရောက်စီးနင်းကာမီးရှို့ဖျက်ဆီးခဲ့ကြသည်။ဝန်ကြီး ချုပ် သည်လည်း လုံခြုံရာအရပ်တွင်တိမ်းရှောင်နေရသည်ဟုဆိုသည်။

Wickremesinghe သည် ယခုဖြစ်ပေါ်နေသော ဆူပူအုံကြွမှုကို မည်သို့လုပ်ဆောင်ရမည်ကိုဆုံးဖြတ်ရန် နိုင်ငံရေးပါတီအများအပြားနှင့် အစောပိုင်းကတွေ့ဆုံဆွေးနွေးခဲ့သည်။

“Wickremesinghe သည် ၎င်းအနေဖြင့်ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ပြီး နိုင်ငံရေးပါတီများအားလုံးပါဝင်သော ကြားဖြတ် အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန်ဆန္ဒရှိကြောင်း ပါတီ ခေါင်းဆောင်များအား ပြောကြားခဲ့သည်” ဟု ၎င်း၏ရုံးမှထုတ်ပြန်ချက်တွင်ပါရှိသည်။

သမ္မတနှင့် ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်ခြင်းအပါအဝင် ပါတီများမှခေါင်းဆောင်များ အစည်းအဝေးတွင် ဆုံးဖြတ်ချက် အများအပြားချမှတ်ခဲ့ပြီး ယာယီသမ္မတတစ်ဦးကို ခုနစ်ရက်အတွင်း လွှတ်တော်သို့ ခေါ်ဆောင်တင်‌မြှောက်သွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ Mahinda Yapa Abeywardena က ပြောကြားခဲ့သည်။

လက်ရှိပါလီမန်သည် ဝန်ကြီးချုပ်အသစ်နှင့် ကြားဖြတ်အစိုးရကို ခန့်အပ်နိုင်သည်ဟု လွှတ်တော်ဥက္ကဋ္ဌရုံးကထုတ်ပြန်သည့်စာတွင်ဖော်ပြထားသည်။

“အချိန်တစ်ခု သတ်မှတ်ပြီးတဲ့အချိန်မှာတော့ ပြည်သူတွေက ပါလီမန်အသစ်ကို ရွေးကောက်တင်မြှောက်ဖို့ ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ပါတယ်” ဟုလည်း၎င်းကဆိုသည်။

လက်ရှိတွင် သီရိလင်္ကာသည် စီးပွားရေးအကျပ်အတည်းကြုံနေရပြီး ငွေကြေးဖောင်းပွခြင်း၊အစားအစာနှင့်လောင်စာဆီပြတ်လပ်ခြင်း၊စီးပွားရေးစနစ်တစ်ခုလုံးပြိုလဲနေခြင်း၊ဆေးဝါးအပါအဝင်အခြားသွင်းကုန်များအတွက် နိုင်ငံခြားငွေပြတ်လပ်ကာ ပြည်ပကြွေးမြီများတင်နေခြင်းတို့ကြောင့် နိုင်ငံတစ်ဝှမ်းဆန္ဒပြပွဲများဖြစ်ပေါ်လာကာ သမ္မတအိမ်တော်နှင့်အစိုးရရုံးများကိုပြည်သူများက ယခုလိုဝင်ရောက်စီးနင်းကြခြင်းဖြစ်သည်။

Source – CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူ

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “ခွဲစိတ်ခမယူဘဲ မေတ္တာနဲ့ခွဲစိတ်ပေးသော Dr.U Kyaw Htet နှင့် ဆုတောင်းကူညီပေးသူ အယောက်စီတိုင်း ကျေးဇူးအထူး တင်ပါတယ်။ ဒီနေ့တော့ အနာရှိန်နဲနဲတက်လို့ ဆက်လက်ဆုတောင်းပေးကြပါဦး ခင်ဗျာ။ သည်းခြေကျောက်ရှိလို့ သည်းခြေပါ ထုတ်လိုက်တာပါ” ဟု ရေးသားမျှဝေထားသည်။ ယခုလ မေ(၁၅)ရက်ကလည်း ၎င်း၏ မွေးနေ့ကျရောက်ခဲ့ပြီး မွေးနေ့နှုတ်ဆက်ဆုတောင်းပေးကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ပြန်တွေ့ကြပါဦးမည်ဟု ရေးသားမျှဝေထားသည်။

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅ ဦး ပျေ-ာက်ဆုံးနေသေး

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် နောက်ထပ် စက်ယန္တရားကြီးတစ်စင်းကို အခင်းဖြစ်ရာ၌ ထပ်မံအသုံးပြုခဲ့ပြီး စုစုပေါင်းနှစ်စီးဖြင့် ဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ မြေပြိုခဲ့သော်လည်း အဆိုပါဒေသသည် ဆက်သွယ်ရေးစနစ်အလွန်ညံ့ဖျင်းသဖြင့် ကယ်ဆယ်ရေးသမားများထံ သတင်းရောက်ရန် ကြန့်ကြာခဲ့ကြောင်း ပြည်နယ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှအကြီးအကဲက ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချန်ရှီမြို့မြေပြိုမှုကြာင့် လူနှစ်ဦးပိ-တ်မိနေခဲ့ကာ ဂါဝါမြို့မြေပြိုမှုကြောင့် လူ ၁၉ ဦးပိ-တ်မိနေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကြာသပတေးညကိုးနာရီအထိ အဆိုပါမြို့နှစ်မြို့ရှိ ပိ-တ်မိနေသူများအနက် ချန်ရှီ၌‌ေ-သဆုံးသူနှစ်ဦးနှင့်ဂါဝါ၌‌ေ-သဆုံးသူနှစ်ဦးရှိလာကာ စုစုပေါင်း လေးဦး‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။ သဘာဝဘေးကြိုတင်ကာကွယ်လျှော့ချရေးနှင့် ကယ်ဆယ်ရေး နိုင်ငံတော်ကော်မရှင်က ပြင်းထန်သည့်ရေကြီးမှုနှင့် ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များ အထူးသဖြင့် မြေပြိုမှုများအတွက် အဆင့် ၄ ရှိသည့် ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်မှုတစ်ရပ်ကိုလည်းစတင်ခဲ့သည်။ အဆိုပါကော်မရှင်သည် ရေဘေးသင့်ဒေသများသို့ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ကိုစေလွှတ်ထားပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071