ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂ (၁)လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်စစ်ဆေးမှုများပြုလုပ်ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား (၅)ဦး၊ မြန်မာနိုင်ငံသူ(၁)ဦးတို့အား မိုးကာတဲကြီး(၁၇) လုံးနှင့် ကင်းတဲငယ်များ၊ All in one ကွန်ပျူတာ(၆) လုံး၊ လက်တော့(၇၀)လုံး၊ ဖုန်းမျိုးစုံ(၁၆၀)လုံး၊ IPad (၁၀)လုံး၊ Router (၁၀)လုံး၊ Modern Stick (၃၇)ခု၊ မီးစက်(၃)လုံး၊ STAR LINK ဗန်း(၁၉)ခု၊ 4 X 4 WHEEL (၂)စီး၊ သရီးကရောင်း(၁)စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ အဆိုပါ နေရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ(၂၀၀)ဦးခန့်ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားချိန်တွင်ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်ကိုလည်းဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သိမ်းဆည်းရမိခဲ့သည့်ပစ္စည်းများနှင့် လက် နက်ခဲယမ်းများကို လုံခြုံရေးအဖွဲ့ဝင်များက လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပါဝင်ပတ်သက်သူများအား ဆက်လက်စိစစ်ဖော် ထုတ်၍ ဥပဒေနှင့်အညီတရားစွဲဆိုအရေးယူနိုင်ရန်နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက် ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
