Tuesday, August 18, 2026

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို...

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇...

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့...

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...
HomeNewsLocal Newsသီပေါမြို့နယ်တွင် လျှပ်စစ်မီးမရသည်မှာ သုံးနှစ်...

သီပေါမြို့နယ်တွင် လျှပ်စစ်မီးမရသည်မှာ သုံးနှစ် နီးပါးရှိပြီဖြစ်၊ မည်သည့်အချိန် မီးရနိုင်မည်လည်း သီပေါကိုယ်စားလှယ် မေးခွန်းထုတ်

သီပေါမြိုနယ်တွင် လျှပ်စစ်မီး မည်သည့်အချိန်မှာ ရရှိနိုင်မည့် အခြေအနေနှင့်ပတ်သက်ပြီး
သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ယနေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး ပထမနေ့တွင် မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

“၂၀၂၃ ကစပြီး နယ်မြေမတည်ငြိမ်မှုနဲ့ ပြည်တွင်း ပဋိပက္ခဖြစ်ပွားခဲ့တယ်။ လျှပ်စစ်ဓါတ်အားလည်း ပြတ်တောက်ခဲ့ရပါတယ်၊ လျှပ်စစ်မီးမရရှိတာဟာ သုံးနှစ်နီးပါး ရှိပြီးဖြစ်ပါတယ်။ မီးမရတော့တာကြောင့် ဒေသတွင်းမှာ ကျန်းမာရေး၊ ပညာရေး ဆက်သွယ်ရေးတွေမှာ အင်မတန် ခက်ခဲခဲ့တယ်” ဟု မေးခွန်းမေးမြန်းစဉ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုပြင် လျှပ်စစ်မီးမရရှိခြင်းကြောင့် သီပေါမြို့နယ်တွင် ဖုန်းပြောနိုင်ရန် တစ်ရက်ကို ကျပ်ငွေ သိန်း ၁၁၀ ခန့် ဆီဖိုးကုန်ကျနေကြောင်းလည်း ပြောကြားခဲ့သည်။

“ဆိုလာစနစ်ကို အစားထိုးသုံးစွဲနေရတယ်။ တချို့က ဓာတ်ဆီသုံးပြီး မီးစက်တွေ အသုံးပြုနေရတယ်၊ ဆီ ခွဲတမ်းကမရတော့ တစ်လီတာကို ကျပ် ၁၂၀၀၀ ကနေ ၂၅၀၀၀ အထိ ပေါက်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်လီတာ ၁၂၀၀၀ ပေးပြီး နေပြည်တော်ကို လာခဲ့ရတယ်။ ဒေသလိုအပ်ချက်ကို တင်ပြခြင်းဖြစ်ပါတယ်’’ ဟုလည်း ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ဆက်လက်ပြောကြားခဲ့သည်။

ထိုကြောင့် သီပေါမြို့နယ်အတွက် လျှပ်စစ်မီးကိစ္စက အလွန်အရေးကြီးပြီး မည်သည့်အချိန်တွင် မည်သို့ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့ကို ဓါတ်အားပြန်လည်ပေးနိုင်ရေး ကူညီစောင့်ရွက်ပေးရန် ဝန်ကြီးဌာနက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ကို ၂၀၂၆ မတ်လ ၂၀ ရက်နေ့က တင်ပြထားကြောင်း၊ ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးပါက သီပေါမြို့နယ် ၁၁ ရပ်ကွက် ဓါတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာများကို ဖြန့်ဖြူးနိုင်ရန် ကျေးရွာများတွင်ရှိသည့် ဓါတ်အားလိုင်းနှင့် ထရန်စဖော်မာ ပျက်ဆီးခြင်းကို လတ်တလောမှာ စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း၊ နယ်မြေအခြေအနေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇ ရက်က ထုတ်ပြန်သည့် တော်ဝင်အမိန့်အရ သိရသည်။ ဟွန်မာနက်၏ တောင်းဆိုချက်အရ ဘုရင် နိုရိုဒွမ် သီဟာမိုနီက အဆိုပါခန့်အပ်မှုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကမ်မိုနိုဝိသယာသည် ဝန်ကြီးအဆင့်နှင့်ညီမျှသည့် ရာထူးအဆင့် ရရှိမည်ဖြစ်သည်။ သို့သော် ၎င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အသေးစိတ်ကို တော်ဝင်အမိန့်တွင် ဖော်ပြထားခြင်းမရှိပေ။ ယင်းခန့်အပ်မှုသည် ကမ္ဘောဒီးယားအစိုးရနှင့် အတို-က်အခံအင်အားစုများအကြား နိုင်ငံရေးဆက်ဆံမှုတွင် ရှားရှားပါးပါး ဖြစ်ပေါ်လာသည့် အပြောင်းအလဲတစ်ရပ်အဖြစ်...

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့ တို-က်ခိုက်ခံရ

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း Skai က ကြေညာသွားပါတယ်။ အဲဒီရုပ်သံလိုင်းက ထုတ်ပြန်လိုက်တဲ့ တို-က်ခိုက်မှုဗီဒီယိုထဲမှာဆိုရင် ဒရုန်းတစ်စင်းက ပင်လယ်ပြင်ပေါ်မှာ ကင်းထောက်ပျံသန်းနေပြီးနောက် ဂရိရေနံသင်္ဘောရဲ့ ကုန်းပတ်တံတားကို ဝင်တိုက်သွားတာ မြင်ရပါတယ်။ အတို-က်ခံရပြီးတာနဲ့ ချက်ချင်းပဲ မီးလေ-ာင်သွားတာပါ။ သင်္ဘောသားတွေ ထိခိုက်ဒ-ဏ်ရာရတာ ရှိ၊ မရှိကိုတော့ သေချာမသိရသေးဘူးလို့ ရုပ်သံလိုင်းက ဆိုပါတယ်။ အခုတို-က်ခိုက်မှုကို ယူကရိန်းအာဏာပိုင်တွေရဲ့ ဒရုန်းနဲ့ လုပ်ဆောင်ခဲ့တာလို့ ယုံကြည်ရပါတယ်။...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071