ယခု သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ချောင်းသာနှင့် ငွေဆောင်သို့ ခရီးသွားဧည့်သည်များ ယခင်နှစ်ထက် ပိုမိုလာရောက်လည်ပတ်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သီတင်းကျွတ်ရုံးပိတ်ရက် ကာလမတိုင်ခင် ဟိုတယ်အခန်းများ အားလုံးပြည့်ခဲ့ပြီး အခန်းမရရှိခြင်းကြောင့် နေ့ချင်းပြန်လာရောက်သူများလည်းရှိကြောင်း သိရည်။
အောက်တိုဘာ (၄)ရက်မှ (၇)ရက်အတွင်း ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြပြီး ခရီးသွားဧည့်သည်များပြားစွာ လာရောက်လည်ပတ်သည့်အတွက် ဒေသခံများအနေဖြင့်လည်း ဒေသထွက် အစားအစာများ၊ ပင်လယ်ထွက်အမှတ်တရပစ္စည်းများ ပိုမိုရောင်းချရသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပွင့်လင်းရာသီအချိန်လည်း ဖြစ်သည့်အတွက် ကမ်းခြေတွင် စျေးသည်များ၊ စျေးဆိုင်ခန်းများလည်းပြန်ပြီး ဖွင့်လာကြပြီဖြစ်ကြောင်း သိရသည်။
ယခုပိတ်ရက်ကာလတွင် ချောင်းသာ၊ ငွေဆောင်အပြင် မန္တ လေး၊ ပုဂံ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော၊ တောင်ကြီးသို့ သွားရောက်လည်ပတ်
