ယနေ့ အောက်တိုဘာ (၈) ရက်တွင် ပြင်ပရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သား (၈၁) သိန်းကျော်ဖြင့် ဈေးဖွင့်ထားကြောင်း သိရသည်။
သီတင်းကျွတ် ပိတ်ရက်မတိုင်မီ အောက်တိုဘာ (၅)ရက်တွင် ပြည်တွင်းရွှေဈေး (၇၉) သိန်းဖြင့် ဈေးကွက်ပိတ်ထားခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာခြင်းဖြစ်ပြီး ရွှေတစ်အောင်စလျှင် (၃၆၄၃)ဒေါ်လာဖြစ်ပေါ်ချိန်တွင် အခေါက်ရွှေ တစ်ကျပ်သားကို (၇၉)သိန်းကျော်ရှိရာမှ ယနေ့တွင် တစ်အောင်စလျှင် (၄၀၂၈) ဒေါ်လာဖြစ်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း (၈၁၂၀၀၀၀) ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရွှေဈေး နှုန်းသတ်မှတ်ချက်မှာ အခေါက်ရွှေတစ်ကျပ်သားလျှင်
(၅၉၉၀၀၀၀) ကျပ်သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းစျေးကွက်မှာ မူစျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေးအဝယ် ကျပ် (၃၉၈၅) နှင့် အရောင်း ကျပ် (၄၀၈၅) ဝန်းကျင်တွင်ရှိကြော င်း သိရသည်။
