သီတဂူဆရာတော်ကြီး ဦးစီး၍ ငလျင်ကြီးကြောင့် ပြိုပျ-က်ခဲ့ရသော စစ်ကိုင်းမြို့ရှိဘုရားစေတီ (၁၀) ဆူအား ပြုပြင်မွမ်း မံလျက်ရှိကြောင်း သိရသည်။
ဆွမ်းဦးပုညရှင်စေတီ၊ ကောင်းမှုတော်စေတီ၊ ရတနာထွဋ်ခေါင်စေတီ၊ ဆင်များရှင်စေတီ၊ ထူပါရုံစေတီ၊ စေတီလှစေတီ၊ မရှိခဏ(ခ) မဟိယင်္ဂနစေတီ၊ မဟာစေတီ၊ ရှင်ပင်နံကို င်းစေတီနှင့် သစ္စာစေတီတို့အား ပြုပြင်မွမ်းမံနေခြင်းဖြစ်သည်။
ဆရာတော်ကြီးသည် မေလ (၈)ရက် နံနက် အာရုဏ်ဆွမ်းဘုဥ်းပေးအပြီးတွင် ဆွမ်းဦးပုညရှင်စေတီတော်ကြီးကို သွားရောက်ကြည့်ရှူ့စစ်ဆေးခဲ့ပြီး စေတီရင်ပြင်တွင် အင်ဂျင်နီယာကိုချိုဇော်မင်း၊ ဧရာ၀တီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပုညရှင်ဘုရားကြီး ပြုပြင်မွမ်းမံမှုများကို တိုင်ပင်ဆွေးနွေးခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် စစ်ကိုင်းတံတားသစ်အနီးရှိ သစ္စာစေတီတော်ကြီး ပျ-က်စီးမှုအပိုင်းကို သွားရောက်ကြည့်ရှူတော်မူခဲ့ကြောင်းလည်း သိရသည်။
ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ရှိ ဘုရားစေတီများ ပျ-က်စီးလျက်ရှိနေသည့်အနက် သီတဂူဆရာတော်ကြီး ဦးစီး၍ ဘုရား (၁၀) ဆူမွမ်းမံလျက်ရှိရာ အနယ်နယ်အရပ်ရပ်ရှိ ကုသိုလ်ရှင်များ လာရောက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း တိုက်တွန်းနှိုးဆော်ထားသည်။