ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင်များအား တစ်နေ့လျှင် ဦးရေ (၂၅၀)ခန့် ကုသပေးလျက်ရှိကြောငိး သိရသည်။
အဆိုပါ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်သည် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ကြီး၏ ဆေးရုံတော် (၄၃)ခုအနက် (၃၇)ခုမြောက် ဆေးရုံတော်ဖြစ်သည်။
ယင်းဆေးရုံတွင် မျက်စိဝေဒနာရှင်များအားအောက်တိုဘာလ(၂၀)ရက်မှ (၃၀)ရက်အထိ တစ်နေ့လျှင် ဦးရေ (၂၅၀)ခန့်ဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိစမ်းသပ် စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များ ခြစ်ထုတ်ခြင်းနှင့် မျက်လုံး အစားထိုးကုသခြင်းများကို ကုသပေးလျက် ရှိသည်ဟု သိရသည်။
