ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
