Saturday, May 17, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeCelebrities' Newsသားဖြစ်သူရဲ့ အနုပညာဝါသနာပိုးအကြောင်းပြောပြတဲ့ ချောရတနာ

သားဖြစ်သူရဲ့ အနုပညာဝါသနာပိုးအကြောင်းပြောပြတဲ့ ချောရတနာ

 

သရုပ်ဆောင်ချောရတနာက အခုဆိုရင်ဒုတိယမြောက် ကိုယ်ဝန်ကိုလွယ်ထားနေရပြီဖြစ်ပါတယ်။ သားလေးကလည်း အခုဆိုရင်သုံးနှစ်အရွယ်ကို ရောက်နေပြီဖြစ်ပြီး အနုပညာ ကို ဝါသနာပါတာတွေ့ရတယ်လို့ ချောရတနာကဆိုပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သားကိုပြုစုပျိုးထောင်ပုံအကြောင်း ကိုတော့ ချောရတနာက…

“သားသားက အခုဆို သုံးနှစ်နဲ့ခြောက်လရှိပါပြီ။ အခုတော့ မူကြိုလိုမျိုးကို အပျော် ထားထားပေးတယ်။ သားကသီချင်းတအားကြိုက်တယ်။ သီချင်းဖွင့်ပြီဆိုရင် မရပ်တန်းကတယ်။ ဒီအရွယ်မှာ ကလေးတိုင်းကတော့ သီချင်းကြိုက်ကြပါတယ်။ ဒါပေမယ့် သူကနည်းနည်း အိုဗာဖြစ်နေသလားလို့၊ အမကတော့ သားသားကိုကြီးလာရင် သူဘာဖြစ်ချင်သလဲ ဆိုတာကိုပဲ  ပံ့ပိုးပေးဖို့ စိတ်ကူးထားတယ်။ ပုံစံခွက်ထဲမှာ မထားချင်း ဘူး။ သူ့ဝါသနာနဲ့ ကြိုးစားမှုအပေါ်မှာပဲ  အကောင်းဆုံး ဖြည့်စည်းပေးချင်တယ်။ တအားကြီး ဖိအားမပေးပြီး ကိုယ့်ရဲ့အတ္တအတွက် ဆွဲခေါ်တာမျိုး မလုပ်ဘဲ ပေးဆပ်ပြီး ပဲ ချစ်ချင်တယ်” လို့ ပြောပြပါတယ်။

 

ချောရတနာက အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို နားလိုက်ပြီး မိသားစုကိုပဲ အချိန်ပေးဖြစ်ခဲ့ပါတယ်။ ဒီလိုသရုပ်ဆောင်ပိုင်း သိပ် မလုပ်ဖြစ်တော့တဲ့အပေါ်  ပရိသတ်တွေကို အားနာမိ တယ်ဆိုတဲ့ ချောရတနာရဲ့နောက်ပိုင်း အနုပညာလှုပ်ရှားမှု အချို့က…

“သရုပ်ဆောင်အလုပ်ကိုလည်း အစ်မတတ် နိုင်သလောက် လုပ်သွားဦးမယ်။ သားသားမွေးပြီးတော့ အစ်မဇာတ်ကားတစ်ကားရိုက်လိုက်သေးတယ်။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ ဦးခွံဆိုတဲ့ဇာတ်ကားပါ။ အဲဒီဇာတ်ကားကို ဇာတ်လမ်းကြားတာနဲ့ တအားရိုက်ချင် တော့ အစ်မရဲ့အမေကို သားသားကိုကြည့်ပေးဖို့ အကူ အညီတောင်းပြီးရိုက်ဖြစ်ခဲ့တယ်။ မိခင်မေတ္တာဖွဲ့ပုံစံ ဇာတ် လမ်းလေးကို မကြီးစိုးရယ်၊ ရွှေမှုံရယ်နဲ့တွဲပြီးသရုပ်ဆောင် ခဲ့တယ်။ အခုလိုအချိန်မှာက ဒီလိုဇာတ်ကားမျိုးရိုက်ကူးတာ ရှားသွားပြီလေ။ ဇာတ်ကား(၁ဝ)ကားရိုက်ကူးတယ်ဆိုရင် ဒရမ်မာက တစ်ကားလောက်ပဲ ရိုက်ကူးကြတော့တယ်လေ။ အစ်မလည်း အရင်ကလို အနုပညာအလုပ်တွေကို အများ ကြီးမလုပ်နိုင်တော့ပေမယ့် အခုအနည်းအကျဉ်းလောက် တော့ လုပ်ဖြစ်နေပါသေးတယ်။ Photo Shooting လေး တွေ၊ ကြော်ငြာရိုက်လေးတွေ တတ်နိုင် သလောက်လုပ်ပါ တယ်”လို့ ချောရတနာက ပြောပြပါတယ်။

  မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071