Tuesday, January 14, 2025

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင်...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China...

EAO များအတွင်း Coordination and...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅)...

တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊...

ဗဟိုဘဏ်အနေဖြင့်တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၉) ဦးကိုအမှုဖွင့် အရေးယူထားပြီး (၆) ‌ဦးအားတည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုထားကြောင်း ဗဟိုဘဏ်မှ...
HomeCelebrities' Newsသားလေး ကောင်းသိင်္ခမိုးသူရဲ့ တစ်နှစ်ပြည့်...

သားလေး ကောင်းသိင်္ခမိုးသူရဲ့ တစ်နှစ်ပြည့် မွေးနေ့မှာအလှူအတန်းတွေ လုပ်ပေးခဲ့ကြတဲ့စွမ်းသူမိုး နဲ့ မိုးယုစံ

ကိုစွမ်းသူမိုး နဲ့ သရုပ်ဆောင် မိုးယုစံ တို့ရဲ့ သားလေး ကောင်းသိင်္ခမိုးသူ(ခ) Austin ရဲ့ တစ်နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲကို သြဂုတ်လ ၂၁ ရက်နေ့ မနက် ၉နာရီခွဲက ဗဟန်း မြို့နယ်ရှိ တောင်ကြီး ပရိယတ္တိ စာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ တစ်နှစ် ပြည့်မွေးနေ့အလှူအနေနဲ့ သံဃာများကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ သားလေးက မိုးယုစံတို့ ဇနီးမောင်နှံရဲ့ သားဦးလေးလည်းဖြစ်၊ နှစ်ဖက် မိဘတွေရဲ့ မြေးဦးလည်း ဖြစ်တာကြောင့် တစ်မိသားစု လုံးရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေး ပါ။ သားလေးရဲ့ ပထမဦးဆုံးမွေးနေ့ပွဲ လည်း ဖြစ်တဲ့အတွက် တစ်ဘဝလုံးစာ နဲ့ ယှဉ်ရင် ကောင်းချီးပေးတဲ့ သဘော၊ ပြီးပြည့်စုံချင်တဲ့ သဘော အနေနဲ့ အခုလို မိတ်သင်္ဂဟတွေနဲ့ မွေးနေ့ပွဲလေးကို ကျင်းပပေးခဲ့တာ ဖြစ် ကြောင်း ကိုစွမ်းသူမိုးက ပြောပါတယ်။ သား ယောက်ျားလေး ဖြစ်တဲ့အတွက် ဘယ်လို ထိန်းကျောင်းသွားမလဲဆိုတာကိုတော့ မိုးယုစံ က…

“ယောက်ျားလေးလည်း ယောက်ျားလေး အလျောက် မိဘက အကောင်းဆုံးလမ်းညွှန် နိုင်မှလေ။ ညီမကတော့ အကောင်းဆုံးလမ်း ညွှန် ပေးမယ်။ အကောင်းဆုံး သွန်သင် ဆုံးမ ပေးမယ်။ မိဘဖြစ်တယ်ဆိုပြီး ဒါလုပ်ဒါလုပ်လို့ ချုပ်ချယ်တာမျိုး မလုပ်ဘူး။ လူတစ်ယောက်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိဖို့က အရေး ကြီး ဆုံးပဲ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး တစိုက် မတ်မတ် နဲ့ လုပ်နိုင်တဲ့လူဖြစ်ဖို့ ပဲ မျှော်လင့်ပါ တယ်” လို့ပြောပါတယ်။


ဖခင်ဖြစ်သူ ကိုစွမ်းသူမိုးကလည်း “ကျွန် တော်ကတော့ ပညာရေးအနေနဲ့ အကောင်း ဆုံးဖြစ်စေချင်တယ်။ ကျွန်တော်ပြောချင်တဲ့ ပညာရေးအကောင်းဆုံးဆိုတာက ထူးချွန်တာ မျိုးကို ပြောတာမဟုတ်ဘူး။ ပညာရေး နယ်ပယ်မှာ အကောင်းဆုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းစေချင်တယ်။ Activities တွေ အများကြီးနဲ့ အဲဒီလိုဘဝမျိုး သူ့ကို ပေးချင် တယ်” လို့ပြောပါတယ်။

မိုးယုစံက သားလေးနဲ့အတူ ကျောင်း လည်း အတူသွားဖြစ်ပြီး သားလေးကို ထိန်းကျောင်းလေ့ရှိပါတယ်။ သားလေးက လူသိပ်မ ကြောက်တတ်ဘဲ သူငယ်ချင်းလည်း မင်တဲ့ သူလို့ဆိုပါတယ်။ ငယ်သေး ပေမယ့် သားလေးကို ကျောင်းပို့ ဖြစ်ရတဲ့ အကြောင်း ကိုတော့ မိုးယုစံက…
“ညီမတို့ မိဘတွေအနေနဲ့ ကိုယ့်ကလေး ကို သင်ကြားပြသတဲ့ အခါမှာ မသိတာတွေရှိ တယ်။ တစ်နှစ်ဆိုတာ စာတွေသင်ပေးတာ မျိုး ပြောတာမဟုတ်ဘူး။ သူတို့ကို လက်လေး တွေ သန်စွမ်းအောင် ကျင့်ပေးတာမျိုးလေး တွေ၊ လမ်း လျှောက်တာမျိုးတွေ၊ ကလေးတွေကို ပစ္စည်းတွေလာယူဖို့ ကြိုးစားခိုင်းတာတွေ၊ လမ်းလျှောက်တတ်တဲ့သူဆို လမ်းလျှောက်ပြီး လာယူခိုင်းတာမျိုးတွေ မိဘတွေအနေနဲ့ ပိုသိသွားတယ်။ အရင်တုန်းကဆိုရင် ကိုယ်တွေက မသိဘူး။ ကလေးကို ကိုယ့်အနီးအနားမှာပဲ ပစ္စည်းတွေ ယူပေးလိုက်တာ များတယ်။ လက် လေးတွေကိုလည်း သန်မာလာအောင် ကျင့်ပေး ဖြစ်မှာမဟုတ်ဘူး။ နောက်ပြီး ကလေးဆိုပြီး အိမ်မှာထားတာထက်စာရင် အပြင် ခေါ် သွားရင် သူ့အတွက် လူမစိမ်းတော့ ဘူး။ တချို့ဆိုရင် လူစိမ်း ကြောက် တယ်။ အပြင်ထွက်ရင် ငိုတာများ တယ်။ အခုဆို လူစိမ်းတွေ့ ရင် မငိုတော့ဘူး” လို့ ကျောင်း ထားတဲ့ အကျိုးကျေးဇူးကို ပြောပြပါတယ်။


မိုးယုစံက သားဦး လေးရဲ့မိခင်ဖြစ်တဲ့ အတွက် သားအပေါ်မှာ အတ္တကြီး တာမျိုးတော့ ရှိတတ်တယ် လို့ဆိုပြီး သမီးလေးတစ် ယောက် ရှိလာခဲ့မယ် ဆိုရင် တော့ ပြောင်းလဲ သွားမလား မသိနိုင်ဘူးလို့ ဇနီးဖြစ်သူနဲ့ ပတ်သက် ပြီး ကိုစွမ်းသူမိုးက ပြောပြပါတယ်။ နောက်ထပ် ရင်သွေးလေး လိုချင် ပေမယ့် စဉ်းစားနေတုန်းပဲ ဆိုတဲ့ မိုးယုစံက…

“ရင်သွေးကတော့ ရတဲ့ အချိန်ပါပဲ။ ဒါပေမဲ့ မှန်းထား တာတော့ သားသားကိုလည်း မလွှတ်ချင်ဘူး။ နောက်တစ်ယောက် မွေးမယ်ဆိုရင် သားသားကို ဂရု မစိုက်ဖြစ်မှာတွေ ရှိမှာစိုးတယ်။ နည်း နည်းတော့ စဉ်းစားနေပါသေးတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန်အပ်ခြင်းခံခဲ့ရသည့် H.E. Mr. Thongsavanh Phomvihane အား မြန်မာသံအမတ်ကြီးမှ ဇန်န ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီက သွားရောက်တွေ့ ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-လာအို နှစ်နိုင်ငံကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ စွမ်းအင်၊...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ပြော

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China (Qualifiers)ပွဲ၏ အုပ်စု(D)ပွဲစဥ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လည် ၁ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းတွေရဖို့ကြိုးစားပါမယ်။ ဒီပွဲအတွက် ကြို တင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားသလို ပြိုင်ပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ"ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ ထို့ပြင် အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲစဥ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကာ အုပ်စု(D)တွင်...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးဆွေးနွေး

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၊ မဟာမိတ်အဖွဲ့ - 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးအား ယနေ့ ဇန်နဝါရီ ၁၄ ရက်က သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဦးဆောင်၍ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင် ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှနေ့စဥ်ရင် ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအားသုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071