Sunday, September 20, 2026

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...
HomeCelebrities' Newsသားလေးကိုကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်စေချင်တယ်...

သားလေးကိုကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်စေချင်တယ် သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း

အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပြီဖြစ်တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက မကြာသေးမီကပဲ သူမ သရုပ်ဆောင်ထားတဲ့ ‘ဖိုးရှိတ်’ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်ပြသနေတဲ့အတွက် အလွန် စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ ရုပ်သံလိုင်း တွေကနေ ပြန်လည်ထုတ်လွှင့်ပြသလာရင် ကြည့် ဖြစ်နေပေမယ့်လည်း အနုပညာလောကထဲ ပြန် လည်ဝင်ရောက်ဖို့ မရှိဘူးလို့ ဆိုပါတယ်။ အနု ပညာအလုပ်တွေအတွက် အချိန်မပေးနိုင်ဘဲ မိသားစုအတွက်သာ အချိန်ပေးဖြစ်နေတယ်လို့ လည်း သိရပါတယ်။ သားလေးမွေးထားတဲ့ သဉ္ဇာ နွယ်ဝင်းက ရင်သွေးလေးနဲ့သာ အချိန်ကုန်နေ ကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

”သားလေးက အခု ဆို ၇ ရက်နေ့က ၇ လပြည့် သွားတယ်။ သူ့ကို နာမည်ပေးထားတာက မြန်မာ နာမည်ကို ကျော်မျိုးမြင့်လို့ ပေးထားတယ်။ အခု လောလောဆယ်တော့ လေးဖက်ထောက်မသွား တတ်သေးပေမယ့် တဖြည်းဖြည်းတော့ သိသင့် တာကို သိနေပြီ။ အဓိကကတော့ သားလေးရဲ့ အစားအသောက်ကို ဂရုစိုက်ပြီးတော့ ကျွေးဖြစ် တယ်။ နို့ဖျော်ရင်လည်း နို့ဘူးတွေကို သေသေ ချာချာလေး ဆေးပြီးတော့ ဂရုစိုက်ရတယ်။ ပြီး တော့ သဉ္ဇာ့သားက လူကြောက်တတ်တယ်ဆို တော့ အဲဒီလိုမျိုး မကြောက်တတ်အောင် သူနဲ့ အချိန်ပေးဖြစ်တယ်။ အတူတူဆော့ကစားပေးဖြစ် တယ်။ သားလေးက ခုနစ်လသားအရွယ်ဆိုတော့ တော်တော်လေး နားလည်လာတာတွေလည်း ရှိနေပြီ။ သဉ္ဇာအပြင် သွားမယ်ဆိုလည်း သူက မပေးသွားဘူး။ အမေကို အပျောက်မခံ ဘူး။ အဲဒီလိုမျိုးလေးတွေမြင်ရတော့ ကိုယ်က ပီတိတွေဖြစ်တာပေါ့။ ညဘက် အိပ်လို့ရှိရင်လည်း သဉ္ဇာမအားတဲ့အချိန် ကောင်မလေး တွေကို သိပ်ခိုင်းတဲ့ အချိန်ကျရင် သူက မရဘူး။ အမေကိုပဲ လိုက် ရှာတာမျိုးလေးတွေရှိတယ်။ သားလေးအတွက် မျှော်မှန်းချက်တွေ ဆိုပြီးတော့ မရှိဘူး။ ကလေးကို တအားလည်း ဖိအားမပေးချင်ဘူး။ တခြားမိဘတွေလိုမျိုး ကလေးတွေကို ကျောင်းစာဆိုလည်း တအား တော်ရမယ်ဆိုပြီးတော့ ဖိအားမပေးချင်ဘူး။ သူလုပ်နိုင်တာကို အကောင်းဆုံးလုပ်ရင် ရပြီပေါ့။ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုပြီး တော့ အဲဒီလိုမျိုးကြီးမလုပ်ချင်ဘူး။ ဒါပေမဲ့ အသက်ကြီးလို့ရှိရင်တော့ သူ့စီးပွားရေးတစ်ခုပေါ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်စေချင်တယ်။ အဲဒီလောက်ပါပဲ။ တခြားအများကြီး မမျှော်လင့်ဘူး။ ဘက်စုံတော့ အကုန်လုံးဖြစ်စေ ချင်တာပေါ့။ ဒါပေမဲ့အကုန်လုံးက ကိုယ်ဖြစ်စေချင်တဲ့အရာတွေ ကို ဖြစ်ချင်တိုင်းဖြစ်လို့ရတာမှ မဟုတ်တာ။ သားလေးအတွက် အကောင်းဆုံးက သူဖြစ်ချင်တာတွေကို လုပ်သွားပေးဖို့ပဲ အစီ အစဉ်ရှိပါတယ်”လို့ သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071