သာစည်-ရွှေညောင် အစုံ/အဆန် ရထားခရီးစဥ်ကို အောက်တိုဘာ(၃၁)ရက်မှ စတင်ပြီး တောင်ကြီးအထိ ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရာဂီမုန်တိုင်းကြောင့် ပျ-က်ဆီးခဲ့သည့် သာစည် – ရွှေညောင် – တောင်ကြီးရထားလမ်းပိုင်းကို ပြုပြင်မှုများ လုပ်ဆောင်ပြီး ယခုနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စတင်ကာ အပတ်စဉ် သောကြာနေ့နှင့် အစုန်ရထားကို တနင်္လာများတွင် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခအနေဖြင့် ရိုးရိုးတန်းငွေကျပ် (၁၂,၀၀၀) ကျပ်၊ အထက်တန်း အတွက် ငွေကျပ် (၁၄,၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရွှေညောင် – တောင်ကြီး ရထားလမ်းပိုင်းအတွင်း ရာဂီမုန်တိုင်းကြောင်း ပျ-က်ဆီးခဲ့သည့် အေးသာယာ-ပေါမူ -ထီသိမ်ဘူတာအကြား ရထားလမ်းပိုင်းပြုပြင်ခြင်းများလည်း အောက်တိုဘာ(၂၇)ရက်တွင် ဆောင်ရွက်ပြီးဖြစ်ကာ အောက်တိုဘာ(၂၈)ရက်တွင် စမ်းသပ်မောင်းနှင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တန်ဆောင်တိုင်မီးပုံပျံပွဲတော် ကျင်းပမည်ကာလအတွင်း ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ ရူခင်းများကို ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး SIght Seeing ရထားအထူးခရီးစဉ်အဖြစ် နိုဝင်ဘာ (၁) ရက်မှ (၄)ရက်အထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသ ည်။
တောင်ကြီး-ပေါမူ ခရီးစဉ်ကိုလည်း ယခင်အတိုင်းအပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ပုံမုန်ပြေးဆွဲပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
တောင်ကြီး- ပေါမူခရီးစဥ်သည် ပြေးဆွဲချိန် (၁)နာရီခွဲခန့်ကြာမြင့်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားအနေဖြင့် အထ က်တန်းအတွက် တစ်ဦးလျှင်ငွေကျပ်(၁၀,၀၀၀) နှင့် ရိုးရိုးတန်းအတွက် တစ်ဦးကို ငွေကျပ်(၅,၀၀၀)ဖြစ်ကြောင်း သိရသည်။
