မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရန် အတွက် အမှုဆောင်အဖွဲ့တွင် လစ်လပ်နေသော ဥက္ကဌတာဝန်ကို သရုပ်ဆောင် ခန့်စည်သူက ဆောင်ရွက် သွားမည်ဖြစ်တယ်လို့ သိရပါတယ်။
ခန့်စည်သူကို ဥက္ကဌ ရာထူးရွေးချယ်လိုက် ရတဲ့ အကြောင်း နဲ့ပတ်သက်ပြီး ရုပ်ရှင် အစည်းအရုံး အဖွဲ့ အဝင် တစ်ဦးဖြစ်တဲ့ ဦးဝင်းမြိုင် ကပေါ်ပြူလာ ဂျာနယ်ကို အခုလိုပဲပြောကြားခဲ့ပါတယ်။”
အစည်းအရုံး ဥက္ကဌဦးဇင်ဝိုင်း ထွက်သွားပြီးတဲ့အချိန်မှာ ဦးညီညီထွန်းလွင်က နောက်ထပ်ရွေးကောက်ပွဲ မတိုင်ခင်အထိ ထိန်းပေး ထားတာပေါ့နော်။ အဲ့ဒီမှာ ဦးညီညီထွန်းလွင်က ကျန်းမာရေး မကောင်းတဲ့အခါကျတော့ ဒီမှာကလည်း ဖိအားတွေ အရမ်းများတော့ မလုပ်နိုင်တော့ဘူး။ အဲ့ဒီတော့ဒီနေရာမှာ အစည်းအရုံးအနေ နဲ့ဥက္ကဌ တစ်ယောက် မရှိလို့ မရဘူး။ အဲ့ဒါနဲ့လောကသားတွေရွေးကောက် တင်မြောက်ထားတဲ့ အမှုဆောင်တွေ ထဲကပဲ ထပ်တင်မြှောက်ရမယ် ဆိုတော့ အခုလောလောဆယ်မှာ ဥက္ကဌ ထွက်သွားရင် တက်လာရမယ့်သူတွေ ရှိတာပေါ့နော်။ တကယ့် ဥက္ကဌနေရာ သွားရမှာက လူ ၄ယောက်ရှိတယ်။ တဆင့်နဲ့တဆင့် ကလည်းရှိတော့ အကုန်လုံးရဲ့ သဘောတူညီမှု နဲ့ရွေးလိုက်တဲ့ အခါကျတော့ အရင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ခန့်စည်သူကို တင်မြောက် ကြတာ ပဲဖြစ်ပါတယ်။ ပထမတော့ ကိုခန့် အနေနဲ့ကလည်း တော်တော်လေး ရင်ဆိုင်ရမှာဖြစ်တဲ့ အတွက် အစည်းအရုံးမှာလည်း ဥက္ကဌနေရာ လိုအပ်တာဖြစ်တဲ့အတွက် သူ့ကို ဥက္ကဌ တင်မြောက်လိုက်ခြင်းဖြစ်ပါတယ်လို့ ဦးဝင်းမြိုင်ကပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကို ၁၉၄၆ ခုနှစ်ကနေ အသီးသီး စတင်ဆောင်ရွက် ခဲ့ကြတာဖြစ်ပြီး ၂၀၁၂-၂၀၁၄မှာ ဦးဇင်ဝိုင်း၊ ၂၀၁၄-၂၀၁၇ခုနှစ်မှာ ဦးလူမင်း၊ ၂၀၁၇-၂၀၁၉ခုနှစ်မှာ ဦးဇင်ဝိုင်း၊ ၂၀၁၉-၂၀၂၁ အလယ်လောက်ဦးညီညီထွန်းလွင် တို့ဟာ ရုပ်ရှင် အစည်းအရုံး ရဲ့ ဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့တာဖြစ်ပြီး ယခုနှစ်၂၀၂၁၊ ဇွန်လမှ စတင်ကာ ဥက္ကဌ ရာထူးကို သရုပ်ဆောင် ခန့်စည်သူက ဆောင်ရွက်သွားမှာဖြစ်တယ် လို့သိရပါတယ်။