Wednesday, June 11, 2025

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊...

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး...

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊...

ငလျင်သင့် ပြည်သူများအတွက် KBZ Center...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အထူးချေငွေဌာနများ...

မိုးများ၍ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေ

ယခုရက်သတ္တပတ်အတွင်း သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နေကြောင်း သိရသည်။ “မနေ့ညကနေ တစ်ညလုံးရွာတာ။ ရေဝင်တာ၊ ရေတက်တာလည်း မြန်တယ်။ အိမ်ထဲ...
HomeNewsLocal Newsသရက်ချောင်းမြို့နယ်ရှိ အ.ထ.က(ညောင်ဇင်) မီးရှို့ဖျက်ဆီးခံရ

သရက်ချောင်းမြို့နယ်ရှိ အ.ထ.က(ညောင်ဇင်) မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ညောင်ဇင်ကျေးရွာရှိ အ.ထ.က(ညောင်ဇင်)အား လက်နက် ကိုင်အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၃ ရက်မွန်းလွဲပိုင်းက မီးရှို့ဖျက်စီးခဲ့ကြသည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ယင်းနေ့မွန်းလွဲပိုင်းက သရက်ချောင်းမြို့နယ်၊ညောင်ဇင်ကျေးရွာရှိ အ.ထ.က(ညောင်ဇင်) ကျောင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ကျေးရွာနေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးက ၁၂ နာရီခွဲလောက်ထဲကစပြီးလောင်နေတာ အဲဒီရွာကတစ်ယောက်က ကျွန်တော်တို့အသင်းကိုဖုန်းဆက်ပြီးအကူအညီတောင်းတာနဲ့ချက်ခြင်းသွားပြီး မီးဝိုင်းငြှိမ်းခဲ့တာပါ အဲဒီကျောင်းက အ ခြေအနေအရ ပိတ်ထားတဲ့ကျောင်းပါ”ဟု သရက်ချောင်းမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင်မီးငြိမ်းသွားခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နှင့်ခန်းမ ၁ ဆောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အ.ထ.က(ညောင်ဇင်)သည် ယာယီပိတ်ထားသည့်ကျောင်းဖြစ်ကာ ညောင်ဇင်ကျေးရွာမှ ကျောင်း သား၊ကျောင်းသူများသည် ထားဝယ်မြို့ရှိ စာသင် ကျောင်းများနှင့်ညောင်ဇင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သင်ကြားနေကြကြောင်း သိရသည်။

ဖြစ်စဥ်မှ စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြသူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊ မြေပြင် အသက်ကယ်သင်တန်း ဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ကယ်ဆယ်ရေးရေပြင်၊ မြေပြင်အသက်ကယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅ ) - သင်တန်းဆင်းပွဲးကို ဇွန် (၉) ရက် ညနေပိုင်းတွင် သာကေတမြို့နယ်ရှိ လူငယ်စင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အစီအစဉ်အရ သင်တန်းဖွင့်လှစ်ခဲ့မှု မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာကော်မတီမှ ပံ့ပိုးငွေကျပ် ဆယ်သိန်းလှူဒါန်း...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး လေပြင်းတို-က်နိုင်

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး...

ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးမည်

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အထူးချေငွေဌာနများ ဖွစ်လှစ်ရခြင်းသည် ငလျင်ဘေးသင့်ပြည်သူများ အိမ်ယာအမြန်ဆုံးတည်ဆောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်နိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ချေးငွေအမျိုးအစားများအဖြစ် KBZ Bank ၏ သီးသန့် Home Loan အထူးချေးငွေဌာန (နှစ်ရှည်)၊ အထူးချေးငွေဌာန (SME အလျင်အမြန်) နှင့် Corporate Loan ထုတ်ချေးမှုတို့ပါဝင်ကြောင်း သိရသည်။ ချေးငွေရယူသူများအား Center...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071